torsdag den 27. november 2014

အောက်ချီးနင်းပြီး စကားကြီးစကားကျယ် လျှောက်ပြောမနေနဲ့

အောက်ချီးနင်းပြီး စကားကြီးစကားကျယ် လျှောက်ပြောမနေနဲ့



၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့အတွက်         တိုင်းရင်းသားတွေဘက်က

ဒေါက်တာအေးမောင်ကိုရွေးချယ်လိုက်သော်ညားလည်း,       ၆ ပွင့်ဆိုင်

တွေ့ဆုံဆွေးနွေးပွဲဟာ    လက်တွေ့မကျတဲ့အတွက်လက်တလောမဖြစ်

နိုင်သေးဘူးလို့ သမ္မတပြောရေးဆိုခွင့်ရှိသူကိုရဲထွဋ်က RFA ကိုပြောကြား

ခဲ့ပါတယ်။

ကျနော်ပြောပြမယ်-    အာဏာရှင်စိတ်ဓါတ်မကုန်ခမ်းသေးတဲ့လူတွေဟာ

အတိုက်ခံတွေဘက်ကဘယ်လိုပဲသဘောထားကြီးပြီး  လိုက်လျှောတောင်း

ဆိုမှုတွေလုပ်လာပစေ- အာဏာရှင်တွေဟာ သူတို့ရဲ့ထုံးစံအတိုင်း အလျှော့

အတင်းလုပ်သူတွေကို အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်စမြဲဖြစ်သည်။

အကယ်၍ မဖြစ်မနေလိုက်လျှော့ရပါမူ- ဥပမာ။   ။ ၄ ပွင့်ဆိုင်အစား ၁၄ ပွင့်

ဆိုင်သို့အမည်ပြောင်းကာ     သူတို့ဦးဆောင်ပြီးလုပ်တဲ့ပုံသဏ္ဍန်မျိုးလုပ်ပြ

တတ်ကြပါတယ်။ အခုလဲ  ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ၆ ပွင့်ဆိုင်ဆိုတာ

ဟာ လူပုဂိုလ်ကိုအခြေခံတဲ့အတွက် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲဟာ လက်

တွေ့မကျတဲ့အတွက်လက်တလောမဖြစ်နိုင်သေးဘူးလို့    မတင်မကျ စကား

ပြောကာငြင်းဆန်ထားပါတယ်။ ပြီးတော့-  ဒေါ်အောင်ဆန်းစုကြည်နဲ့  လွှတ်

တော်ကချည်းကပ်ပုံနဲ့ သူတို့ချည်းကပ်ပုံက     အတော်ကိုကွာနေတယ်- တဲ့။

ဒေါ်အောင်ဆန်းစုကြည်နဲ့   လွှတ်တော်ကချည်းကပ်ပုံက လူပုဂိုလ်ကိုအခြေခံ

ကာချည်းကပ်သလိုဖြစ်နေပြီး- အစိုးရအနေနဲ့ ချည်းကပ်ပုံက အဖွဲ့အစည်းတွေ

ကိုအခြေခံပြီးချည်းကပ်နေတယ်လို့ ရှာရိုးမရှိတိုင်းပြောနေပြန်တယ်။ ကျနော်ပြော

ပြမယ်ကိုရဲထွဋ်- ခင်ဗျားတို့အစိုးရအဖွဲ့ဟာ အောက်ချီးနင်းပြီးစကားကြီးစကား

ကျယ်တွေလျှောက်ပြောမနေနဲ့- နားကြားကန့်လန့်လို့ပါ..။

တိုင်းပြည်ကောင်းဖို့အတွက်- နိုင်ငံရေးအကြပ်တည်းတွေလွတ်မြောက်ဖို့အတွက်

ဘယ်သူတင်တဲ့အဆိုဖြစ်ပါစေ- ဘယ်အဖွဲ့အစည်းတင်တဲ့အဆိုဖြစ်ပါစေ, ကောင်း

ရင်လက်ခံတတ်တဲ့ အကျင့်ကောင်းတွေမွေးမြူ သင့်ပြီး။ အခြားလူတွေတင်တဲ့အဆို

ကို ဟိုအကြောင်းပြ, ဒီအကြောင်းပြငြင်းဆန်ပြီး- ငါတို့တင်တဲ့အဆိုမှကောင်းတယ်

ဆိုတဲ့ ဥာဏ်ဆိုးတွေဖျောက်ဖျက်သင့်ဖို့လိုပြီး..။ လူပုဂိုလ်အဖွဲ့အစည်းတွေကိုအစာ

မကြေလို့ဆိုပြီးကပ်ဖဲ့ရပ်ဖဲ့မလုပ်ပါနဲ့...အရွေ့ကိုမြန်ပါစေ- တိုင်းပြည်နဲ့ လူမျိုးအပေါ်

