tirsdag den 30. september 2014

ဒုက္ခဝေဖြာ- ပြည်မြန်မာ

ဒုက္ခဝေဖြာ- ပြည်မြန်မာ



အနာဂတ်တွေပျောက်ဆုံး

သုခမဲ့လမ်းထက်ဆီမှာ

ငိုမနေနဲ့တော့.....ညီမလေးရေ။

သူတို့တတွေဟာ.....သမိုင်းကပေးတဲ့

သင်ခဏ်းစာတွေကိုလည်းမရယူ

ယူဖို့လည်းစိတ်မကူး ကနေ့ထိတိုင်

တစိတ်ဖြစ် ထစ်ကနဲဆို

လက်နက့်အားကိုးဖြေရှင်းနေမှတော့

ဘယ်မှာလဲငြိမ်းချမ်းရေး ဘယ်မှာလူ့အခွင့်အရေး

ဒီမြေဟာ စစ်ရနံ့တွေလွှမ်းရစ်ခြုံ သိုင်းထားတဲ့

မငြိမ်းချမ်းတဲ့ တိုင်းပြည်ဆိုတာ

တချိန်ကအဘိုးပြောခဲ့တာမမှားဘူး....... ညီမလေး။

အမှားများစွာနဲ့ နပန်းလုံးသတ်

ဒီခေါင်းဆောင်တွေကြောင့်

သွေးချင်းတွေရဲ့ ဘဝပေါင်းများစွာ

ဒုက္ခဝေဖြာ ပြည်မြန်မာဟာ

တတိုင်းပြည်လုံး ညက်ညက်ကြေခဲ့ရပြီပေါ့......ညီမလေးရေ။


( ကိုဗလိုင် )

Ingen kommentarer:

Send en kommentar