torsdag den 10. april 2014

အတာ့ကို လွမ်းတယ်

အတာ့ကို လွမ်းတယ်

11. april 2014 kl. 12:19




နှစ်သစ်ဦး အခါသမယရဲ့

ဒီနှစ်- ဒီအချိန် ဒီအခါကိုရောက်ရင်ပေါ့....လေ

မလွမ်းဘယ်သူ မဆွေးဘယ်သူရှိနိုင်မလဲ......အတာရေ။

သင်္ကြန်မိုးလေး မြေသင်းမွှေး

သင်းပြပြနဲ့ အဆင်းလှတဲ့

ပန်းပိတောက်တွေရွှေရည်လူးရင်ဖြင့်

မရောက်တာကြာပြီဖြစ်တဲ့ အတာသင်္ကြန်ဆီ

မပြောတာကြာပြီဖြစ်တဲ့ အတာ့အကြောင်း

တစ်နှစ်တခါဆိုပါတော့

အပေါင်းသင်းများစုမိတဲ့ ဒီအချိန်ခါဆို

ပြောရင်းလွမ်းရင်း သောက်ရင်းစားရင်း

အပျော်အားထက်

အလွမ်းအားကို ပိုနေပြန်တာပေါ့.....အတာ။

သြော်......ခုနှစ်ခါ အတာသင်္ကြန်ပွဲတော်မှာ

ဒို့ပြည်သူတွေ စိတ်နှလုံးချမ်းမြေ့စွာနဲ့

အတီးအမှုတ်အကခုန် သံချပ်တွေနဲ့

ပျော်ပဲပျော်နိုင်ကြမလားလို့ ဆိုပြီး

မချိရင်ထဲ ဝေဒနာတွေကဲ

သတိယှဉ်တွဲ ဝေဒနာတွေစဲပေမယ့်

ငါတို့တတွေဟာ

ဘယ်ဆီဘယ်ဝယ်ကိုရောက်ရောက်

သင်္ကြန်ကိုတမ်းတစိတ်က နှစ်စဉ်လိုလိုပါပဲ

အပျော်အားထက် အမိမြေကို

လွမ်းဆွေးစိတ်တွေက ပိုလို့နေစဲပါပဲ......အတာရေ။

( ကိုဗလိုင် )

ကဗျာနဲ့ လိုက်ဖက်တဲ့ အတာ့ပုံအား ခွင့်ပြုချက်ရယူပြီးဖြစ်သည်..။





နှစ်သစ်ကူးမှာ ဆင်းရဲသားပြည်သူအပေါင်း ဆင်းရဲဒုက္ခ

ဘေးဆိုးအထွေထွေမှ လွတ်မြောက်ကြပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ..။

Ingen kommentarer:

Send en kommentar