ကျနော့်စိတ် ( အမေများနေ့သို့ )

အမေများရဲ့ ဂုဏ်ဘွဲ့ထူးကိုပိုင်ဆိုင်ထားကြတဲ့
ရိုးသားဖြူ စင်တဲ့ အမေများစွာကိုချစ်တယ်။
ကျနော်ဟာ.....
သားသမီးတွေရဲ့ လိုအင်ဟူသမျှ ဖြည့်ဆီးပေးချင်တဲ့
ရှေ့ဆောင်လမ်းပြကောင်းတွေဖြစ်တဲ့ အမေများစွာကို ချစ်တယ်။
ကျနော်ဟာ.....
သာသမီးတွေဘယ်လောက်ပင်ဆိုးဆိုး
သားသမီးတွေဘယ်လောက်ပင် ပေတေတေ
အနွံတာခံစိတ်ထားရှိကြတဲ့ အမေများစွာကိုချစ်တယ်။
ကျနော်ဟာ..... သားသမီးတွေအပေါ် ရယူမှုမရှိ
ပေးဆပ်ချင်းသာရင်ဝယ်ထွေးပွေ့ပြီး အမြဲတစေ
အနစ်နာခံလိုစိတ်ရှိကြတဲ့ အမေများစွာကိုချစ်တယ်။
ကျနော်ဟာ.....တဂိုဏ်းထဲနှိုင်းပြီး
ဖြူ စင်စိတ်ထားရှိကြတဲ့ အမေများစွာကိုချစ်တယ်..။
( ကိုဗလိုင် )
အမေများနေ့သို့....ဤကဗျာဖြင့် အမေများစွာကိုဂုဏ်ပြုအပ်ပါသည်။
Ingen kommentarer:
Send en kommentar