အရှေ့ဆီမှာ ရောင်နီသန်းလို့လာပြီ ( ဒေါ်အောင်ဆန်းစုကြည်ရဲံမွေးနေ့အား ဤကဗျာဖြင့်ဂုဏ်ပြုအပ်ပါသည် )
19. juni 2014 kl. 01:02

သြဘာသံတွေပြည့်လျှံ
ဟော....ဟိုရှေ့နားက လူအုပ်စုရဲ့အသံ
We love ဒေါ်အောင်ဆန်းစုကြည်
ဒေါ်စု ကျမ္မာပါစေ ချမ်းသာပါစေ
ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော်ရှည်ပါစေ၊
ကျမလည်း ပြည်သူ့ကိုချစ်ပါတယ်၊
ဒေါ်စုနဲ့ ပြည်သူ- ရင်တွင်းဖြစ်စကား အပြန်အလှန်ဆိုကြနေလေ...ရဲ့။
ယုံမကြည်နိုင်လောက်အောင်ပါပဲ
မလွတ်ခင်ကလည်း ကြို
လွှတ်ပြီးတော့လည်းပိုလာတာဟာ
သူမရဲ့မေတ္တာအစွမ်းကမ္ဘာကိုလွှမ်းတာ ပြသလိုက်သလိုပါပဲ။
တချို့.....ကင်မရာတွေ တကိုင်ကိုင်နဲ့
မီဒီယာနဲ့ စကားတွေဆို၊
တချို့....ဝမ်းသာလွန်းတော့ စကားမဆိုနိုင်၊
တချို့....ပါးပြင်ထက်မှာ မျက်ရည်တွေစို၊
ဒီလူတွေနဲ့ ဒေါ်စုရဲ့ ချစ်ခြင်းဘယ်သူခွဲခွဲ ကွဲရိုးတဲ့....လား။
မိခင်တစ်ယောက်လိုအားကိုး
ဖခင်နေရာမှာ အစားထိုးခံခဲ့ရတဲ့ ဒေါ်စု
သူမဆီမှာ......အောင်ဆန်းရဲ့လမ်းစဉ်
ဗိုလ်ချုပ်ရဲ့ စိတ်ဓါတ်ခွန်အားတွေ အပြည့်ရှိတယ်။
ဟော....ဟိုရှေ့ဆီမှာရောင်နီလေးသန်းလို့လာပြီး
ငါ့တို့အားလုံး စိတ်သစ်အားမာန်နဲ့
အမေ့ကိုဖေးကူ NLD ကိုဝန်းရံပြီး
ရည်ရွယ်ရာပန်းတိုင်ဆီကို
မရောက်အရောက် တက်လှမ်းကြပါ...စို့။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ေ
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့်....ဒေါ်အောင်ဆန်းစုကြည်အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။
( ကိုဗလိုင် )


Ingen kommentarer:
Send en kommentar