mandag den 15. december 2014

အမေ့စကားနဲ့ အမေ့အတွေး

အမေ့စကားနဲ့ အမေ့အတွေး



*** အမေ့စကားနဲ့ အမေ့အတွေး ***

သား..... နလန်မထူနိုင်သေးတဲ့ အမေတို့နေတဲ့တိုင်းပြည်ဟာ

ပျိုဇာတာလဲမကောင်းကောင်းခဲ့သလို အိုဇာတာလဲဆိုးနေစဲပါပဲ။

အပေးယူမလုပ်ပဲ ရှုပ်ထွေးပွေလီလှတဲ့ မြန်မာ့အရေးဟာလည်း

လွယ်မလိုနဲ့ ရှုပ် တိမ်မလိုနဲ့ နက် ဒုက္ခပေါင်းစုံနဲ့ စမ်းတဝါးဝါးလမ်းမှာ

မြန်ပြည်သူတွေရဲ့အနာဂတ်တွေဟာလည်း ပျောက်ဆုံးလို့နေစဲပါပဲ။

လမ်းလွဲနေတဲ့ မြန်မာ့နိုင်ငံရေးမှာ ငြိမ်းချမ်းမဲ့စကားတွေပြောဆိုပြီး

မတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်မှာ

မူယာမာယာများလွန်းတဲ့အစိုးရအာဏာပိုင်တွေနဲ့ စစ်တပ်ဟာ

ကလိမ်ကကျ စ်များတဲ့ ဟိုလူကြီးကိုကာကွယ်ဖို့ကြိုးစားနေတုန်းပါပဲ။

ပေါက်ပေါက်ဆုပ်ဖောက်သလို ဆူညံပူညံနဲ့မြန်မာ့အရေးမှာ

ရှောင်လင်ကျောင်းထွက် အစိုးရနဲ့ စစ်တပ်ဟာ

နိုင်ငံရေးတွေ့ဆုံမှုဖြစ်မလာအောင် ပတ်ရှောင်ကွေ့ပညာကိုအသုံးပြုနေပြန်တယ်။

ကျောမွဲလူနေအိမ်တွေကိုဖြိုဖျက် လယ်ယာမြေတွေသိမ်းဆည်း

လူမျိုးရေးအဓိကရုဏ်းတွေနဲ့

ပြည်ထွင်းစစ်ကိုဖန်တီးနေတဲ့ သဘောထားတင်းမာသူတွေဟာလည်း

သွေးထိုးစကားတွေနဲ့ တိုင်းပြည်ကိုချောက်နက်နက်ထဲတွန်းပို့နေတုန်းပဲလေ။

ခပ်ဆိုးဆိုးဘဝထဲမှာ ခပ်တိုးတိုးလေးစကားဆိုနေကြတဲ့ ပြည်သူတွေဟာ

ပထွေးကိုအဖေခေါ် အရှူးကိုလင်လုပ်နေရတော့

အဲဒီဖြစ်စဉ်ထဲကပြည်သူတွေရဲ့ဘဝတွေကို ဆင်းစားကြည့်ပေါ့.....သားလေးရယ်။

အမေ့အတွေးထဲမှာကတော့.....နေ့စဉ်လိုလိုပါပဲ

အနေဝေးရေဝေးနေကြတဲ့သားနဲ့ သမီး

အဆင်ကောပြောကြရဲ့လား......လို့ မရှိတဲ့ကြားကနေပဲ တွေးပူလို့နေမိတုန်းပဲလေ။

( ကိုဗလိုင် )



(( ဘဝဆိုးထဲကမြန်မာပြည်သူတွေ ဒုက္ခဆိုးနဲ့ မတိုးပါစေနဲ့ ))

Ingen kommentarer:

Send en kommentar