ဒုက္ခဝေဖြာ- ပြည်မြန်မာ
အနာဂတ်တွေပျောက်ဆုံး
သုခမဲ့လမ်းထက်ဆီမှာ
ငိုမနေနဲ့တော့.....ညီမလေးရေ။
သူတို့တတွေဟာ.....သမိုင်းကပေးတဲ့
သင်ခဏ်းစာတွေကိုလည်းမရယူ
ယူဖို့လည်းစိတ်မကူး ကနေ့ထိတိုင်
တစိတ်ဖြစ် ထစ်ကနဲဆို
လက်နက့်အားကိုးဖြေရှင်းနေမှတော့
ဘယ်မှာလဲငြိမ်းချမ်းရေး ဘယ်မှာလူ့အခွင့်အရေး
ဒီမြေဟာ စစ်ရနံ့တွေလွှမ်းရစ်ခြုံ သိုင်းထားတဲ့
မငြိမ်းချမ်းတဲ့ တိုင်းပြည်ဆိုတာ
တချိန်ကအဘိုးပြောခဲ့တာမမှားဘူး....... ညီမလေး။
အမှားများစွာနဲ့ နပန်းလုံးသတ်
ဒီခေါင်းဆောင်တွေကြောင့်
သွေးချင်းတွေရဲ့ ဘဝပေါင်းများစွာ
ဒုက္ခဝေဖြာ ပြည်မြန်မာဟာ
တတိုင်းပြည်လုံး ညက်ညက်ကြေခဲ့ရပြီပေါ့......ညီမလေးရေ။
( ကိုဗလိုင် )