lørdag den 31. januar 2015

***** တို့ကျောင်းသားတွေ ညီသဟေ့ *****

***** တို့ကျောင်းသားတွေ ညီသဟေ့ *****



၂၀၁၅ ရဲ့ နှစ်ဦးလမှာ ဒေါင်းလံဝင့်ထူ


အောာင်ပွဲယူဖို့ မိုင်ရှည်ခရီးကိုချီကာ


၁၁ ချက်ပါတဲ့တောင်းဆိုချက်ကို ဒီမိုကရေစီကျင့်စဉ်နဲ့ အညီ


သူတို့တတွေ ကြွေးကြော်တောင်းဆိုဆန္ဒထုတ်ဖော်ပြခဲ့ပြီ..။




ပညာရေးသမို့......


မိဘပြည်သူ ဖေးကူကာဖြင့်


ထောက်ခံကြို ဆို


ဒီအရေးကို မြင်ရသူတိုင်း စိတ်ဝယ်ချမ်းမြေ့


ပန်းဆီးကမ်း၍ သြဘာပေးကာ


လမ်းဘေးနှစ်ဖက် သောင်းသောင်းဖြဖြ


ကြိုဆိုအားပေး တို့ကျောင်းသားတွေညီကြသဟေ့။




ကျောင်းသားသပိတ် စသည့်နေ့မှ


ကနေ့ထိတိုင် အမြို့မြို့အနယ်နယ်


လာရောက်ပူးပေါင်း ဒေါင်းလံအောက်မှာ


တို့ကျောင်းသားတွေညီကြသဟေ့။




တရားသောတိုက်ပွဲ တို့စဉ်နွဲကာ


အောင်ပန်းယူဖို့ ဆုံးခမ်းသည့်တိုင်


ရည်ရွယ်ရာသို.....


ခိုင်ခိုင်မြဲမြဲ လက်ချင်းတွဲကာ


တိုက်ပွဲဝင်စို့ တို့ကျောင်းသားတွေ ညီသဟေ့။


( ကိုဗလိုင် )




ဤကဗျာဖြင့် ခရီးရှည်ချီတက်နေသည့် ကျောင်းသားသပိတ်ကို


မှတ်တမ်းတင်ဂုဏ်ပြု ကြိုဆိုလိုက်ပါသည်။

Ingen kommentarer:

Send en kommentar