onsdag den 10. april 2013

မင်းရဲကျော်စွာလမ်းမှာရှိတဲ့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ကျင်းပတဲ့အစည်းအဝေး




ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ   အသင်းချုပ် UMFCCI မှာ ကျင်းပတဲ့အစည်းအဝေး ကို ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ
ဦးရွှေမန်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေတက်ရောက်ဆွေးနွေးခဲ့ရာမှာ      ဒေါ်အောင်ဆန်းစုကြည် က
အခု အစိုးရအနေနဲ့ ပြည်သူတွေကို အကောက်ခွန် ပေးဆောင်ချင်စိတ်ရှိလာစေဖို့ ရှင်းရှင်းလင်းလင်း နားလည်အောင် ရှင်းပြဖို့လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။

ကျမတို့ အကောက်အခွန်ကောက်တဲ့ ယဉ်ကျေးမှုတစ်ခုကို  ကျမတို့နိုင်ငံမှာ ထူထောင်မယ်ဆိုလို့ရှိရင်
 ပြည်သူလူထုကို အကောက်အခွန်များကောက်ခြင်းဟာ   ပြည်သူများအကျိုးအတွက် ဖြစ်တယ်ဆိုတာ
ကို ရှင်းရှင်းလင်းလင်း နားလည်ရမယ် သိနိုင်ရမယ်။ ဒီလိုရှင်းရှင်းလင်းလင်းသိနိုင်ဖို့၊ နားလည်ဖို့ ရှင်းပြ
ဖို့ဟာလည်း အုပ်ချုပ်တဲ့သူများ    အခွန်ကောက်တဲ့သူများရဲ့တာဝန်ဖြစ်ပါတယ်။ အခွန်နဲ့ပတ်သက်လို့ တရားဥပဒေအရ ပြည်သူလူထုကနေလုပ်ဖို့ဆိုလို့ရှိရင်  ပြဌာန်းလိုက်တဲ့ဥပဒေများဟာ  အများပြည်သူ
အတွက် လက်ခံနိုင်စရာ သင့်တော်တဲ့ အခွန်အကောက်တွေ၊ ဥပဒေတွေဖြစ်ရပါ့မယ်။

စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့တွေကလည်း သူတို့ကြုံတွေ့နေရတဲ့ အခွန်စနစ်တွေနဲ့ အခက်အခဲတွေ
ကို တင်ပြခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက       အကောက်ခွန်ကိစ္စရပ်တွေကို
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့  ညှိနှိုင်းဆွေးနွေးပြီး      သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့   ပူးပေါင်းလုပ်
ဆောင်သွားမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။
ဒီကနေ့တွေ့ဆုံပွဲကို လွှတ်တော်က  ဖွဲ့စည်းထားတဲ့ကော်မတီတွေ၊ ကော်မရှင်တွေ၊ လွှတ်တော်ကိုယ်
စားလှယ်တွေ၊ UMFCCI ကတာဝန်ရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့ ၃၀၀ ခန့် တက်ရောက်
ခဲ့ပါတယ်။

Ingen kommentarer:

Send en kommentar