fredag den 31. oktober 2014

အောက်တိုဘာနောက်ဆုံးရက်ဟာ တာထွက်ကောင်းတဲ့ ပြိုင်မြင်းလို

အောက်တိုဘာနောက်ဆုံးရက်ဟာ တာထွက်ကောင်းတဲ့ ပြိုင်မြင်းလို



အောက်တိုဘာနောက်ဆုံးတစ်ရက်ဟာ မြန်မာ့အရေးကို


တာထွက်ကောင်းတဲ့ ပြိုင်မြင်းလို.....


အောက်တိုဘာ ၃၁ ဟာ မြန်မာ့အရေးကို


ဂျိုးဌက်ငယ်ကိုထုဆစ် ငြိမ်းချမ်းရေးရုပ်ထုစစ်စစ်ဖြစ်ပါစေ..။


အောက်တိုဘာ ၃၁ ဟာ မြန်မာ့အရေးကို


 လမ်းကြောင်းမှန်ပေါ်သို့ဆွဲထုတ်


အားရကျေနပ်မှုရှိတဲ့ ထိပ့်တီးဆွေးနွေးပွဲဖြစ်ပါစေ..။


အောက်တိုဘာ ၃၁ ဟာ စစ်မှန်တဲ့ပြည်ထောင်စုကြီးကိုချီတက်


အထွေထွေအကြပ်တည်းက ရုန်းထွက်လို့လွတ်မြောက်နိုင်ပါစေ..။

( ကိုဗလိုင် )



တွေ့ဆုံဆွေးနွေးမှုနဲ့အတူ ထိတွေ့ဆက်ဆံမှုရှိမှသာ

တိုင်းပြည်ရဲ့အကြပ်တည်းဆွေကိုဖြေရှင်းကျော်လွှားနိုင်မှာဖြစ်ပါတယ်။

onsdag den 29. oktober 2014

အောက်တိုဘာ ၃၁ ရက်နေ့အပေါ် ကျနော့်အမြင်

အောက်တိုဘာ ၃၁ ရက်နေ့အပေါ် ကျနော့်အမြင်



မထင်မှတ်ထားသောလုပ်ရပ်တွေကို တခါတရံလုပ်လေ့လုပ်ထရှိသည့် လက်ရှိအစိုးရသည် အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်းမှာ

သမ္မတအိမ်မှာတွေ့ဆုံဆွေးနွေးပွဲတခုလုပ်ပြုလုပ်ကျင်းပမယ်လို့သတင်းကြားသိရပါတယ်။ ထိုတွေ့ဆုံတွေးနွေးပွဲကို သမ္မတကိုယ်တိုင်

ဖိတ်စာနဲ့တကွဖိတ်ကြားထားပြီး အစည်းဝေးတက်ရောက်မယ့်သူများကတော့ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒု- ကာချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ၊ ဒု- သမ္မတ ၂ ဦး၊ လွှတ်တော်

ဥက္ကဋ္ဌ သူရဦးရွှေမန်း- ဦးခင်အောင်မြင့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ယူအန်အေ ( ခေါ် ) ညီညွှတ်သော

တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ကိုယ်စား ဦးခွန်ထွန်းဦး၊ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း ( အန်ဘီအက်ဖ် ) ပါတီကိုယ်

စား ဦးစိုင်းအိုက်ပေါင်း၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (အက်ဖ်ဒီအေ) ကိုယ်စား ဦးခင်မောင်ဆွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါ

တီကိုယ်စား ဦးသန်းတင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တစ်ယောက် စုစုပေါင်း ၁၄ ယောက် တက်ရောက်ကြ

မှာဖြစ်ပါတယ်။

ထိုတွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးကြမယ့်အကြောင်းရာတွေကတော့...... ၁- အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေညင်သာ

စွာနဲ့ ခိုင်မာစွာကူးပြောင်းနိုင်ဖို့၊ ၂-  ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေဆက်လက်အကောင်အထည်ဖော်နိုင်ဖို့၊ ၃- အမျိုး

