ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြု သဘောရှုထောက်ကနေ ဝေဖန်ထောက်ပြခြင်း

သမ္မတနေအိမ်မှာ အောက်တိုဘာ ၃၁ ရက်နေ့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
ကျင်းပတုန်းစဉ် mandate ( မဲန်းဒိတ် ) မပါလို့ဆိုပြီးပြောပိုင်ခွင့်မရှိဘူးလို့
ဒေါ်အောင်ဆန်းစုကြည်မှငြင်းလိုက်ခြင်းသည် မိမိရရှိလိုက်သည့်အခွင့်အ
ရေးကိုလက်လွှတ်လိုက်သလိုဖြစ်သည်ဟု ကျနော့်အနေနဲ့ထောက်ပြဝေဖန်
လိုပါသည်။
ကျနော်ဆိုလိုတာက- ဒီလူ- ဒီလူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ကို
မိမိပါတီမှကိုယ်တိုင်တောင်းဆိုထားပြီး, ဒီလူတွေနဲ့ တွေ့ဆုံတဲ့အခါ မိမိဖြစ်
ချင်တာကို ရရှိတဲ့အချိန်လေးမှာ........ရသလိုပြောဆိုဆွေးနွေးသင့်ပါသည်။
အကယ်၍ဆွေးနွေးဖို့အချိန်မလောက်ဌရင်- အချိန်တိုးတောင်းဆွေးနွေးပြီး,
ဆွေးနွေးခွင့်မရရှိခဲ့ရင်- အကြောင်းကျိုးဆီလျှော်စွာထောက်ပြီး နောင်တချိန်
တွေ့ဆုံဆွေးနွေးပွဲအတွက် ရက်တစ်ရက်ကိုသတ်မှတ်ပေးဖို့ အစည်းဝေး
တက်ရောက်သူများရှေ့မှောက်တွင်တောင်းခံရပါလိပါ့မည်။ ဒါဟာဘာကိုရည်
ညွှန်းသလဲဆိုရင်တိုင်းပြည်ရဲ့အရေးကိုအချိန်မဆွဲထားချင်တဲ့သဘောကိုရည်
ညွှန်းပြောဆိုခြင်းဖြစ်တယ်။ တချိန်ကလို- စကားပြော, ထမင်းစား, လက်ဖက်
ရည်သောက်ပြီး ဘာသတင်းမှမထုတ်ပြန်, ဘာအကျိုးရလာဒ်မှထွက်ပေါ်မလာ
တဲ့တွေ့ဆုံဆွေးနွေးပွဲကို လူအများကလက်မခံတော့ပါဘူး။ ဘာပဲဆွေးနွေးနွေး
ဘာတွေဆွေးနွေးကြသလဲဆိုတာ အားလုံးကသိချင်ကြပါတယ်။ ဆွေးနွေးပြီး
ဘာသတင်းမှ ထုတ်မပြန်တာကိုတော့ ပြည်သူလူထုကလက်မခံချင်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ် အောက်တိုဘာ ၃၁ ရက်နေ့ဆွေးနွေးပွဲဟာ သတင်းစာရှင်းလင်းပွဲ
လုပ်ပြီး အများသိအောင်ဘာတွေတွေ့ဆုံဆွေးနွေးကြသလဲဆိုတာသိခဲ့ရတဲ့အ
တွက် အဆိုးထဲကအကောင်းလို့ပဲဆိုရမှာပဲ။
ကျနော်ကတော့ ၄ ပွင့်ဆိုင်ကိုထောက်ခံထားပေမယ့် အားလုံးပါတဲ့တွေ့ဆုံဆွေး
နွေးပွဲကိုပိုမိုနှစ်ချိုက်ပါတယ်။ ဘာလို့လည်းဆိုရင်- ၄ ပွင့်ဆိုင်ပြီးရင်လဲ နောင်တ
ချိန်အားလုံးပါတဲ့တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ကျင်းပဦးရမှာဖြစ်တဲ့အတွက်ကြောင့်
အချိန်မဖြုန်းလိုတဲ့သဘောပါ။ တိုင်းပြည်ရဲ့အထွေထွေအကြပ်တည်းတွေကို ၄ ပွင့်နဲ့
တော့ပွဲမပြတ်တာသေချာတယ်။ ကျနော်တို့မှာအာဏာနဲ့ လုပ်ပိုင်ခွင့်မရှိတော့လည်း
အခုလိုပဲအပြုသဘောကနေကြည့်ပြီးဝေဖန်ထောက်ပြမှုတွေရေးသားနေရဦးမှာပဲ။
( ကိုဗလိုင် )

Ingen kommentarer:
Send en kommentar