lørdag den 1. november 2014

အောက်တိုဘာ ၃၁ ရက်နေ့တွေ့ဆုံဆွေးနွေးမှုအပေါ်- ဝေဖန်သုံးသပ်ထောက်ပြခြင်းနှင့် ကျနော့်အမြင်တင်ပြဆွေးနွေးခြင်း

အောက်တိုဘာ ၃၁ ရက်နေ့တွေ့ဆုံဆွေးနွေးမှုအပေါ်- ဝေဖန်သုံးသပ်ထောက်ပြခြင်းနှင့် ကျနော့်အမြင်တင်ပြဆွေးနွေးခြင်း



၁- အစည်းဝေးတက်ရောက်သူများအနေဖြင့် ၁၀ မိနစ်သာစကားပြောခွင့်ရရှိတဲ့အတွက်ကြောင့်.....ထိပ့်သီးအစည်းဝေးမမည်ကြောင်း။

၂- ဖွဲ့စည်းပုံပြု ပြင်ပြောင်းလဲရေးကို ဖွဲ့စည်းပုံဥပဒေနဲ့အညီလွှတ်တော်မှာဖြေရှင်ရှင်းဖို့ဆိုတာ....ချည်ပြီးတုတ်ပြီးသားပုံစံမျိုးသဘောသက်ရောက်ကြောင်း၊ ဘာဖြစ်လို့

လဲဆိုရင်၂၅ % ဟာ ရွေးကောက်ပွဲမဝင်ပဲလွှတ်တော်မှာနေရာရယူထားခြင်းကြောင့်လည်းကောင်း, ၇၅ % ကျော်မှသာလျှင် ဖွဲ့စည်းပုံပြင်ဆင်လို့ရမည်သောကြောင့်

လွှတ်တော်မှာဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် များစွာအခက်ခဲရှိနိုင်ပါတယ်။ (( ဒီနေရာမှာဖွဲ့စည်းပုံကိုမပြင်လိုသူများအနေနဲ့သိထားရမှာက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်

လူထုထောက်ခံမှုကိုရယူစရာမလိုတော့ပါ။ဥပမာအနေနဲ့ပြောရင်- လူထုက ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကိုတစစီဆွဲဆုတ်ပြီး မီးရွှုံ့ပစ်ခြင်နေသောကြောင့်ဖြစ်သည်။ ))

၃- သမ္မတမှ အခါအားလျှော်စွာတွေ့ဆုံဆွေးနွေးမှုပြုလုပ်ပေးမည်ဆိုသောစကားသည် မသေချာမရေရာသောစကားဖြင့်သည့်, တိုင်းပြည်၏ အထွေထွေ

အကြပ်တည်းများကို စိတ်ရင်းစေတနာကောင်းနှင့် တပ်မတော်ကော- အစိုးရဘက်ကပါဖြေရှင်းလိုစိတ်ရှိခဲ့ပါမူ....ယ္ခုကဲ့သို့တွေ့ဆုံဆွေးနွေးပွဲကို ၂ လတကြိမ်အနည်း

ဆုံးပြုလုပ်ပေးရမည်ဖြစ်ကြောင်း, ဥပမာအနေဖြင့် ထောက်ပြရလျှင်- ယ္ခု ပြုလုပ်ကျင်းပသည့် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးပွဲသည် ၄ နှစ်ကြာမှတခါတည်းသာပြုလုပ်

ကျင်းပခဲ့သည့်တွေ့ဆုံဆွေးနွေးပွဲဖြစ်သည့်အတွက်- နောက်ထပ်တကြိမ်တွေ့ဆုံဖို့ ၄ နှစ်တခါကြာနေဦးမယ်ဆိုရင် တိုင်းပြည်ရဲ့အထွေထွေအကြပ်တည်းများကိုဖြေရှင်း

ရာမရောက်သလို.....ပြည်သူတွေမျှော်ရည်မှန်းထားတဲ့ ရွှေပြည်တော်သည်လည်းမျှော်လေတိုင်းဝေးနေဦးမည်ဖြစ်သည်။

၎- အထွေကဏ္ဍမှာ နောက်တချိန်အားလုံးပူးပေါင်းပါဝင်နိုင်မယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့အတွက် အစည်းဝေးတက်ရောက်သူများမှ နောင်တွေ့

ဆုံဆွေးနွေးရန်အတွက် အချိန်တခုတောင်းဆိုသင့်ကြောင်း။

၅- တစ်ဦးလျှင် ၁၀ မိနစ်မျှလောက်နဲ့ တွေ့ဆွးနွေးပွဲသည် မြန်မာနိုင်ငံရဲ့လက်ရှိရင်ဆိုင်တွေ့ကြုံနေရတဲ့ အထွေထွေအကြပ်တည်းများကိုဖြေရှင်းလို့မရနိုင်ကြောင်း၊ ထို့ကြောင့်-

နောက်တချိန်အားလုံးပူးပေါင်းပါဝင်ဆွေးနွေးနိုင်မယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ မဖြစ်မနေအမြန်ဆုံးပြုလုပ်သင့်ကြောင်း။

