tirsdag den 14. januar 2014

ကျနော့်စိတ် ( အမေများနေ့သို့ အမှတ်တရ ) ကျနော့်စိတ် ( အမေများနေ့သို့ အမှတ်တရ ) ကျနော်ဟာ....အမေများရဲ့ ဂုဏ်ဘွဲ့ထူးကို ပိုင်ဆိုင်ထားကြတဲ့ ရိုးသားတဲ့ အမေများစွာကိုချစ်တယ်။ ကျနော်ဟာ သားသမီးတွေရဲ့ လိုအင်ဆန္ဒဟူသမျှကို ဖြည့်ဆီးပေးချင်တဲ့ ရှေ့ဆောင်လမ်းပြကောင်း အမေများစွာကိုချစ်တယ်။ ကျနော်ဟာ....သားသမီးတွေဘယ်လောက်ပင်ဆိုးဆိုး သားသမီးတွေဘယ်လောက်ပင် ပေတေစေကာမူ အနွံတာခံစိတ်ထားရှိကြတဲ့ အမေများစွာကိုချစ်တယ်။ ကျနော်ဟာ သားသမီးတွေအပေါ်ရယူမှုမရှိ ပေးဆပ်ချင်းသာ ရင်ဝယ်ထွေးပိုက် အနစ်နာခံစိတ်ရှိတတ်ကြတဲ့ အမေများစွာကိုချစ်တယ်။ ကျနော်ဟာ တစ်ဂိုဏ်းထဲနှိုင်းပြီး ဖြူစင်စိတ်ထားရှိကြတဲ့ ကျေးဇူးရှင် အမေများစွာကိုချစ်တယ်..။ ( ကိုဗလိုင် ) အမေများနေ့ကို ဤကဗျာဖြင့် အမေများစွာကိုဂုဏ်ပြုအပ်ပါသည်။


Ingen kommentarer:

Send en kommentar