ပြောမှသိ- ထိမှနာ၊ သာပေါင်းညာစားတွေ မလိမ့်တပတ်တော့မလုပ်ကြပါနဲ့.....ဗျို့

အာဏာရှင်တွေဟာ အမှန်ကိုအမှန်တိုင်းပြောရမှာ- အရှိကိုအရှိတိုင်းပြသရမှာကို
ပြောလေ့ပြောထ, လုပ်လေ့လုပ်ထမရှိကြပါဘူး။ အခုလည်းကြည့် နော်ဝေဘုရင်၏
မန္တလေးခရီးစဉ်နဲ့ပတ်သက်ပြီး ဧရာဝတီမြစ်ကမ်းနဘေး ဂေါဝိန်ဆိပ်ကမ်းအနီးက
ဆင်းရဲသားနေအိမ် ၃၀၀ကျော်ကို မန္တလေးတိုင်းဒေသကြီးအစိုးရကအဓမ္မဖယ်ရှား
ပြစ်ခဲ့တာကြားသိရတဲ့အတွက် အင်မတန်မှအံ့သြမိပြီး ဒီလုပ်ရပ်အပေါ် အလွန်တရာမှ
စိတ်ပျက်ဝမ်းနည်းမိကြောင်း- နော်ဝေနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်လိုက်
ပါတယ်။
နော်ဝေးလွှတ်တော် နိုင်ငံခြားရေးရာနှင့်ကာကွယ်ရေးကော်မီတီအဖွဲ့ဝင်တစ်ဦးက
တိုင်းပြည်ဆင်းရဲတာကိုဖုံးကွယ်ဖို့ကြိုးစားတဲ့အနေနဲ့ လူတွေနေထိုင်ရာနေရာတခုကို
ဖယ်ရှားပစ်လိုက်တဲ့အာဏာပိုင်တွေကိုဘယ်လိုနားလည်ရမှန်းမသိတော့ပါဘူး...တဲ့။
မြန်မာနိုင်ငံဟာဆင်းရဲတယ်ဆိုတာကမ္ဘာကသိရဲ့သားနဲ့ ဆင်းရဲတာကိုဖုံးကွယ်ဖို့ကြိုး
စားတာ မရှက်ကြဘူးလား။ ဗြောင်လိမ်ဗြောင်စားလုပ်ရပ်မျိုးကို အရှက်အကြောက်မ
ရှိတဲ့အာဏာရှင်တွေပဲလုပ်တတ်ကြပါတယ်။ သူများနေအိမ်ကိုဖျက်လိုဖျက်ဆီးလုပ်ရင်-
ခင်ဗျားတို့မတရားပိုင်ဆိုင်ထားတဲ့အိမ်တွေကို ဖျက်လိုဖျက်ဆီးလုပ်ပြီး ဖယ်ရှားပစ်မယ်ဆို
ခင်ဗျားတို့ဘယ်လိုခံစားရမလဲ။ သောက်ရှက်တပြားသားမှမရှိတဲ့ အစိုးရအာဏာပိုင်တွေ။
ကျနော်ပြောမယ်- ကျူးကျော်တဲပဲဖြစ်ဖြစ်, ဘာပဲဖြစ်ဖြစ် လူမှာနေအိမ်မရှိရင် ဘယ်လိုနေ
ထိုင်စားသောက်ပြီး ဘယ်လိုအိပ့်ကြမလဲဆိုတာ တစက်ကလေးမှ မတွေးတောမစဉ်းစား
မိကြဘူးလား။ ခင်ဗျားတို့မို့ ကိုယ့်ပြည်သူပြည်သားတွေအပေါ် ရက်ရက်စက်စက်လူမဆန်
စွာနိုင်ထက်စီးနင်းလုပ်ရက်ကြတယ်။
ခင်ဗျားတို့ပိုင်ဆိုင်ထားတဲ့ကြွယ်ဝချမ်းသာမှုစည်းစိမ်တွေဟာ မတရားသဖြင့်ပိုင်ဆိုင်ထားကြ
တာ လူတိုင်းသိတယ်။ ကိုယ်ချင်းစာစိတ်နည်းနည်းတော့ထားကြပေါ့ဗျာ။ လူဆိုတာ ကိုယ်ချင်း
စာစိတ်ရှိရတယ်။ ကိုယ်ချင်းစာစိတ်မရှိသူဟာ လူ့ငနွားပဲ။
ဗျို့.....ဆင်းရဲသားပပျောက်ရေးအစိုးရ.....ဆင်းရဲသားတွေကို " ပ " ထုတ်ပြီးအပျောက်ရိုက်
စီမံကိန်းရေးဆွဲပြီး မရှိဆင်းရဲသားပြည်သူတွေကို ဒုက္ခပေးနေလား။ တော်တော်စိတ်ပျက်ဖို့
ကောင်းတဲ့အစိုးရနဲ့ အာဏာပိုင်တွေပဲ.... ပြောမှသိ- ထိမှနာ၊ သာပေါင်းညာစားတွေ မလိမ့်
တပတ်တော့မလုပ်ကြပါနဲ့.....ဗျို့။ ဗြောင်လိမ်ဗြောင်စား- မင်းတို့အားလုံးကိုဘောပဲ........ဟေ့။
( ကိုဗလိုင် )

Ingen kommentarer:
Send en kommentar