သားပြန်လည်ရင်ကြားစေ့ရေးတို့ကို ဆွေးနွေးညှိနှိုင်းမှာဖြစ်ပါတယ်။ အဲ့ဒီအချက်အလက်တွေကို လက်တွေ့ကျကျ အချိန်တခုသတ်မှတ်ပြီး

တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်လျှင်.....ကျနော်တို့မျှော်ရည်မှန်းထားတဲ့ ရွှေပြည်ပြည်တော်မျှော်လေတိုင်းမဝေးတော့ဘူးလို့ ဆိုရမှာပဲ။ ဒါပေမယ့်-

ကျနော့်အမြင်လက်ရှိနိုင်ငံရေးက ရွှေပြည်တော်မျှော်လေတိုင်း ဝေးနေသလိုခံစားနေရပါတယ်။ ကျနော်တစ်ယောက်ထဲအနေနဲ့ကတော့

အောက်တိုဘာ ၃၁ ရက်နေ့မှာပြုလုပ်ကျင်းပမယ့်တွေ့ဆုံဆွေးနွေးပွဲကို အပြုသဘောနဲ့ ထောက်ခံကြိုဆိုပါတယ်။ ဘာကြောင့်လည်းလို့ဆိုရင်

လက်ရှိ- နိုင်ငံရေးအကြပ်တည်းတွေကိုကျော်လွှားဖို့ဆိုရင်- ဒီလူ- ဒီလူတွေက ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးအဖြေရှာရမှာဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲထမြောက်အောင်မြင်ပြီးနောက်ပိုင်း အခြားသောနိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါတက်

ရောက်ဆွေးနွေးနိုင်ရန် အောက်တိုဘာ ၃၁ ဆွေးနွေးပွဲက လမ်းဖွင့်ပေးထားရမှာဖြစ်ပါတယ်။ ဆိုလိုတာက တိုင်းပြည်ပြုပြင်ပြောင်းလဲရေးမှာ

အားလုံးပူးပေါင်းပါဝင်နိုင်ဖို့ဖြစ်ပါတယ်။

ကျနော်နှင့်အတူ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုအကဲဖြတ်သော အချို့သောနိုင်ငံရေးသမားများက အမေရိကန်သမ္မတအိုဘားမား လာကာနီး၍

လက်ရှိ-အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေက ၎င်းတို့ နိုင်ငံရေးအကျိုးအမြတ်ရရှိဖို့အတွက် အခုလိုတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကျင်းပသည်ဟု

ကောက်ချက်ချဝေဖန်နေပါသည်။ ဒါလည်းဖြစ်နိုင်ပါသည်- ဥပမာအနေနဲ့ ပြောရရင်....ကျနော်တို့ထိုင်းနိုင်ငံမှာရှိစဉ်အခါတုန်းက ထိုင်းနိုင်ငံကို

အကောင်ကြီးကြီးအမြီးရှည်ရှည်လာလျှင်- နိုင်ငံရေးအကျိုးအမြတ်ရရှိအောင်- အိတ်ဖွင့်ပေးစာပေးခြင်း, ထုတ်ဖော်ဆန္ဒပြခြင်းတို့ဖြင့် နိုင်ငံရေး

အကျိုးအမြတ်ရရှိအောင်လုပ်ဆောင်ခဲ့တာတွေရှိပါတယ်။ အခု- အောက်တိုဘာ ၃၁ ရက်နေ့မှာပြုလုပ်ကျင်းပမယ့်ဆွေးနွေးပွဲဟာလည်း ၎င်းတို့ နိုင်

ငံရေးအကျိုးအမြတ်ရရှိဖို့အတွက်မလုပ်ဘူးလို့- ကာယကံရှင်ကလွဲ၍ ဘယ်သူမှတတ်အပ်မပြောနိုင်ပါ..။ ဘာပဲဖြစ်ဖြစ်မလုပ်တာနဲ့စာရင် လုပ်တာ

