ပြည်ခိုင်ဖြိုးအကြောင်းသိကောင်းစရာနှင့် ကျရောက်လာနိုင်သည့်အန္တရာယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အနားယူသွားတဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၎င်း၏ အာဏာသက်ဆိုးရှည်စေဖို့

အတွက်- ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကိုဖွဲ့စည်းတည်ထောင်
ခဲ့ပါသည်။ ထိုသို့ဖွဲ့စည်းပြီး အသင်းဝင်များကိုလည်း အာဏာသုံးပြီးဖိအားပေး၍
တမျိုး, ခြိမ်းခြောက်၍တဖုံနည်းလမ်းပေါင်းစုံအသုံးပြုကာ ၎င်းနည်း- ၎င်းဟန်ဖြင့်
အသင်းဝင်များကိုစုစည်းခဲ့ပါသည်။ ထိုအထဲတွင် အသင်းဝင်ဖြစ်မှန်းမသိဖြစ်သွါး
ကြရတဲ့ လူငယ်, ကျောင်းသား, အရပ်သား, တပ်မတော်သားများနှင့် ဝန်ထမ်းများ
လည်းရှိခဲ့ပါသည်။ ထို့သို့သက်ဆိုင်သူများကိုအကြောင်းကြားအသိပေးခြင်းမရှိပဲ
ပြည်ခိုင်ဖြိုးအသင်းတွင်- အဖွဲ့ဝင်မည်မျှရှိကြောင်း အရှက်ကြောက်ကင်းမဲ့စွာခပ်
တည်တည်နဲ့ ထုတ်ပြန်ကြေညာခဲ့ပါသည်။
ထို့နောက်- ပြည်ခိုင်ဖြိုးအသင်းကို သူ့အာဏာသက်ဆိုးရှည်စေရန်အတွက်လို့
ထုတ်ဖော်မပြောကြားပဲ၊ တိုင်းပြည်အတွက်လိုအပ်လျှင်- ကြံခိုင်ရေးအသင်းကို
ပါတီပုံသဏ္ဍန်နဲ့ အသွင်ပြောင်းဖွဲ့စည်းမည်ဟု ဦးသန်းရွှေကထုတ်ဖော်ပြော
ကြားပြီး- သူ့နည်းသူ့ဟန်နဲ့ ပြုလုပ်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ
ခိုင်ရေးပါတီအမည်ဖြင့်ရွေးကောက်ပွဲဝင်ခဲ့ပါသည်။ အဲဒီမှတဆင့်- ပြည်ခိုင်ဖြိုး
လမ်း, ပြည်ခိုင်ဖြိုးမြို့နယ်စသဖြင့်အမည်နာမ်မများကိုပြောင်းလဲခေါ်ဆိုခဲ့ပြန်
သည်။ ကျနော်ဆိုလိုချင်တာက ပြည်ခိုင်ဖြိုးပါတီသည် အခုအတိုင်းဆက်သွား
မည်ဆိုပါက- နောင်တချိန်တွင်, ပြည်ခိုင်ဖြိုးတိုင်း- ပြည်ခိုင်ဖြိုးပြည်နယ်အမည်
နာမ်မ- မပြောင်းလဲမခေါ်ဆိုနိုင်ဘူးဆိုတာပြော၍မရပါ..။ Burma ကနေ Myan-
mar လို့ခေါ်ဆိုသုံးနှုံးခဲ့ဘူးသောသူတို့သည် နောင်တချိန်တွင်- မြန်မာနိုင်ငံကိုပင်
ပြည်ခိုင်းဖြိုးနိုင်ငံဟုအမည်ပြောင်းလိုက်လျှင်- ပွဲပဲဟု ဟုတ်သည်ဖြစ်စေ, မဟုတ်
သည်ဖြစ်စေတွေးမိတွေးရာတွေးမိရင်း- ပြည်ခိုင်ဖြိုးအကြောင်းသိကောင်းစရာနှင့်
ကျရောက်လာနိုင်သည့်အန္တရာယ်အကြောင်းအဆုံးသတ်ရေးသားလိုက်ပါသည်။
( ကိုဗလိုင် )

Ingen kommentarer:
Send en kommentar