fredag den 2. maj 2014

စဉ်းစားကြည့်ပေါကွာ မင်းသာငါ့တို့နေရာမှာဆို ( နာဂစ် ၆ နှစ်ပြည့်အမှတ်တရ )

စဉ်းစားကြည့်ပေါကွာ့ မင်းသာငါ့တို့နေရာမှာဆို ( နာဂစ် ၆ နှစ်ပြည့်အမှတ်တရ )




နာဂစ်ကိုလည်ပင်းညစ်

နှစ်ထောင့်ရှစ်ဖွဲ့စည်းပုံဟာ မျိုးမစစ်ပဲ

အဲဒီကာလမှာ မွေးဖွါးခဲ့တယ်။

အဲဒီညမှာ ဝိဥာဏ်တော်တော်များများ

သူတို့နေတဲ့ကျေးရွာတွေကို ကြည့်ပြီး

အရမ်းကို တုန်လှုပ်ခြောက်ခြားသွားတယ်။

ဘယ်သူမျှော်လင့်ထားကြမလဲ

ဆိုင်းမဆင့် ဗုံမဆင့်ပဲ

တရွာလုံးကို သိမ်းကြုံးပြီး အပါခေါ်သွားမှာ။

အဖေလည်းသေတယ် အဖိုးလည်းသေတယ်၊

ငါ့ညီ- ငါ့အကို၊ ငါ့ကြက်- ငါ့ဝက်

ငါ့ဘဲ- ငါ့ဆိတ်၊ ငါ့ခွေး- ငါ့ကြောင်

သူတို့တတွေအကုန်လုံး နှိုးမထခင်မှာ

အငြိုးကြီးကြီးနဲ့ မပြန်လမ်းကိုခေါ်ထုတ်သွားတော့

စဉ်းစားကြည့်ပေါ့ကွာ မင်းသာငါ့တို့နေရာမှာဆို။

အဲဒီတုန်းက မသေလို့ကျန်နေခဲ့တဲ့

ငါတို့ရွာသူ/သားတွေကို အကူညီမပေးဖို့

ဟိုလူအကြီးဆုံးက မောင်းထုတ်ခဲ့တယ်။

ကယ်သူမယ့်နေတဲ့ ငါတို့ကျွန်းသူ ကျွန်းသားတွေဟာ

အဲဒီတုန်းက စားစရာဘာမှမရှိ၊ သောက်စရာ ငံကျိ ကျိ ရေနဲ့

ဖြစ်သလိုနေကာ အပယ်ခံဘဝကိုရောက်ခဲ့ကြတယ်။

မကူညီချင်နေပါ အုပ်ချုပ်သူတို့

အဲဒီတုန်းက.....မနေနိုင်လို့ ဆီဆန်ပေးတဲ့သူကို မောင်းထုတ်

အလောင်းကောက်သူကို ရန်ပြု

စဉ်းစားကြည့်ပေါ့.....ဗျာ

အဲဒီနေ့က ဝိဥာဏ်တော်တော်များများ

ကယ်သူမဲ့တဲ့

သူတို့နေတဲ့ကျေးရွာတွေကို ကြည့်ပြီး

ယူကြုံးမရ ကြေကွဲဝမ်းနည်းပူဆွေးကာ

အရမ်းကို တုန်လှုပ်ခြောက်ခြားနေကြတယ်။

( ကိုဗလိုင် )

ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ ၆ နှစ်ပြည့် နာဂစ်နေ့အမှတ်တရ..။



 
 

Ingen kommentarer:

Send en kommentar