ထားရှိတဲ့စေတနာတွေမှန်ကန်ပါစေ..။

( ကိုဗလိုင် )

onsdag den 26. november 2014

သက်ဆိုင်သူများသို့......

သက်ဆိုင်သူများသို့......


ကျနော့်အထင်- ၂၀၁၅ မှာမလွဲမသွေဖြစ်လာမယ့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတောင်းဆိုမှုကိုရှောင်လွှဲလို၍ NLD နဲ့ အများသူဌါတောင်းဆိုလာသော ၎

ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးအဖြေရှာရေးအစား ၆ ပွင့်ဆိုင်ဆိုသောတွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာသဘားဆိုတာကိုသုံးသပ်မိတယ်။ ဘာပဲဖြစ်ဖြစ် ယ္ခုတွေ့ဆုံ

ဆွေးနွေးအဖြေရှာရေးသည် ယ္ခင်ကလိုဘာသတင်းမှထုတ်မပြန်၍ရသောကာလတခုမဟုတ်တော့ပါ..။ ဒီမိုကရေစီစနစ်ဆီသို့ချီတက်လျှင်- အဓိက- ကတော့

ပွင့်လင်းမြင်သာမှုရှိရတော့မည်။ ပွင့်လင်းမြင်သာမှုမရှိလျှင် ဝေဖန်ရှုတ်ချခြင်းကိုမလွဲမသွေခံကြရမည်။ ဒါကြောင့်- သူ့မယုံကိုယ့်မယုံဖြစ်နေကြတဲ့ နှစ်ဖက်

ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ယုံကြည်မှုကိုတည်ဆောက်နေသည်ဟု အချိန်ကုန်ခံ၍ ဖြီးဖြန်းလိမ်ညာနေကြမယ့်အစား

ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကြပ်တည်းတွေကို အရှိကိုအရှိတိုင်း ရိုးသားပွင့်လင်းစွာတွေ့ဆုံဆွေးနွေးဖြေရှင်းလိုက်လျှင် တွေ့ကြုံရင်ဆိုင်နေရတဲ့အထွေထွေနိုင်ငံ

ရေးပြသနာတွေငြိမ်းအေးသွားမည်ဖြစ်သည်။ အဲဒီလိုမှမဟုတ်ပဲ သူ့မယုံကိုယ့်မယုံသူတွေက ယုံကြည်မှုမခိုင်မာသေးလို့ ပျက်ပြားသွားရပါတဲ့ဆိုတဲ့စကားကိုပဲထပ်ခါ

သလဲလဲသုံးပြီးအကြောင်းပြနေလို့ကတော့ ဇတ်မျောကြီးသာဖြစ်သွားလိမ့်မည်။ ဘာအကြောင်းနဲ့ သူ့မယုံကိုယ့်မယုံဖြစ်နေရသလဲ။ ကိုယ့်အပြစ်မမြင်, သူ့အပြစ်

ကိုပဲမြင်နေတဲ့ အတိတ်သမိုင်းကဇတ်လမ်းတွေကြောင့်သူ့မယုံကိုယ့်မယုံဖြစ်နေကြသလား။ 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကိုဘယ်လောက် %  နဲ့အတည်ပြုထောက်ခံခဲ့ကြောင်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က 

သူ့ဆရာပြောခဲ့တဲ့လေသံအတိုင်းမျက်နှာပြောင်တိုက်ပြီးပြောကြားခဲ့ပါတယ်။ အောက်တို ၃၁ ရက်နေ့က ၁၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲဟာ  နိုင်ငံရေးအကြပ်

တည်းကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘူးလို့ မောင်ရဲထွဋ်ကလိမ်ညာပြောဆိုခဲ့ပြန်တယ်။ ပြီးတော့- ရွှေမန်းကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ သမ္မတနဲ့ကာချုပ်

