torsdag den 12. marts 2015

ဟားတိုက်ပြီးရယ်နေလိမ့်မယ် ( မြန်မာလူ့အခွင့်အရေးနေ့ အမှတ်တရ )

ဟားတိုက်ပြီးရယ်နေလိမ့်မယ် ( မြန်မာလူ့အခွင့်အရေးနေ့ အမှတ်တရ )



ခေတ်အဆက်ဆက်ပါပဲ


ရဟန်း, ရှင် , လူ, ကျောင်းသား, ပြည်သူတွေသွေးမြေကျ ခဲ့ရင်


အငြိုးတေးတွေမထားပဲ ငါ့နိုင်ငံ ငါ့လူမျိုးအတွက်


ပေးဆပ်နေတာပဲလို့ခံယူကာ


ခင်ဗျားတို့အပေါ်နားလည်ခွင့်လွှတ်ပေးခဲ့ကြတယ်။


ခင်ဗျားတို့ကတော့- ဗျာ


အငြိုးအတေးတွေထားပြီး


ခပ်ကြမ်းကြမ်းခပ်ရမ်းရမ်း တုန့်ပြန်နေတုန်းပါပဲလား။


ကျုပ်တို့ကသာ ခင်ဗျားတို့လိုမျိုး


အငြိုးအတေးတွေထားပြီး လက်တုန့်ပြန်ခဲ့ရင်


ဒီလောကမှာ ခင်ဗျားတို့မျိုးဆက်တွေပျောက်ကုန်ရောပေါ့။


အခုလည်းပဲ.....


ရန်လိုအမုန်းပွါးလုပ်ရပ်တွေနဲ့ အကြမ်းဖက်နေတာဘယ်သူတွေလဲ၊


တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိုနှောက်ယှက်ဖျက်ဆီးနေတာ ဘယ်သူလဲ၊


တိုင်းပြည်ကိုချောက်နက်နက်ထဲတွန်းချနေတာလဲ- ဘယ်သူတွေလဲ၊


အဲဒါ.......ခင်ဗျားတို့ပဲလေ။


နိုင်ငံရဲ့ တရားရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေပျက်ဆီး


နိုင်ငံရဲ့ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတာတွေယိုယွင်းနေချိန်မှာ


ခင်ဗျားတို့ကတော့ မိတ်ဆုံစားပွဲတွေမှာ


အကောင်းဆုံးအရက်တွေချ ပြီး


ဇိမ်ခံကားစီးကာ


စားကောင်းသောက်ဘွယ်တွေနဲ့ ဇိမ်ကျနေမြဲပဲလေ။


မသိချင်ယောင်ဆောင်မနေကြပါနဲ့


သေမင်းလက်ပုခုံးပုတ် မခေါ်ခင်


လောကကောင်းကောင်းကျိုး ခင်ဗျားတို့တတွေသယ်ပိုးသင့်ပြီး။


နောင်ဘဝအတွက် ခင်ဗျားတို့နဲ့ ကျနော်တို့ရဲ့ ရိက္ခာအစစ်မှန်ဟာ


လောကကောင်းကျိုး ထမ်းသယ်ပိုးခြင်းပဲ။


အဲဒီလိုမှမဟုတ်ပဲ ဆိုးမြဲတိုင်းဆိုး


မိုက်မြဲတိုင်းဆက်မိုက်နေကြဦးမယ်ဆိုရင်


ငရဲပြည်ကိုကြိုရောက်နေနှင့်တဲ့ ခင်းဗျားတို့ရဲ့လက်ဦးဆရာ


တနှာရှူး နှာဘူး ဗိုလ်နေဝင်းက


ငါ့ထက်မိုက်တဲ့ ငါတပြည့်တွေ ရောက်လာကြတော့မလားဆိုပြီး


ခါးထောက်ကာ ဟားတိုက်ပြီးရယ်နေလိမ့်မယ်။


( ကိုဗလိုင် )

Ingen kommentarer:

Send en kommentar