၆- ယ္ခု- တွေ့ဆုံဆွေးနွေးပွဲသည် အလုံးစုံပါဝင်ဆွေးနွေးတက်ရောက်သည့်အစည်းဝေးမဟုတ်သဖြင့်- နောင်တကြိမ်အစည်းဝေးကို ၃- ၄ ရက်တန်သော်လည်းကောင်း

အနည်းဆုံး ၂ လတကြိမ်ပြုလုပ်သင့်သည်။

၇- တိုင်းပြည်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးဖို့အတွက် မလိုလားတော့သည့်ဥပဒေများကိုပြင်ဆင်ရန်အတွက် အချိန်ဆွဲနေခြင်းသည် သက်ဆိုင်သူများမှ ကြောက်ရွံ့ခြင်းနဲ့

မရိုးသားခြင်းကိုမီးမောင်းထိုးပြနေသလိုဖြစ်နေသည်။

၈- နိုင်ငံရေးပြသာနာများကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းခြင်းကိုအပြည့်အဝထောက်ခံကြိုဆိုသော်လည်း, တိုင်းရင်းသားဒေသများတွင် စစ်ပွဲများဆက်လက်မဖြစ်အောင်

ထိမ်းချုပ်ရမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားဒေသများတွင် စစ်တပ်မှစစ်အင်အားတိုးချဲ့နေခြင်းကို အမြန်ဆုံးပြန်လည်ရုပ်သိမ်းပေးရမည်။

၉- ဒီမိုကရေစီအရေးဖော်ဆောင်ရာမှာ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ဥပဒေပုဒ်မများကိုဖျက်သိမ်းပေးရမှာဖြစ်ပြီး၊ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက်ဆိုရင်လည်း

တိုင်းရင်းသားများရရှိရထိုက်တဲ့အခွင့်အရေးများကိုအလေးထား၍ အသိအမှတ်ပြု ပေးရမည်ဖြစ်ကြောင်း။

၁၀- ၂၀၁၅ နှစ်ဦးမှာ တနိုင်ငံလုံးအပစ်ရပ်ဖို့အတွက်ကြိုးပမ်းရာမှာ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ရမည်ဆိုသော တပ်မတော်ရဲ့ တဖက်သတ်ဆန်တဲ့သဘောထား

ကိုပြန်လည်ရုပ်သိမ်းပေးရမည်။

၁၁- အောက်တိုဘာ ၃၁ ရက်နေ့ဆွေးနွေးပွဲသည် အားရကျေနပ်မှုမရှိသလို.....မိမိဖြစ်ချင်တာကိုခေါ်ယူတွေ့ဆုံဆွေးနွေးသလိုဖြစ်နေသည်ဟုသုံးသပ်သည်။ ထို့ကြောင့်-

တိုင်းပြည်အေးချမ်းသာယာဝပြောရေးကိုမျှော်ရည်ပြီး အချိန်မဆွဲပဲ တွေ့ဆုံဆွေးနွေးပွဲကိုအမြန်ဆုံးဆက်လက်ခေါ်ယူကျင်းပပြုလုပ်သွားဖို့လိုအပ်ကြောင်း။

၁၂- နောက်ဆုံးအနေနဲ့ ကျနော့်အမြင်အားတင်ပြဆွေးနွေးလိုသည်မှာ.....ပြုပြင်ပြောင်လဲရေးလုပ်နေစဉ်ကာလတွင် ယုံကြည်မှုကိုတည်ဆောက်နေသည်ဟုအကြောင်းပြကာ

နှစ်ဖက်စလုံးမှ အချိန်မဆွဲထားသင့်ပေ။ ပြု ပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များအကောင်ထည်ဖော်ဆောင်ရာတွင် ပြည်သူလူထုရဲ့ယုံကြည်မှုကိုရရှိဖို့သာအဓိကဖြစ်ကြောင်းနဲ့

အချိန်ဆွဲ-အချိန်ဖြုန်းနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် မလိုလားအပ်ပဲအချိန်တွေ

ကုန်ဆုံးစေပြီး,တန်ဖိုးရှိတဲ့အချိန်တွေကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင်အသုံးချစေလိုကြောင်းကို နှစ်ဖက်

စလုံးအားသိစေအပ်ပါသည်။ ထို့အပြင်-၄၃၆ နဲ့ ၅၉ကိုလွှတ်တော်ထဲက ၂၅% ကပြင်ဆင်မယ့်အဆိုကိုငြင်းဆန်နေဦးမယ်ဆိုရင်....တိုင်းပြည်ရဲ့ နောင်ဖြစ်ပေါ်လာမယ့်

အထွေထွေအကြပ်တည်းများဖြစ်ပေါ်လာခဲ့ရခြင်း၏သမိုင်းတရာခံသည် ၂၅ % တပ်မတော်ကိုယ်စာလှယ်တွေသာဖြစ်ချေမည်။ အဲဒီအချိန်ခါကြမှ အထက်ကအမိန့်တွေ,

အောက်ကအမိန့်တွေလာမပြောနဲ့တော့....နောက်ကျသွားပြီးဆိုတာ ၂၅% တပ်မတော်သားများကိုအလေးနက်ထား၍ သိစေအပ်ပါသည်။


( ကိုဗလိုင် )



Ingen kommentarer:

Send en kommentar