mandag den 7. juli 2014

ကျောင်းသားသမဂ္ဂကို ပြန်လည်တည်ဆောက်ကြပါစို့ ( ရွှေရတု အမှတ်တရကဗျာ )

ကျောင်းသားသမဂ္ဂကို ပြန်လည်တည်ဆောက်ကြပါစို့ ( ရွှေရတု အမှတ်တရကဗျာ )

7. juli 2012 kl. 01:07

ဇူလိုင်ဟာ ငါတို့ဘဝအတွက်
အစားထိုးလို့ ဘယ်လိုရနိုင်...ပ ။
ဖြေမသာတဲ့ အဲဒီ- အဖြစ်သနစ်ဆိုးမျိုး
ကျူးလွန်သူ အကုန်လုံး
သွေးကြွေးတွေ ပြန်ဆပ်ရလိမ့်မယ် ။
အမှောင်ကုလာကာ ဘယ်လိုဖုံးဖုံး
သမိုင်းအစစ်မှာ ငါတို့ဟာ ဘယ်တော့မှမရှူံးခဲ့ဘူး ။
ကံကြမ္မာနဲ့ ထုဆစ်မထားတဲ့
ငါတို့ဘဝကို ငါတို့ပိုင်တယ်၊
ငါတို့ရဲ့ ကြမ္မာ ငါတို့နဲ့ဆိုင်တယ်၊ 
ဒါကြောင့်...ငါတို့ရဲ့ကြမ္မာ ငါတို့ဖန်တီးခွင့် ရှိကိုရှိရမယ် ။
ကဲ...တွေဝေငေးမောခြင်းကိုစွန့်ကြ
ငါတို့အားလုံး ကျောင်းသားသမဂ္ဂသီချင်းကို သီဆိုကြမယ်၊
ကမ္ဘာမကြေသီချင်းတွေ သီဆိုမယ်၊
ဒါ- တို့ပြည် ဒါ- တို့မြေ တို့တတွေပိုင်တဲ့
မြေထဲကနေ ဖောက်ပြန်သူတွေအကုန်လုံးကို
ဒို့- အရေးတွေ ဟစ်ကြွေးပြီး
ကျူ ပင်ခုတ် ကျူ ငုတ်ပါမကျန်
အပြီးတိုင် တိုက်ထုတ်ဖယ်ရှားပစ်ရမယ် ။
သမိုင်းတခေတ် အကောင်းအမှန်ပြောင်းဖို့
ငါတို့အားလုံး လမ်းမထက်ကနေ
လက်ရုံးဆန့်တန်းပြီး ညီညီညာညာနဲ့
ခေတ်စနစ်သစ်ဆီရောက်ဖို့  
ကျောင်းသားသမဂ္ဂ ပြန်လည်တည်ဆောက်ရေး.....ဒို့- အရေး ဒို့- အရေး။
ဒီမိုကရေစီရရှိရေး....................ဒို့- အရေး ဒို့- အရေး။
လူ့အခွင့်အရေး ရရှိရေး..............ဒို့- အရေး ဒို့- အရေး
သပိတ်......သပိတ်...........မှောက်...............မှောက်
မီးဒုတ်.............မီးဒုတ်...................ရှို့...............ရှို့
အရေးတော်ပုံ..............အောင်ရမည်.......
အရေးတော်ပုံ.............အောင်ရမည် အရေးတော်ပုံ.............အောင်ရမည်- ဆိုတဲ့
ကြွေးကျော်သံတွေနဲ့ အတူ
ငါတို့အားလုံး ငါတို့ရဲ့ စွမ်းပကားများစွာနဲ့
ကျောင်းသားသမဂ္ဂကို ပြန်လည်တည်ဆောက်ကြပါစို့ ။ 

(ကိုဗလိုင် )

ဤကဗျာဖြင့် ဆဲဗင်းဂျူ လိုင်တွင် ကျဆုံးသွားသည့်ကျောင်းသားများအား နှစ် ၅၀ ပြည့်
ရွှေရတုအထိမ်းအမှတ်နေ့မှာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်..။သိမိုင်းတခေတ် အကောင်း
အမှန်ပြောင်းဖို့ ငါတို့ရဲ့သမိုင်းကို ငါတို့ရဲ့ အသက်၊ သွေး၊ ချွေးတွေနဲ့ ရင်းပြီးပေးဆပ်တိုက်ပွဲဝင်ကြပါစို့..။ 
( လက်ရှိ- အစိုးရအားသိစေလိုသည်မှာ ကျောင်းသားသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးရဲ့ လိုအပ်ချက်ကြောင့်သာ
နိုင်ငံရေးလောကထဲမှာ ဝင်ရောက်ပါဝင်ပတ်သက်နေရတာဖြစ်ပါတယ်။မြန်မာနိုင်ငံတည်သာ အမှန်တကယ် 
တည်ငြိမ်အေးချမ်းနေမယ်ဆိုရင်- ဘယ်ကျောင်းသားမှ နိုင်ငံရေးလောကထဲမှာဝင်ရောက်စွတ်ဖက် ပါပတ်သက်မှာမဟုတ်ပါဘူး။ ကျောင်းသားအရေးသာ ကျောင်းသားလုပ်ဆောင်မှာဖြစ်တယ်ဆိုတာကို သိစေလိုပါတယ် )
( ရွှေရတု အထိမ်းအမှတ်ကဗျာအား ၅၂ နှစ် မြောက်ကျောင်းသားသမဂ္ဂနေ့တွင် ပြန်လည်ဖော်ပြသည် ) ( ကိုဗလိုင် )