ဟန်ဆောင်အပြုံးတွေနဲ့ ဟန်ဆောင်မျက်နှာဖုံးတပ်ပြီး ဟန်ဆောင်စကားဆိုနေကြတဲ့ခင်ဗျားတို့ကို ကျုပ်မုန်းတယ်

ငါတို့နေတဲ့နိုင်ငံမှာ မြေကြီးကရွှေသီး
သဘာဝသယံဇတတွေပေါကြွယ်ဝပါရဲ့နဲ့
တို့ပြည်သူတွေမှာ မြင်သာမြင် မကြင်ရတဲ့ဘဝတွေပါ- ရှင်မရေ။

ခပ်ကြောင်ကြောင်ဝန်ကြီးတွေနဲ့ အစိုးရဟာ
ချိုးခြံခြွေတာရေးလုပ်ပါဆိုပြီး
ဗိုလ်ရှုသဘင်အခမ်းနားကိုလည်း မလွတ်လပ်သေးတဲ့တိုင်းပြည်ရဲ့
၆၇ နှစ်မြောက်လွတ်လပ်ရေးအထိမ်းမှတ်နေ့မှာ
သန်းပေါင်းများစွာဖြုန်းပြီးလုပ်သွားပြန်တယ်- ရှင်မရေ။

မဝရေစာစားနေရတဲ့မိဘပြည်သူတွေမှာတော့
ခင်ဗျားတို့ပြုသမျှကိုခံနေရပြီး
ပထွေးကိုအဖေခေါ်နေရတဲ့ဘဝတွေပါ- ရှင်မရေ။

ကျောတခင်းစာမရှိတဲ့ စစ်ပြေးစစ်ရှောင်
စစ်ဘေးသင့်နေတဲ့ ပြည်သူတွေရဲ့ဘဝဟာ
ဒါတို့ပြည် ဒါတို့မြေလို့တောင်မပြောရဲတဲ့ဘဝတွေဖြစ်နေပြီး- ရှင်မ။

ဒီမယ်- ကျုပ်ပြောမယ်
ခင်ဗျားတို့ဘာသာ ဗိုလ်ရှုပဲခံခံ ဗိုလ်အတုပဲခံခံ ကျုပ်စိတ်မဝင်စားဘူး
တိုင်းပြည်ကောင်းကျိုးအတွက် ခင်ဗျားတို့ချင်းအဆင်ပြေရင်
ငွေကြေးဘယ်လောက်ကုန်ကုန်
တိုင်းပြည်တခြမ်းဖဲ့ပြီးရောင်းလိုက်တာတောင် ကျုပ်ကျေနပ်တယ်။

အခုတော့ဗျာ ဟန်ဆောင်အပြုံးတွေနဲ့
ဟန်ဆောင်မျက်နှာဖုံးတပ်ပြီး
ဟန်ဆောင်စကားဆိုနေကြတဲ့ခင်ဗျားတို့ကို ကျုပ်မုန်းတယ်။

" တောက် " လိုအပ်ရင်မိဘပြည်သူ
မလိုအပ်ရင်ပြည်သူတွေကိုရန်သူလိုသဘောထားတတ်တဲ့
ခင်ဗျားတို့ရဲ့အတွေးခေါ်တွေကို
နာရေးအသင်းကိုအကူညီတောင်းပြီး သဂြိင်္ုလ်စက်ထဲပို့လိုက်ကြပါတော့ဗျာ။

ကျုပ်ကြည့်နေတာကြာပြီ
ပြည်သူတွေကိုထိုးကျွေး- ချကြွေးတဲ့ ခင်ဗျားတို့ရဲ့နိုင်ငံရေးကို
ပြီးတော့- သမ္မတဖြစ်ချင်ရင်စစ်ရေးအတွေ့အကြုံရှိရမယ်- ဟုတ်လား
သဘောပေါက်- သဘောပေါက်
အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဒီမိုကရေစီနိုင်ငံကိုတည်ဆောက်လို့ကတော့
ပြည်သူကိုဒုက္ခပေးတဲ့ ခင်ဗျားတို့အကုန်လုံး
အာဏာရှူးသန်းရွှေလို ငရဲပြည်ပဲရောက်မှာသေချာတယ်။
( ကိုဗလိုင် )

Ingen kommentarer:
Send en kommentar