အပေါ်မှာမူတည်ပါတယ်လို့အမှန်အတိုင်းပြောဆိုပြီးတာနဲ့ နောက်တနေ့မှာ သမ္မတကလွှတ်တော်အပေါ်နဲ့ ပြည်သူအပေါ်မှာသာမူတည်တယ်လို့ ဘော်လီဘော်

ပုတ်လိုက်ပြန်တယ်။ ကျနော်ပြောချင်တာက နိုင်ငံရေးကိုရိုးရိုးသားသားလုပ်ကြပါ။ မလိပ့်တပတ်ပုံစံနဲ့ နိုင်ငံရေးကိုလုပ်နေရင်တော့ တိုင်းပြည်သာနစ်နာလိမ့်မယ်

ဆိုတာသိရှိထားဖို့လိုပါတယ်။

အခုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးအတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒါနဲ့

တဆက်ထဲရှေ့ဆင့်နောက်ဆင့်ဆိုသလို သမ္မတကလည်း  နိုင်ငံရေးအင်အားစုများအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေကို မကြာခဏပြုလုပ်သွားဖို့လိုအပ်ကြောင်း

နဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ဖို့ကိုလည်းသမ္မတကတိပြု ပြောကြားသွားပြန်တယ်။ တိုင်းပြည်ကောင်းဖို့လုပ်ရင်ဘယ်သူလုပ်လုပ် ကျနော်တို့ကအသိအမှတ်ပြု

ကြိုဆိုထောက်ခံသွားမှာပါ။ ကျနော်တို့တိုင်းရင်းသားပြည်သူတွေလိုချင်တာကတော့ တရားဥပဒေစိုးမိုးပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းရင်းသားပြည်သူ

တွေအကုန်လုံးတန်းတူအခွင့်အရေးရရှိဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့်- ခေါင်းဆောင်များအနေနဲ့ ဖြစ်ပေါ်လာတဲ့နိုင်ငံရေးအကြပ်တည်းတွေကိုတစ်ဦးကောင်း, တစ်

ယောက်ကောင်း,တစ်ဖွဲ့ကောင်းပုံစံနဲ့ဖြေမရှင်းပဲ- သဘောထားကြီးကြီးထားပြီး အကြပ်တည်းမှန်သမျှကိုတွေ့ဆုံးဆွေးနွေးခြင်းဖြင့်, အဖြေရှာဆွေးနွေးရှာကြလျှင်-

ကျွန်ုပ်တို့နေသောပြည်ထောင်စုသည် မငြိမ်းချမ်းစရာဘာအကြောင်းမှမရှိပါကြောင်း သက်ဆိုင်သူများထံရေးသားတင်ပြလိုက်ရပါတယ်။

( ကိုဗလိုင် )


