အောက်ချီးနင်းပြီး စကားကြီးစကားကျယ် လျှောက်ပြောမနေနဲ့

၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့အတွက် တိုင်းရင်းသားတွေဘက်က
ဒေါက်တာအေးမောင်ကိုရွေးချယ်လိုက်သော်ညားလည်း, ၆ ပွင့်ဆိုင်
တွေ့ဆုံဆွေးနွေးပွဲဟာ လက်တွေ့မကျတဲ့အတွက်လက်တလောမဖြစ်
နိုင်သေးဘူးလို့ သမ္မတပြောရေးဆိုခွင့်ရှိသူကိုရဲထွဋ်က RFA ကိုပြောကြား
ခဲ့ပါတယ်။
ကျနော်ပြောပြမယ်- အာဏာရှင်စိတ်ဓါတ်မကုန်ခမ်းသေးတဲ့လူတွေဟာ
အတိုက်ခံတွေဘက်ကဘယ်လိုပဲသဘောထားကြီးပြီး လိုက်လျှောတောင်း
ဆိုမှုတွေလုပ်လာပစေ- အာဏာရှင်တွေဟာ သူတို့ရဲ့ထုံးစံအတိုင်း အလျှော့
အတင်းလုပ်သူတွေကို အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်စမြဲဖြစ်သည်။
အကယ်၍ မဖြစ်မနေလိုက်လျှော့ရပါမူ- ဥပမာ။ ။ ၄ ပွင့်ဆိုင်အစား ၁၄ ပွင့်
ဆိုင်သို့အမည်ပြောင်းကာ သူတို့ဦးဆောင်ပြီးလုပ်တဲ့ပုံသဏ္ဍန်မျိုးလုပ်ပြ
တတ်ကြပါတယ်။ အခုလဲ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ၆ ပွင့်ဆိုင်ဆိုတာ
ဟာ လူပုဂိုလ်ကိုအခြေခံတဲ့အတွက် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲဟာ လက်
တွေ့မကျတဲ့အတွက်လက်တလောမဖြစ်နိုင်သေးဘူးလို့ မတင်မကျ စကား
ပြောကာငြင်းဆန်ထားပါတယ်။ ပြီးတော့- ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်
တော်ကချည်းကပ်ပုံနဲ့ သူတို့ချည်းကပ်ပုံက အတော်ကိုကွာနေတယ်- တဲ့။
ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကချည်းကပ်ပုံက လူပုဂိုလ်ကိုအခြေခံ
ကာချည်းကပ်သလိုဖြစ်နေပြီး- အစိုးရအနေနဲ့ ချည်းကပ်ပုံက အဖွဲ့အစည်းတွေ
ကိုအခြေခံပြီးချည်းကပ်နေတယ်လို့ ရှာရိုးမရှိတိုင်းပြောနေပြန်တယ်။ ကျနော်ပြော
ပြမယ်ကိုရဲထွဋ်- ခင်ဗျားတို့အစိုးရအဖွဲ့ဟာ အောက်ချီးနင်းပြီးစကားကြီးစကား
ကျယ်တွေလျှောက်ပြောမနေနဲ့- နားကြားကန့်လန့်လို့ပါ..။
တိုင်းပြည်ကောင်းဖို့အတွက်- နိုင်ငံရေးအကြပ်တည်းတွေလွတ်မြောက်ဖို့အတွက်
ဘယ်သူတင်တဲ့အဆိုဖြစ်ပါစေ- ဘယ်အဖွဲ့အစည်းတင်တဲ့အဆိုဖြစ်ပါစေ, ကောင်း
ရင်လက်ခံတတ်တဲ့ အကျင့်ကောင်းတွေမွေးမြူ သင့်ပြီး။ အခြားလူတွေတင်တဲ့အဆို
ကို ဟိုအကြောင်းပြ, ဒီအကြောင်းပြငြင်းဆန်ပြီး- ငါတို့တင်တဲ့အဆိုမှကောင်းတယ်
ဆိုတဲ့ ဥာဏ်ဆိုးတွေဖျောက်ဖျက်သင့်ဖို့လိုပြီး..။ လူပုဂိုလ်အဖွဲ့အစည်းတွေကိုအစာ
မကြေလို့ဆိုပြီးကပ်ဖဲ့ရပ်ဖဲ့မလုပ်ပါနဲ့...အရွေ့ကိုမြန်ပါစေ- တိုင်းပြည်နဲ့ လူမျိုးအပေါ်
ထားရှိတဲ့စေတနာတွေမှန်ကန်ပါစေ..။
( ကိုဗလိုင် )
Ingen kommentarer:
Send en kommentar