fredag den 21. marts 2014

ကျနော်တို့နေတဲ့နိုင်ငံအနှံ မတရားတဲ့ဥပဒေမိုး မကြာမကြာရွာဖြိုးနေတုန်းပဲ......ဒေါ်လေးရေ

ကျနော်တို့နေတဲ့နိုင်ငံအနှံ မတရားတဲ့ဥပဒေမိုး မကြာမကြာရွာဖြိုးနေတုန်းပဲ......ဒေါ်လေးရေ

21. marts 2014 kl. 09:23

အငြိုးအတေးတွေနဲ့ တို့နေတဲ့နိုင်ငံအနှံမှာ

မကြာမကြာ ရွာဖြိုးနေတဲ့

မတရားတဲ့ ဥပဒေမိုး ဘယ်တော့အခါမှစဲပါ့မလဲ.....လို့

အဲဒီအကြောင်း

တွေးမိလေတိုင်း မျက်ရည်ဝိုင်းခဲ့ရတယ်.....ဒေါ်လေးရယ်။

မဟုတ်မခံ တော်လှန်လိုစိတ်ရှိပေမယ့်

လူဆိုတာ အကြောင်းအမျိုးကြောင့်

မဟုတ်လည်းခံ ဟုတ်လည်းခံကြရတဲ့ ဘဝဆိုးတွေလေ.....

အိပ့်စရာအိမ်မြေမရှိ ဝယ်စရာငွေမရှိ

ဝတ်စရာနှစ်စုံအတိ စားစရာဗလာနတ္ထိနဲ့

ဖောက်ပြန်သူတွေကြီးစိုးနေတဲ့ ခေတ်ဆိုးဆိုးကြီးက

ပဲပြုတ်တောင်နပ်မမှန်

ထ္မင်းလည်းဆီမဆမ်းနိုင်တော့ဘူး......ဒေါ်လေးရေ။

ဆာလာမှုကိုမြိုသိပ့်

ကျုပ်ကျဲ့လိနေရတဲ့ မိသားစုဝမ်းရေး

အသားမဲ့နေတဲ့ ထမင်းဝိုင်းမှာ

အမေနဲ့ သားသမီးတွေ

မျက်နှာငြိုးနေတာအတော်ကြာပြီး....ဒေါ်လေးရေ။

တခါတခါ ရခဲပါတယ်ဆိုတဲ့ လူ့ဘဝ

ဘုရားတောင်မဟောခဲ့ရင် ဒုက္ခပေါင်းစုံနဲ့ လူ့ဘဝကို

ကျနော်မလိုချင်တော့ဘူး.....ဒေါ်လေးရေ။

ဘာဖြစ်လို့လည်းဆိုရင်

အငြိုးကြီးကြီးနဲ့ ကျနော်တို့နေတဲ့နိုင်ငံထဲမှာ

နှစ်ပေါင်းများစွာ မတရားတဲ့ ဥပဒေမိုး

မကြာမကြာရွာသွန်းဖြိုးနေလို့ပဲ.....ဒေါ်လေးရေ။

( ကိုဗလိုင် )