ဘယ်လိုမေ့ဖျောက်ပစ်လို့ရနိုင်မလဲ.....ညီမလေးရေ

ဘယ်လိုမေ့ဖျောက်ပစ်လို့ရနိုင်မလဲ.....ညီမလေးရေ။
ကျနော်ထင်တယ်.....ပေးဆပ်ခဲ့တဲ့ ဝိဥာဏ်တွေဟာ
ကနေ့နိုင်ငံရေးကစားကွင်းကိုကြည့်ပြီး ဟားတိုက်လို့ရီနေကြလိမ့်မယ်.....အမေ။
အဲဒီတုန်းက အမြစ်ပြတ်ခဲ့မယ်လို့ ယူဆထားတဲ့အာဏာရှင်တွေဟာ
တဗိုလ်တက် တစ်ဗိုလ်ဆင်းနဲ့
ကနေ့ချိန်ထိ မင်းမူလို့အုပ်ချုပ်ထားစဲပါ.....အမေ။
နောက်ကွယ်ကကြိုးဆွဲ အဓိကရုဏ်းတွေဖန်တီး
မပြောင်းချင်သူတွေဟာ အာဏာရမက်ကိုဖက်တွယ်လို့နေထားစဲပေါ့..။
ညီမလေးတို့ တာဝန်ကျေပါတယ်။
ပေးဆပ်မှရမယ့်ဒီပွဲ တွေဝေသူတွေများနေတော့
လွတ်လပ်မှအမျှဝေဆိုတဲ့ ညီမလေးရဲ့စကား
နောက်ဘယ်လောက်ထိ ဆက်စောင်ရပါ့ဦးမလဲ။
ဘာပဲဖြစ်ဖြစ် အမျှမဝေလည်း
ညီမလေးလိုလူတွေ ကောင်းရာသုဂတိလားကြမှာပါ..။
( ကိုဗလိုင် )
၁၈. ၉. ၁၀၁၄ နံနက် ၁၁ နာရီ ၂၇ မိနစ်ရေးဖွဲ့သည်။
( ကျဆုံးသွားသူများ.......ကောင်းရာသုဂတိလားပါစေ..။ )
Ingen kommentarer:
Send en kommentar