lørdag den 8. november 2014

ကောင်းမွန်တဲ့အစဉ်လာကောင်းတခုဖြစ်ပေါ်လာစေဖို့

ကောင်းမွန်တဲ့အစဉ်လာကောင်းတခုဖြစ်ပေါ်လာစေဖို့



ကြီးကြီးငယ်ငယ်တစ်ယောက်နဲ့တစ်ယောက် အပြန်

အလှန်လေးစားခြင်းချစ်ခင်မှုနဲ့ အပြန်အလှန်နားလည်

ခွင့်လွှတ်မှုရှိကြဖို့ ကျနော်တို့တတွေအားလုံးမှာလိုအပ်

ပါတယ်။ ။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုနဲ့

အပြန်အလှန်နားလည်ခွင့်လွှတ်မှုရှိရအောင်လည်း ကျ

နော်တို့တတွေကျင့်ကြံနေထိုင်အားထုတ်သွားရပါ့မယ်။

ဘာကြောင့်လဲဆိုတော့- ဒီအစဉ်လာဟာ နောင်လာနောက်

သားတွေအတွက် အရမ်းကောင်းတဲ့အစဉ်လာတခုဖြစ်လာ

မှာမို့ပါ။ ဒီအတွက်- ကျနော်တို့အချင်းချင်း အပြန်အလှန်နား

လည်မှုနဲ့ လေးစားချစ်ခင်သမှုရှိကြဖို့လိုအပ်ပါတယ်။ ခုတ်

မယ်ထစ်မယ်-ပါးပါးလှီးမယ်ဆိုတဲ့မြန်မာ့သမိုင်းကိုလည်း

ဆေးကြောသန့်စင်ဖို့လိုအပ်နေပါပြီ။ ဒါကြောင့်....နောင်လာ

နောင်သားတွေချစ်ချစ်ခင်ခင်နဲ့  အပြန်အလှန်လေးစားနား

လည်ခွင့်မှုရှိတဲ့ ကောင်းမွန်တဲ့အစဉ်လာကောင်းတခုဖြစ်ပေါ်

လာစေဖို့ကျနော်တို့တတွေ ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်သွား

ကြဖို့လိုပါတယ်။

( ကိုဗလိုင် )

onsdag den 5. november 2014

ဘဝကိုပေး၍ ခေတ်အလှကိုမွန်းမံသူ

ဘဝကိုပေး၍ ခေတ်အလှကိုမွန်းမံသူ



ကျနော့်အမြင်.....ကျနော့်အထင်မဟုတ်

သူ့မရဲ့သဏ္ဍန် သူ့မရဲ့ရိုးသားဟန်

ခင်ဗျား- ကျနော်.....အသိ။

ထက်မြက်တဲ့ သူမ့ရဲ့ကလောင်

နှူးညံ့တဲ့ သူမရဲ့စိတ်နေသဘောထား

ကျယ်ပြန့်တဲ့ သူမရဲ့အတွေး

စူးရှတဲ့ သူမရဲ့အမြင် အဲဒီဂုဏ်ပိုဒ်တွေနဲ့

သူ့ဘဝကိုပေး၍  ခေတ်အလှကိုမွန်းမံ

အဲဒီသူဟာ.....

ချစ်မဝတဲ့ ကျွန်ူပ်တို့ရဲ့ သူရဲကောင်း

မြို့မြန်မာ့ဇာနည် ဒေါ်အောင်ဆန်းစုကြည်။

( ကိုဗလိုင် )


 

søndag den 2. november 2014

ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြု သဘောရှုထောက်ကနေ ဝေဖန်ထောက်ပြခြင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြု သဘောရှုထောက်ကနေ ဝေဖန်ထောက်ပြခြင်း



သမ္မတနေအိမ်မှာ အောက်တိုဘာ ၃၁ ရက်နေ့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ကျင်းပတုန်းစဉ် mandate ( မဲန်းဒိတ် ) မပါလို့ဆိုပြီးပြောပိုင်ခွင့်မရှိဘူးလို့

ဒေါ်အောင်ဆန်းစုကြည်မှငြင်းလိုက်ခြင်းသည် မိမိရရှိလိုက်သည့်အခွင့်အ

ရေးကိုလက်လွှတ်လိုက်သလိုဖြစ်သည်ဟု ကျနော့်အနေနဲ့ထောက်ပြဝေဖန်

လိုပါသည်။

ကျနော်ဆိုလိုတာက- ဒီလူ- ဒီလူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ကို

