onsdag den 30. april 2014

ကျနော်ပြောပြမယ်.....ကျနော်နှိုင်းပြမယ်

ကျနော်ပြောပြမယ်.....ကျနော်နှိုင်းပြမယ်

30. april 2014 kl. 21:53


ယူကြုံးကလည်းမရ အပူလုံးကလည်းမကျ

တမ်းတမ်းသသနဲ့ ဖြစ်နေချိန်မှာ

လူတချို့ဟာ ဖေ့ဘွတ်ထက်ကနေ

ရိုင်းစိုင်းလောက်တဲ့အသုံးနှုန်းတွေနဲ့

ပေးဆပ်သူကိုစော်ကား စော်ကားသူတွေကိုရှင်းပစ်ဖို့

ခဏလောက်ပဲဖြစ်ဖြစ် ကျနော်အာဏာရှင်ကြီးဖြစ်ချင်တယ်။

အမြင်မတူတိုင်း သဘောထားချင်းမတိုက်ဆိုင်တိုင်း

သဘောထားတင်းမာသူတိုင်း ကွန်မြူ  နစ်ဖြစ်ရောလား..။

ကျနော်ပြောပြမယ်.....

အဘဦးဝင်းတင်သဘောထားတင်းမာတာမှန်တယ်၊

ဒါပေမယ့်.....သူဟာ ပြည်သူ့အရေးကိုရှေးရှုတယ်။

နိုင်ငံကောင်းစားရေးအတွက် ပြတ်သားခဲ့တယ်။

ပြီးတော့......အာဏာရှင်စနစ်ကို

အမြစ်ဖြတ်ချင်တဲ့စိတ်ထားလှလှ အဘဆီမှာရှိတယ်..။

ကျနော်နှိုင်းပြမယ်.....

အခုအပြောင်းအလဲကိုသွားနေပါတယ်ဆိုတဲ့

ဖားတပိုင်း ငါးတပိုင်းစစ်အုပ်စုထဲမှာ

သဘောထားတင်းမာပြီး အပြောင်းလဲကိုမလိုချင်တဲ့

တိုင်းပြည်နဲ့ လူမျိုးကောင်းစားတာကိုမလိုချင်တဲ့

ပြည်တွင်းစစ်မီး ငြိမ်းသွားမှာကိုမလိုချင်တဲ့

သန်းရွှေစစ်အုပ်ချုပ်မှုကိုလိုလားနေတဲ့ စစ်ခွေးတွေနဲ့ စာရင်

အဘရဲ့ရပ်တည်ချက်နဲ့ သူတို့တတွေရဲ့လုပ်ရပ်ဟာ

မိုးနဲ့ မြေ- ဆီနဲ့ ရေလိုပါပဲ..။

အခုတော့.....အဘဆုံးသွားတာတောင်

ကောင်းရာသုဂတိလားပါစေလို့....မပြောချင်နေ

ဒါပေမယ့်......အဘဆုံးသွားတာကို

မကောင်းပြောနေသူတွေရဲ့

စိတ်နေသဘောထားကိုတော့ ကျနော်အရမ်းအံ့သြမိတယ်....ဗျာ။

( ကိုဗလိုင် )

အဘဦးဝင်းတင် ကောင်းရာသုဂတိလားပါစေ..။

 

Ingen kommentarer:

Send en kommentar