ခရစ်စမတ်အလွမ်း

ဟိုး.......တောင်ပေါ်ရိုးတန်းဆီမှာ
နှင်းတွေတကြော့ ပြန်လည်ဝေရင်ပေါ့...
ချမ်းလည်းချမ်းတယ်- လွမ်းမြဲလွမ်းနေစဲပါ....နှင်း။
ဆောင်းလေပြေနုအေးတွေနဲ့ အတူ
ခရစ်စမတ်နေ့ရက်ကိုရောက်လာတော့မယ်ဆိုရင်
မနှစ်ကဖြစ်ပျက်သမျှတွေ စိတ်ကူးထဲထင်ပေါ် ပျော်လိုက်တာကွယ်။
အဲဒီညက မမျှော်လင့်ပဲဆုံတွေ့ဖြစ်ခဲ့ရကြတယ်....နော်၊
မှတ်မှတ်ရရ ဝိုင်ချိုချိုတွေအတူတူသောက်ပြီး
အဲဒီနေ့က ခရစ်စမတ်ညမှာ
စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်၊
အဲဒီညမှာ မျက်လုံးခြင်းဆုံ ရင်တွေတုန်ဘူးတယ်၊
အပြုံးချင်းဆုံ ရင်တွေခုန်ဖြစ်မှာပဲ...လေ။
ပြီးတော့.....နှင်းက နှင်းကိုကြည့်ပြီး
နှင်းက- နှင်းကိုချစ်တယ်......တဲ့။

အဲဒီ- နှင်းတွေဝေနေတဲ့ ခရစ်စမတ်ညမှာ
ချစ်စရာကောင်းတဲ့ နှင်းနဲ့
ဖြူ လွှလွှငွေနှင်းဖွေးဖွေးကိုကြည့်ပြီး
ခရစ်စမတ်ဟာ နှင်းနဲ့- အရမ်းကိုလိုက်ဖက်နေတာပဲ..။

ဒီတခါ- ငွေနှင်းဖွေးဖွေးလေးတွေနဲ့ အတူ
ခရစ်စမတ်ပွဲတော်ကိုရောက်လာတော့မယ်ဆိုရင်
ဒို့စိတ်တွေလှုပ်ရှား မနှစ်ကလိုပဲ
ဒီနှစ်မှာ ပြန်လည်ဆုံတွေ့ချင်သေးတယ်- နှင်း။
( ကိုဗလိုင် )
(( ဒီဇင်ဘာ ၂၅ ရက်နေ့မှာကျရောက်မယ့်ခရစ်စမတ်နေ့မှာ ခရစ်စမတ်ကဗျာလေးကိုဖတ်ပြီး
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ..။ ))

Ingen kommentarer:
Send en kommentar