søndag den 12. oktober 2014

တွေးမိလေတိုင်း မျက်ရည်ဝိုင်းပြီး စိတ်ထဲမကောင်းဘူး- တူလေးရေ

တွေးမိလေတိုင်း မျက်ရည်ဝိုင်းပြီး စိတ်ထဲမကောင်းဘူး- တူလေးရေ



အာဏာရမ္မက် ငန်းငန်းတက်ပြီး

လူ့အသိစိတ်ကုန်ခမ်းနေကြတဲ့ လူမဆန်တဲ့စစ်ခေါင်းဆောင်တွေကြာင့်

မြန်မာပြည်မှာ ဒုက္ခမျိုးစုံမိုလိုပေါက်ခဲ့ရတယ်....တူလေးရေ။

စာအန်သံတွေမကြားရ....

ပျော်ရွှင်မှုတွေဆိတ်သုန်းနေတဲ့ ငါတို့နေတဲ့တောကျေးရွာမှာ

စစ်မီးတွေကဟုန်းဟုန်းတောက် နေအိမ်တွေထက် ဗုံးဆံမိုးရွာဖြိုး

ပြည်သူ့ရန်ဆို နေဝင်းစစ်အာဏာသိမ်းပြီးကတည်းက

ဘယ်တုန်းအခါကမှ မကာကွယ်တဲ့ တပ်မတော်ဟာ

ဒို့အရေးတာဝန် ၃ ပါးကို အခုချိန်ထိ လျှာရိုးမရှိတိုင်းဇွတ်အော်

ချောက်ထဲကျလုလု မြန်မာပြည်ကိုကယ်တင်ခဲ့တာ ကျူ ပ်တို့ပဲ......တဲ့။ " ထွှီး "

တဖက်မှာလည်း....

လက်နက်ကိုင်လမ်းစဉ်ဆိုပြီး တော်လှန်စစ်ကိုမဆင်နွဲ

ခုခံစစ်နဲ့မွေ့ပျော် အဲဒီ- စစ်အာနိဌါရုံကြောင့်

ဒုက္ခဘေးဆိုးတွေ့နေကြတဲ့ တို့တိုင်းရင်းသားညီအကိုတွေကို

မကြေနပ်ရင်လည်းဟောတစ်ယောက် ဟောတစ်ယောက်နဲ့

ဖောက်ပြန်နေသူတွေက အသေသတ်နေပြန်တယ်......တူလေးရေ။

ဒို့အရေးတာဝန် ၃ ပါးအောက်မှာ လုံးပါး- ပါးနေတဲ့ တို့ပြည်သူတွေ

ရောင်စုံသူပုန်ပေါပါလျှက်နဲ့ မလွတ်မြောက်သေးတဲ့ တို့တိုင်းပြည်ဟာ

အကျည်းတန်ပြီး အထီးကျန်နေတာလည်းကြာခဲ့ပြီပေါ့.....တူလေးရေ။

ဒီပြည်တွင်းစစ်ကြောင့် လူတွေဟာသေပျောက်- ကျိုးကန်း

ရိုးသားတဲ့ တို့ရဲ့တိုင်းရင်းသူတွေကိုစော်ကား

လူသားတွေကိုမိုင်းရှင်းကရိယာအဖြစ်အသုံးပြု

အဲဒီပြည်တွင်းစစ်ဟာ အရုပ်ဆိုးအကျည်းတန်မှန်းသိပါရဲ့နဲ့

ဘာရယ်ကြောင့်များ

စစ်မက်တွေဖြစ်ပွါးနေကြသလဲ.....ဆိုတာ

တွေးမိလေတိုင်း မျက်ရည်ဝိုင်းကာ စိတ်ထဲမကောင်းဘူး.....တူလေးရေ။

အခုလည်းကြည့်လေ....အပစ်ရပ်ရေးဆိုပြီး

ဆွေးနွေးနေလိုက်ကြတာ နောက်ဆုံးမတော့

စစ်ဘေးဒဏ်ဘဝနဲ့ စစ်ပြေးစစ်ရှောင် လူလုံးမလှ အပူလုံးကမကျ

ယူကြုံးမရခဲ့တာလည်း တို့ပြည်သူတွေပဲမဟုတ်လား....တူလေးရေ။

( ကိုဗလိုင် )

( ကိုဗလိုင် )


 


Ingen kommentarer:

Send en kommentar