မိမိပါတီမှကိုယ်တိုင်တောင်းဆိုထားပြီး, ဒီလူတွေနဲ့ တွေ့ဆုံတဲ့အခါ မိမိဖြစ်

ချင်တာကို ရရှိတဲ့အချိန်လေးမှာ........ရသလိုပြောဆိုဆွေးနွေးသင့်ပါသည်။

အကယ်၍ဆွေးနွေးဖို့အချိန်မလောက်ဌရင်- အချိန်တိုးတောင်းဆွေးနွေးပြီး,

ဆွေးနွေးခွင့်မရရှိခဲ့ရင်- အကြောင်းကျိုးဆီလျှော်စွာထောက်ပြီး နောင်တချိန်

တွေ့ဆုံဆွေးနွေးပွဲအတွက် ရက်တစ်ရက်ကိုသတ်မှတ်ပေးဖို့ အစည်းဝေး

တက်ရောက်သူများရှေ့မှောက်တွင်တောင်းခံရပါလိပါ့မည်။ ဒါဟာဘာကိုရည်

ညွှန်းသလဲဆိုရင်တိုင်းပြည်ရဲ့အရေးကိုအချိန်မဆွဲထားချင်တဲ့သဘောကိုရည်

ညွှန်းပြောဆိုခြင်းဖြစ်တယ်။ တချိန်ကလို- စကားပြော, ထမင်းစား, လက်ဖက်

ရည်သောက်ပြီး ဘာသတင်းမှမထုတ်ပြန်, ဘာအကျိုးရလာဒ်မှထွက်ပေါ်မလာ

တဲ့တွေ့ဆုံဆွေးနွေးပွဲကို လူအများကလက်မခံတော့ပါဘူး။ ဘာပဲဆွေးနွေးနွေး

ဘာတွေဆွေးနွေးကြသလဲဆိုတာ အားလုံးကသိချင်ကြပါတယ်။ ဆွေးနွေးပြီး

ဘာသတင်းမှ ထုတ်မပြန်တာကိုတော့ ပြည်သူလူထုကလက်မခံချင်တော့ပါဘူး။

ဘာပဲဖြစ်ဖြစ် အောက်တိုဘာ ၃၁ ရက်နေ့ဆွေးနွေးပွဲဟာ သတင်းစာရှင်းလင်းပွဲ

လုပ်ပြီး အများသိအောင်ဘာတွေတွေ့ဆုံဆွေးနွေးကြသလဲဆိုတာသိခဲ့ရတဲ့အ

တွက် အဆိုးထဲကအကောင်းလို့ပဲဆိုရမှာပဲ။

ကျနော်ကတော့ ၄ ပွင့်ဆိုင်ကိုထောက်ခံထားပေမယ့် အားလုံးပါတဲ့တွေ့ဆုံဆွေး

နွေးပွဲကိုပိုမိုနှစ်ချိုက်ပါတယ်။ ဘာလို့လည်းဆိုရင်- ၄ ပွင့်ဆိုင်ပြီးရင်လဲ နောင်တ

ချိန်အားလုံးပါတဲ့တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ကျင်းပဦးရမှာဖြစ်တဲ့အတွက်ကြောင့်

အချိန်မဖြုန်းလိုတဲ့သဘောပါ။ တိုင်းပြည်ရဲ့အထွေထွေအကြပ်တည်းတွေကို ၄ ပွင့်နဲ့

တော့ပွဲမပြတ်တာသေချာတယ်။ ကျနော်တို့မှာအာဏာနဲ့ လုပ်ပိုင်ခွင့်မရှိတော့လည်း

အခုလိုပဲအပြုသဘောကနေကြည့်ပြီးဝေဖန်ထောက်ပြမှုတွေရေးသားနေရဦးမှာပဲ။

( ကိုဗလိုင် )




lørdag den 1. november 2014

အောက်တိုဘာ ၃၁ ရက်နေ့တွေ့ဆုံဆွေးနွေးမှုအပေါ်- ဝေဖန်သုံးသပ်ထောက်ပြခြင်းနှင့် ကျနော့်အမြင်တင်ပြဆွေးနွေးခြင်း

အောက်တိုဘာ ၃၁ ရက်နေ့တွေ့ဆုံဆွေးနွေးမှုအပေါ်- ဝေဖန်သုံးသပ်ထောက်ပြခြင်းနှင့် ကျနော့်အမြင်တင်ပြဆွေးနွေးခြင်း



၁- အစည်းဝေးတက်ရောက်သူများအနေဖြင့် ၁၀ မိနစ်သာစကားပြောခွင့်ရရှိတဲ့အတွက်ကြောင့်.....ထိပ့်သီးအစည်းဝေးမမည်ကြောင်း။

၂- ဖွဲ့စည်းပုံပြု ပြင်ပြောင်းလဲရေးကို ဖွဲ့စည်းပုံဥပဒေနဲ့အညီလွှတ်တော်မှာဖြေရှင်ရှင်းဖို့ဆိုတာ....ချည်ပြီးတုတ်ပြီးသားပုံစံမျိုးသဘောသက်ရောက်ကြောင်း၊ ဘာဖြစ်လို့

လဲဆိုရင်၂၅ % ဟာ ရွေးကောက်ပွဲမဝင်ပဲလွှတ်တော်မှာနေရာရယူထားခြင်းကြောင့်လည်းကောင်း, ၇၅ % ကျော်မှသာလျှင် ဖွဲ့စည်းပုံပြင်ဆင်လို့ရမည်သောကြောင့်