ကပိုမိုအကျိုးရှိလိမ့်မယ်လို့လည်းမျှော်လင့်ယုံကြည်ထားပါတယ်။

မဖြစ်ပါစေနဲ့လို့ဆုတောင်းမိတာက သမ္မတနှင့် ကာချု ပ်တို့မှ လက်ရှိ- နိုင်ငံရေးအကြပ်တည်းလွတ်မြောက်ဖို့ကိုရည်ရွယ်ပြီးတချိန်က ဦးသန်းရွှေ

လက်ထက်ကလုပ်ခဲ့သလို...ဟန်ပြတွေ့ဆုံဆွေးနွေးပွဲပုံစံမျိုးမလုပ်ဖို့ပါပဲ..။ ဖြစ်ပါစေလို့ဆုတောင်းတာက....သမ္မတနှင့် ကာချု ပ်တို့မှလက်ရှိ- နိုင်ငံ

ရေးအကြပ်တည်းလွတ်မြောက်ဖို့ကိုရည်ရွယ်ပြီး, တချိန်က ဦးသန်းရွှေလက်ထက်ကလုပ်သလို...ဟန်ပြတွေ့ဆုံဆွေးနွေးပွဲပုံစံမျိုးမဟုတ်ပဲ, လက်ရှိ-

နိုင်ငံရေးဖြစ်စဉ်အောပာင်းလဲတွေမှာ  တိုင်းပြည်နဲ့လူမျိုးအပေါ် တကယ့်စိတ်ကောင်းစေတနာထားပြီး လက်ရှိအသွင်ကူးပြောင်းရေးကိုလုပ်သွားစေ

လိုပါတယ်။ နှစ်ဖက်တွေ့ဆုံဆွေးနွေးရင်း.....အကြပ်တည်းတွေပေါ်ပေါက်လာခဲ့လို့ရှိရင်လည်း တိုင်းပြည်နဲ့ ပြည်သူလူထုများရဲ့မျက်နှာကိုငဲ့ပြီး အပြု

သဘောဘောင်ထဲကနေ ပွင့်ပွင့်လင်းလင်း- ရိုးရိုးသားသားတိုင်ပင်ဆွေးနွေး ညှိ့နိုင်းအဖြေရှာကြတာဟာ တိုင်းပြည်အတွက်အကောင်းဆုံးပါပဲ..။

တိုင်းပြည်အေးချမ်းသာယာဖို့ဆိုတာ ခင်ဗျားတိုခေါင်းဆောင်တွေ့ရဲ့အပေါ်မှာအများကြီးမှုတည်နေပါတယ်။

ဒါကြောင့်- တွေ့ဆုံဆွေးနွေးခြင်းဖြင့် ရလာဒ်ကောင်းများပေါ်ထွက်လာရန်- လက်ရှိခေါင်းဆောင်ကြီးများမှ အောက်တိုဘာ ၃၁ ရက်နေ့မှာအကောင်

ထည်ဖော်ကြိုးပမ်းအားထုတ်လုပ်ဆောင်သွားနိုင်ကြပါလို့ တိုက်တွန်းအကြံပြုရင်း.....မြန်မာပြည်ငြိမ်းချမ်းပါစေ။

( ကိုဗလိုင် )

( မှတ်ချက်။  ။ ယခင်ကလိုသာ နိုင်ငံရေးထွက်ပေါက်အဖြစ် ဟန်ပြဆွေးနွေးမှုသာပြုလုပ်မယ်ဆိုရင်......

ရှေ့လျှောက်နိုင်ငံရေးအကြပ်တွေဖြစ်ပေါ်လာပြီး လူထုတိုက်ပွဲနဲ့ထိပ့်တိုက်ရင်ဆိုင်ရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ..။

ဒါကြောင့်- တိုင်းပြည်၏ ကောင်း၏ ဆိုး၏ကံကြမ္မာသည် ခင်ဗျားတို့အပေါ်၌ အများကြီးမူတည်နေပါသည်။ )

søndag den 12. oktober 2014

တွေးမိလေတိုင်း မျက်ရည်ဝိုင်းပြီး စိတ်ထဲမကောင်းဘူး- တူလေးရေ

တွေးမိလေတိုင်း မျက်ရည်ဝိုင်းပြီး စိတ်ထဲမကောင်းဘူး- တူလေးရေ



အာဏာရမ္မက် ငန်းငန်းတက်ပြီး

လူ့အသိစိတ်ကုန်ခမ်းနေကြတဲ့ လူမဆန်တဲ့စစ်ခေါင်းဆောင်တွေကြာင့်

မြန်မာပြည်မှာ ဒုက္ခမျိုးစုံမိုလိုပေါက်ခဲ့ရတယ်....တူလေးရေ။

စာအန်သံတွေမကြားရ....

