tirsdag den 22. april 2014

စံပြုထိုက်တဲ့ အာဂသတ္တိရှင်

စံပြုထိုက်တဲ့ အာဂသတ္တိရှင်

21. april 2014 kl. 17:33


မယိုင်မလဲ ခိုင်မြဲတဲ့စိတ်ဓါတ်နဲ့

အာဏာရှင်တွေကို တစက်မှအလျှော့မပေးပဲ

ပြောစရာရှိတာကို ပြတ်ပြတ်သားသား

မကြောက်မရွံ့နဲ့ ရှင်းရှင်းဘွင်းဘွင်း

ရဲဝံ့စွာထုတ်ဖော်ပြောကြားရဲတဲ့ သတင်းစာဆရာကြီး။

သူဟာ......နောက်ဆုံးထွက်သက်ထိ

အသက်ဆုံးတိုင် အာဏာရှင်တွေကို တိုက်ပွဲဝင်သွားဝင်သွားခဲ့တယ်။

သူဟာ.......နိုင်ငံရေးသမားတွေအတွက်

မကြောက်တရားကို ရိုက်သွင်းပေးခဲ့တဲ့ သူရဲကောင်း။

သူဟာ........ပြည်သူတွေအတွက်

ရှေ့ဆုံးကနေ မားမားမတ်မတ်

ရပ်တည်ပေးခဲ့တဲ့ ဂုဏ်ပြုထိုက်သူ- သူရဲကောင်း။

သူဟာ.......တိုင်းပြည်အတွက်

ရဲရဲဝံ့ဝံ့ အာဏာရှင်တွေကို

ထောက်ပြဝေဖန်ရဲတဲ့ ဘဝကိုပေးဆပ်ခဲ့သူ- သူရဲကောင်း။

ပြီးတော့......သူဟာ

ဒူးမထောက် လက်မမြှောက်ပဲ

အာဏာရှင်မှန်သမျှကို သက်ဆုံးထက်ထိတိုင် တိုက်ပွဲဝင်ရဲတဲ့

စံပြုထိုက်သူ အာဂသတ္တိရှင်

သတင်းစာဆရာကြီး ဦးဝင်းတင်မဟုတ်ပါတကား။

( ကိုဗလိုင် )

မယိုင်မလဲ ခိုင်မြဲတဲ့စိတ်ဓါတ်နဲ့ အာဏာရှင်တွေကို တစက်မှအလျှော့မပေးပဲ

ပြောစရာရှိတာကို ပြတ်ပြတ်သားသားမကြောက်မရွံ့နဲ့ ဘွင်းဘွင်းရှင်းရှင်း

ရဲဝံ့စွာထုတ်ဖော်ပြောကြားရဲတဲ့ သတင်းစာဆရာကြီးဦးဝင်းတင် ကျဆုံးသွားတဲ့

အတွက် များစွာယူကြုံးမရဖြစ်ရပြီး ကျန်ရစ်သူမိသားစုများနဲ့ထပ်တူ ဝမ်းနည်းကြေ

ကွဲမိပါတယ်။ သတင်းစာဆရာကြီးဦးဝင်းတင်....ကောင်းရာသုဂတိလားပါစေ..။


 
 

Ingen kommentarer:

Send en kommentar