လွှတ်တော်မှာဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် များစွာအခက်ခဲရှိနိုင်ပါတယ်။ (( ဒီနေရာမှာဖွဲ့စည်းပုံကိုမပြင်လိုသူများအနေနဲ့သိထားရမှာက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်

လူထုထောက်ခံမှုကိုရယူစရာမလိုတော့ပါ။ဥပမာအနေနဲ့ပြောရင်- လူထုက ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကိုတစစီဆွဲဆုတ်ပြီး မီးရွှုံ့ပစ်ခြင်နေသောကြောင့်ဖြစ်သည်။ ))

၃- သမ္မတမှ အခါအားလျှော်စွာတွေ့ဆုံဆွေးနွေးမှုပြုလုပ်ပေးမည်ဆိုသောစကားသည် မသေချာမရေရာသောစကားဖြင့်သည့်, တိုင်းပြည်၏ အထွေထွေ

အကြပ်တည်းများကို စိတ်ရင်းစေတနာကောင်းနှင့် တပ်မတော်ကော- အစိုးရဘက်ကပါဖြေရှင်းလိုစိတ်ရှိခဲ့ပါမူ....ယ္ခုကဲ့သို့တွေ့ဆုံဆွေးနွေးပွဲကို ၂ လတကြိမ်အနည်း

ဆုံးပြုလုပ်ပေးရမည်ဖြစ်ကြောင်း, ဥပမာအနေဖြင့် ထောက်ပြရလျှင်- ယ္ခု ပြုလုပ်ကျင်းပသည့် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးပွဲသည် ၄ နှစ်ကြာမှတခါတည်းသာပြုလုပ်

ကျင်းပခဲ့သည့်တွေ့ဆုံဆွေးနွေးပွဲဖြစ်သည့်အတွက်- နောက်ထပ်တကြိမ်တွေ့ဆုံဖို့ ၄ နှစ်တခါကြာနေဦးမယ်ဆိုရင် တိုင်းပြည်ရဲ့အထွေထွေအကြပ်တည်းများကိုဖြေရှင်း

ရာမရောက်သလို.....ပြည်သူတွေမျှော်ရည်မှန်းထားတဲ့ ရွှေပြည်တော်သည်လည်းမျှော်လေတိုင်းဝေးနေဦးမည်ဖြစ်သည်။

၎- အထွေကဏ္ဍမှာ နောက်တချိန်အားလုံးပူးပေါင်းပါဝင်နိုင်မယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့အတွက် အစည်းဝေးတက်ရောက်သူများမှ နောင်တွေ့

ဆုံဆွေးနွေးရန်အတွက် အချိန်တခုတောင်းဆိုသင့်ကြောင်း။

၅- တစ်ဦးလျှင် ၁၀ မိနစ်မျှလောက်နဲ့ တွေ့ဆွးနွေးပွဲသည် မြန်မာနိုင်ငံရဲ့လက်ရှိရင်ဆိုင်တွေ့ကြုံနေရတဲ့ အထွေထွေအကြပ်တည်းများကိုဖြေရှင်းလို့မရနိုင်ကြောင်း၊ ထို့ကြောင့်-

နောက်တချိန်အားလုံးပူးပေါင်းပါဝင်ဆွေးနွေးနိုင်မယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ မဖြစ်မနေအမြန်ဆုံးပြုလုပ်သင့်ကြောင်း။

၆- ယ္ခု- တွေ့ဆုံဆွေးနွေးပွဲသည် အလုံးစုံပါဝင်ဆွေးနွေးတက်ရောက်သည့်အစည်းဝေးမဟုတ်သဖြင့်- နောင်တကြိမ်အစည်းဝေးကို ၃- ၄ ရက်တန်သော်လည်းကောင်း

အနည်းဆုံး ၂ လတကြိမ်ပြုလုပ်သင့်သည်။

၇- တိုင်းပြည်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးဖို့အတွက် မလိုလားတော့သည့်ဥပဒေများကိုပြင်ဆင်ရန်အတွက် အချိန်ဆွဲနေခြင်းသည် သက်ဆိုင်သူများမှ ကြောက်ရွံ့ခြင်းနဲ့