ပျော်ရွှင်မှုတွေဆိတ်သုန်းနေတဲ့ ငါတို့နေတဲ့တောကျေးရွာမှာ

စစ်မီးတွေကဟုန်းဟုန်းတောက် နေအိမ်တွေထက် ဗုံးဆံမိုးရွာဖြိုး

ပြည်သူ့ရန်ဆို နေဝင်းစစ်အာဏာသိမ်းပြီးကတည်းက

ဘယ်တုန်းအခါကမှ မကာကွယ်တဲ့ တပ်မတော်ဟာ

ဒို့အရေးတာဝန် ၃ ပါးကို အခုချိန်ထိ လျှာရိုးမရှိတိုင်းဇွတ်အော်

ချောက်ထဲကျလုလု မြန်မာပြည်ကိုကယ်တင်ခဲ့တာ ကျူ ပ်တို့ပဲ......တဲ့။ " ထွှီး "

တဖက်မှာလည်း....

လက်နက်ကိုင်လမ်းစဉ်ဆိုပြီး တော်လှန်စစ်ကိုမဆင်နွဲ

ခုခံစစ်နဲ့မွေ့ပျော် အဲဒီ- စစ်အာနိဌါရုံကြောင့်

ဒုက္ခဘေးဆိုးတွေ့နေကြတဲ့ တို့တိုင်းရင်းသားညီအကိုတွေကို

မကြေနပ်ရင်လည်းဟောတစ်ယောက် ဟောတစ်ယောက်နဲ့

ဖောက်ပြန်နေသူတွေက အသေသတ်နေပြန်တယ်......တူလေးရေ။

ဒို့အရေးတာဝန် ၃ ပါးအောက်မှာ လုံးပါး- ပါးနေတဲ့ တို့ပြည်သူတွေ

ရောင်စုံသူပုန်ပေါပါလျှက်နဲ့ မလွတ်မြောက်သေးတဲ့ တို့တိုင်းပြည်ဟာ

အကျည်းတန်ပြီး အထီးကျန်နေတာလည်းကြာခဲ့ပြီပေါ့.....တူလေးရေ။

ဒီပြည်တွင်းစစ်ကြောင့် လူတွေဟာသေပျောက်- ကျိုးကန်း

ရိုးသားတဲ့ တို့ရဲ့တိုင်းရင်းသူတွေကိုစော်ကား

လူသားတွေကိုမိုင်းရှင်းကရိယာအဖြစ်အသုံးပြု

အဲဒီပြည်တွင်းစစ်ဟာ အရုပ်ဆိုးအကျည်းတန်မှန်းသိပါရဲ့နဲ့

ဘာရယ်ကြောင့်များ

စစ်မက်တွေဖြစ်ပွါးနေကြသလဲ.....ဆိုတာ

တွေးမိလေတိုင်း မျက်ရည်ဝိုင်းကာ စိတ်ထဲမကောင်းဘူး.....တူလေးရေ။

အခုလည်းကြည့်လေ....အပစ်ရပ်ရေးဆိုပြီး

ဆွေးနွေးနေလိုက်ကြတာ နောက်ဆုံးမတော့

စစ်ဘေးဒဏ်ဘဝနဲ့ စစ်ပြေးစစ်ရှောင် လူလုံးမလှ အပူလုံးကမကျ

ယူကြုံးမရခဲ့တာလည်း တို့ပြည်သူတွေပဲမဟုတ်လား....တူလေးရေ။

( ကိုဗလိုင် )

( ကိုဗလိုင် )