D- ပန်းကို မင်းတန်ဖိုးထားရမယ် ( ချစ်သူများနေ့- အမှတ်တရ )
ဥယျာဉ်မှူး ပန်းမခူးရဘူး...ဆိုရင်
ပန်းစိုက်တဲ့ဥယျာဉ်မှူး ဒေါသစူလိမ့်မယ်.....နော့။
အရိပ့်တကြည့်ကြည့်နဲ့ ဖွင့်ဟပြောခက်လို့
သူမုန်းသွားမှာစိုးကြောက်နေရင်လည်း
ထိုက်သူ....ပန်ပလေ့စေပေါ့။
တပါးသူနမ်းမှာ စိုးထိတ်ရင်လဲ
တွေးမနေနဲ့ ငေးမနေနဲ့
ခူးချွေလိုက်လေ....။
သူမုန်းသွားမှာစိုးကြောက်နေရင်
ဥယျာဉ်မှူး ပန်းမခူးနဲ့ပေါ့..။
ချူ တန်ကိုင်ပြီး ငေးမှိုင်မနေနဲ့
ဥယျာဉ်မှူးဆိုတာ....တကယ်တော့
ချူ ခွင့်လည်းရှိတယ် မချု ခွင့်လည်းရှိသူပါ..။
တကယ်လို့.....ကိုယ်ကချူ မရက်ဘူးဆိုရင်
တပါးသူပန်မှာ စိုးမကြောက်နဲ့လေ..။
နင်းချေ ပြီး နွမ်းကြွေသွားမှာစိုးကြောက်ရင်
ပန်းစိုက်တဲ့ဥယျာဉ်မှူး ယုယုရရနဲ့ ခူးဆွတ်ချွေ ပန်ယူလိုက်ပေါ့..။
အကယ်၍....
အခြားသူတစ်ယောက်ယောက်က တယုတရနဲ့
မြတ်နိုးယုယစွာ ခူးဆွတ်ပြီး ပန်ဆင်ချင်ရင်တော့
ဟေ့- ဥယျာဉ်မှူး.....ခင်ဗျားပန်းမခူးရဘူး....နော်။
တကယ်တော့.....ဥယျာဉ်မှူးဆိုတာ
မြတ်မြတ်နိုးနိုးနဲ့ သူပျိုးထားတဲ့ပန်းကို
လိုချင်ရင်......ခူးချွေ ပါ
ဒါပေမယ့်....ဒီပန်းကို မင်းတန်ဖိုးထားရမယ်။
( ကိုဗလိုင် )
ချစ်သူများနေ့မှာ- ချစ်သူတိုင်းပေါင်းရစေ.......သား။