မရိုးသားခြင်းကိုမီးမောင်းထိုးပြနေသလိုဖြစ်နေသည်။

၈- နိုင်ငံရေးပြသာနာများကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းခြင်းကိုအပြည့်အဝထောက်ခံကြိုဆိုသော်လည်း, တိုင်းရင်းသားဒေသများတွင် စစ်ပွဲများဆက်လက်မဖြစ်အောင်

ထိမ်းချုပ်ရမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားဒေသများတွင် စစ်တပ်မှစစ်အင်အားတိုးချဲ့နေခြင်းကို အမြန်ဆုံးပြန်လည်ရုပ်သိမ်းပေးရမည်။

၉- ဒီမိုကရေစီအရေးဖော်ဆောင်ရာမှာ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ဥပဒေပုဒ်မများကိုဖျက်သိမ်းပေးရမှာဖြစ်ပြီး၊ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက်ဆိုရင်လည်း

တိုင်းရင်းသားများရရှိရထိုက်တဲ့အခွင့်အရေးများကိုအလေးထား၍ အသိအမှတ်ပြု ပေးရမည်ဖြစ်ကြောင်း။

၁၀- ၂၀၁၅ နှစ်ဦးမှာ တနိုင်ငံလုံးအပစ်ရပ်ဖို့အတွက်ကြိုးပမ်းရာမှာ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ရမည်ဆိုသော တပ်မတော်ရဲ့ တဖက်သတ်ဆန်တဲ့သဘောထား

ကိုပြန်လည်ရုပ်သိမ်းပေးရမည်။

၁၁- အောက်တိုဘာ ၃၁ ရက်နေ့ဆွေးနွေးပွဲသည် အားရကျေနပ်မှုမရှိသလို.....မိမိဖြစ်ချင်တာကိုခေါ်ယူတွေ့ဆုံဆွေးနွေးသလိုဖြစ်နေသည်ဟုသုံးသပ်သည်။ ထို့ကြောင့်-

တိုင်းပြည်အေးချမ်းသာယာဝပြောရေးကိုမျှော်ရည်ပြီး အချိန်မဆွဲပဲ တွေ့ဆုံဆွေးနွေးပွဲကိုအမြန်ဆုံးဆက်လက်ခေါ်ယူကျင်းပပြုလုပ်သွားဖို့လိုအပ်ကြောင်း။

၁၂- နောက်ဆုံးအနေနဲ့ ကျနော့်အမြင်အားတင်ပြဆွေးနွေးလိုသည်မှာ.....ပြုပြင်ပြောင်လဲရေးလုပ်နေစဉ်ကာလတွင် ယုံကြည်မှုကိုတည်ဆောက်နေသည်ဟုအကြောင်းပြကာ

နှစ်ဖက်စလုံးမှ အချိန်မဆွဲထားသင့်ပေ။ ပြု ပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များအကောင်ထည်ဖော်ဆောင်ရာတွင် ပြည်သူလူထုရဲ့ယုံကြည်မှုကိုရရှိဖို့သာအဓိကဖြစ်ကြောင်းနဲ့

အချိန်ဆွဲ-အချိန်ဖြုန်းနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် မလိုလားအပ်ပဲအချိန်တွေ

ကုန်ဆုံးစေပြီး,တန်ဖိုးရှိတဲ့အချိန်တွေကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင်အသုံးချစေလိုကြောင်းကို နှစ်ဖက်

စလုံးအားသိစေအပ်ပါသည်။ ထို့အပြင်-၄၃၆ နဲ့ ၅၉ကိုလွှတ်တော်ထဲက ၂၅% ကပြင်ဆင်မယ့်အဆိုကိုငြင်းဆန်နေဦးမယ်ဆိုရင်....တိုင်းပြည်ရဲ့ နောင်ဖြစ်ပေါ်လာမယ့်

အထွေထွေအကြပ်တည်းများဖြစ်ပေါ်လာခဲ့ရခြင်း၏သမိုင်းတရာခံသည် ၂၅ % တပ်မတော်ကိုယ်စာလှယ်တွေသာဖြစ်ချေမည်။ အဲဒီအချိန်ခါကြမှ အထက်ကအမိန့်တွေ,

အောက်ကအမိန့်တွေလာမပြောနဲ့တော့....နောက်ကျသွားပြီးဆိုတာ ၂၅% တပ်မတော်သားများကိုအလေးနက်ထား၍ သိစေအပ်ပါသည်။


( ကိုဗလိုင် )