onsdag den 26. november 2014

သက်ဆိုင်သူများသို့......

သက်ဆိုင်သူများသို့......


ကျနော့်အထင်- ၂၀၁၅ မှာမလွဲမသွေဖြစ်လာမယ့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတောင်းဆိုမှုကိုရှောင်လွှဲလို၍ NLD နဲ့ အများသူဌါတောင်းဆိုလာသော ၎

ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးအဖြေရှာရေးအစား ၆ ပွင့်ဆိုင်ဆိုသောတွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာသဘားဆိုတာကိုသုံးသပ်မိတယ်။ ဘာပဲဖြစ်ဖြစ် ယ္ခုတွေ့ဆုံ

ဆွေးနွေးအဖြေရှာရေးသည် ယ္ခင်ကလိုဘာသတင်းမှထုတ်မပြန်၍ရသောကာလတခုမဟုတ်တော့ပါ..။ ဒီမိုကရေစီစနစ်ဆီသို့ချီတက်လျှင်- အဓိက- ကတော့

ပွင့်လင်းမြင်သာမှုရှိရတော့မည်။ ပွင့်လင်းမြင်သာမှုမရှိလျှင် ဝေဖန်ရှုတ်ချခြင်းကိုမလွဲမသွေခံကြရမည်။ ဒါကြောင့်- သူ့မယုံကိုယ့်မယုံဖြစ်နေကြတဲ့ နှစ်ဖက်

ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ယုံကြည်မှုကိုတည်ဆောက်နေသည်ဟု အချိန်ကုန်ခံ၍ ဖြီးဖြန်းလိမ်ညာနေကြမယ့်အစား

ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကြပ်တည်းတွေကို အရှိကိုအရှိတိုင်း ရိုးသားပွင့်လင်းစွာတွေ့ဆုံဆွေးနွေးဖြေရှင်းလိုက်လျှင် တွေ့ကြုံရင်ဆိုင်နေရတဲ့အထွေထွေနိုင်ငံ

ရေးပြသနာတွေငြိမ်းအေးသွားမည်ဖြစ်သည်။ အဲဒီလိုမှမဟုတ်ပဲ သူ့မယုံကိုယ့်မယုံသူတွေက ယုံကြည်မှုမခိုင်မာသေးလို့ ပျက်ပြားသွားရပါတဲ့ဆိုတဲ့စကားကိုပဲထပ်ခါ

သလဲလဲသုံးပြီးအကြောင်းပြနေလို့ကတော့ ဇတ်မျောကြီးသာဖြစ်သွားလိမ့်မည်။ ဘာအကြောင်းနဲ့ သူ့မယုံကိုယ့်မယုံဖြစ်နေရသလဲ။ ကိုယ့်အပြစ်မမြင်, သူ့အပြစ်

ကိုပဲမြင်နေတဲ့ အတိတ်သမိုင်းကဇတ်လမ်းတွေကြောင့်သူ့မယုံကိုယ့်မယုံဖြစ်နေကြသလား။ 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကိုဘယ်လောက် %  နဲ့အတည်ပြုထောက်ခံခဲ့ကြောင်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က 

သူ့ဆရာပြောခဲ့တဲ့လေသံအတိုင်းမျက်နှာပြောင်တိုက်ပြီးပြောကြားခဲ့ပါတယ်။ အောက်တို ၃၁ ရက်နေ့က ၁၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲဟာ  နိုင်ငံရေးအကြပ်

တည်းကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘူးလို့ မောင်ရဲထွဋ်ကလိမ်ညာပြောဆိုခဲ့ပြန်တယ်။ ပြီးတော့- ရွှေမန်းကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ သမ္မတနဲ့ကာချုပ်

အပေါ်မှာမူတည်ပါတယ်လို့အမှန်အတိုင်းပြောဆိုပြီးတာနဲ့ နောက်တနေ့မှာ သမ္မတကလွှတ်တော်အပေါ်နဲ့ ပြည်သူအပေါ်မှာသာမူတည်တယ်လို့ ဘော်လီဘော်

ပုတ်လိုက်ပြန်တယ်။ ကျနော်ပြောချင်တာက နိုင်ငံရေးကိုရိုးရိုးသားသားလုပ်ကြပါ။ မလိပ့်တပတ်ပုံစံနဲ့ နိုင်ငံရေးကိုလုပ်နေရင်တော့ တိုင်းပြည်သာနစ်နာလိမ့်မယ်

ဆိုတာသိရှိထားဖို့လိုပါတယ်။

အခုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးအတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒါနဲ့

တဆက်ထဲရှေ့ဆင့်နောက်ဆင့်ဆိုသလို သမ္မတကလည်း  နိုင်ငံရေးအင်အားစုများအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေကို မကြာခဏပြုလုပ်သွားဖို့လိုအပ်ကြောင်း

နဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ဖို့ကိုလည်းသမ္မတကတိပြု ပြောကြားသွားပြန်တယ်။ တိုင်းပြည်ကောင်းဖို့လုပ်ရင်ဘယ်သူလုပ်လုပ် ကျနော်တို့ကအသိအမှတ်ပြု

ကြိုဆိုထောက်ခံသွားမှာပါ။ ကျနော်တို့တိုင်းရင်းသားပြည်သူတွေလိုချင်တာကတော့ တရားဥပဒေစိုးမိုးပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းရင်းသားပြည်သူ

တွေအကုန်လုံးတန်းတူအခွင့်အရေးရရှိဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့်- ခေါင်းဆောင်များအနေနဲ့ ဖြစ်ပေါ်လာတဲ့နိုင်ငံရေးအကြပ်တည်းတွေကိုတစ်ဦးကောင်း, တစ်

ယောက်ကောင်း,တစ်ဖွဲ့ကောင်းပုံစံနဲ့ဖြေမရှင်းပဲ- သဘောထားကြီးကြီးထားပြီး အကြပ်တည်းမှန်သမျှကိုတွေ့ဆုံးဆွေးနွေးခြင်းဖြင့်, အဖြေရှာဆွေးနွေးရှာကြလျှင်-

ကျွန်ုပ်တို့နေသောပြည်ထောင်စုသည် မငြိမ်းချမ်းစရာဘာအကြောင်းမှမရှိပါကြောင်း သက်ဆိုင်သူများထံရေးသားတင်ပြလိုက်ရပါတယ်။

( ကိုဗလိုင် )


Ingen kommentarer:

Send en kommentar