mandag den 22. december 2014

***** တိုက်ပွဲခေါ်သံ *****

***** တိုက်ပွဲခေါ်သံ *****

သားရေ- ၂၀၁၄ နှစ်အကုန်မှာ

တရုတ်အားကိုး ဦးပိုင်မအေပေးတွေဟာ

လုပ်သင့်မလုပ်သင့် ပြုသင့်မပြုသင့်တာတွေကိုခေါင်းသုံးမစဉ်းစားပဲ

လက်ပတောင်းအရေးကို လက်နက်အားကိုးနဲ့ ဖြေရှင်းလိုက်ပြန်ပြီး။

အဲဒီပစ်ခတ်မှုကြောင့် နဖူးကိုကျည်မှန်

တောင်သူတစ်ယောက် သွေးသံရွှဲရွှဲနဲ့

အဲဒီနေရာတင် ပွဲချင်းပီးသေဆုံးသွားတယ်.....သား။

ဒီသတင်းဆိုးကြားကြားချင်း စိတ်ဒေါသတွေငယ်ထိပ့်ရောက်

တခါတုန်းကလည်း မီးလောင်ဖုံးသုံးပြီး

လက်ပတောင်းအရေးကိုဖြေရှင်းခဲ့သေးတယ်- သား။

တို့နိုင်ငံကတောင်သူတွေဟာ ခေတ်အဆက်ဆက်ပါပဲ

လယ်သိမ်းနွားသိမ်း- သမီးတွေကိုပါသိမ်းတဲ့ ကိုလိုနီခေတ်တုန်းကတမျိုး

နေဝင်း- သန်းရွှေစစ်ခွေးဘီလူးတွေအုပ်ချုပ်တုန်းကတဖုံ

သိန်းစိန်- မင်းအောင်လိုင်ခေတ်ကျတော့လည်းမထူးမခြားနား

တမျိုးနဲ့တမျိုး မရိုးရလေအောင် တောင်သူလယ်သမားတွေကို

မင်းမဲ့စရိုက်ဆန်ဆန် နိုင်ထက်စီးနင်းပြုကျင့်နေတုန်းပဲ- သား။

ဒီတော့- အဖိနှိပ့်ခံတောင်သူဦးကြီးတွေဘက်က

ငါတို့တတွေ မားမားမတ်မတ်ရပ်ပြီး

သပိတ်- သပိတ်.......မှောက်- မှောက်

မီးဒုတ်- မီးဒုတ်........ရွံ့- ရွံ့

အရေးတော်ပုံ................အောင်ရမည်

အရေးတော်ပုံ................အောင်ရမည်

အရေးတော်ပုံ................အောင်ရမည်ဆိုတဲ့ကြွေးကြော်သံတွေနဲ့အတူ

လမ်းမထက်ကနေ လက်ရုံးဆန့်တန်းပြီး တိုက်ပွဲဝင်ကြပါစို့..။

( ကိုဗလိုင် )




















Ingen kommentarer:

Send en kommentar