torsdag den 26. juni 2014

အရေးကြီးပြီး

အရေးကြီးပြီး

26. juni 2014 kl. 17:17


အရေးကြီးပြီး ငါတို့တတွေသည်

မကြောက်တရား လက်ကိုင်ထားပြီး

သတ္တိဗျတ္တိ ရှေ့တန်းထုတ်ကာ

ငါတို့တတွေရဲ့  ဇွဲမာန်အားဖြင့်

ဒီမိုစခန်း မျှော်ရည်မှန်းကာ

အာဏာရှင်ဟူသမျှ အမြစ်ပါမကျန်

တွန်းလှန်ကြလော့.......အိုလူသား။

( ကိုဗလိုင် )

onsdag den 18. juni 2014

အရှေ့ဆီမှာ ရောင်နီသန်းလို့လာပြီ ( ဒေါ်အောင်ဆန်းစုကြည်ရဲံမွေးနေ့အား ဤကဗျာဖြင့်ဂုဏ်ပြုအပ်ပါသည် )

အရှေ့ဆီမှာ ရောင်နီသန်းလို့လာပြီ ( ဒေါ်အောင်ဆန်းစုကြည်ရဲံမွေးနေ့အား ဤကဗျာဖြင့်ဂုဏ်ပြုအပ်ပါသည် )

19. juni 2014 kl. 01:02


သြဘာသံတွေပြည့်လျှံ

ဟော....ဟိုရှေ့နားက လူအုပ်စုရဲ့အသံ

We love ဒေါ်အောင်ဆန်းစုကြည်

ဒေါ်စု ကျမ္မာပါစေ ချမ်းသာပါစေ

ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော်ရှည်ပါစေ၊

ကျမလည်း ပြည်သူ့ကိုချစ်ပါတယ်၊

ဒေါ်စုနဲ့ ပြည်သူ- ရင်တွင်းဖြစ်စကား အပြန်အလှန်ဆိုကြနေလေ...ရဲ့။

ယုံမကြည်နိုင်လောက်အောင်ပါပဲ

မလွတ်ခင်ကလည်း ကြို

လွှတ်ပြီးတော့လည်းပိုလာတာဟာ

သူမရဲ့မေတ္တာအစွမ်းကမ္ဘာကိုလွှမ်းတာ ပြသလိုက်သလိုပါပဲ။

တချို့.....ကင်မရာတွေ တကိုင်ကိုင်နဲ့

မီဒီယာနဲ့ စကားတွေဆို၊

တချို့....ဝမ်းသာလွန်းတော့ စကားမဆိုနိုင်၊

တချို့....ပါးပြင်ထက်မှာ မျက်ရည်တွေစို၊

ဒီလူတွေနဲ့ ဒေါ်စုရဲ့ ချစ်ခြင်းဘယ်သူခွဲခွဲ ကွဲရိုးတဲ့....လား။

မိခင်တစ်ယောက်လိုအားကိုး

ဖခင်နေရာမှာ အစားထိုးခံခဲ့ရတဲ့ ဒေါ်စု

သူမဆီမှာ......အောင်ဆန်းရဲ့လမ်းစဉ်

ဗိုလ်ချုပ်ရဲ့ စိတ်ဓါတ်ခွန်အားတွေ အပြည့်ရှိတယ်။

ဟော....ဟိုရှေ့ဆီမှာရောင်နီလေးသန်းလို့လာပြီး

ငါ့တို့အားလုံး စိတ်သစ်အားမာန်နဲ့

အမေ့ကိုဖေးကူ NLD ကိုဝန်းရံပြီး

ရည်ရွယ်ရာပန်းတိုင်ဆီကို

မရောက်အရောက် တက်လှမ်းကြပါ...စို့။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ေ

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့်....ဒေါ်အောင်ဆန်းစုကြည်အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။
( ကိုဗလိုင် )



mandag den 16. juni 2014

ကျေးဇူးကြီးပေ့ ဒို့- ဖေဖေ ( ဇွန်လ ၁၅ ရက်နေ့ အဖေများနေ့အတွက် အမှတ်တရကဗျာ )

ကျေးဇူးကြီးပေ့ ဒို့- ဖေဖေ ( ဇွန်လ ၁၅ ရက်နေ့ အဖေများနေ့အတွက် အမှတ်တရကဗျာ )

16. juni 2014 kl. 17:01


အဖေ....အဖေဟာ  ကျနော်တို့မိသားစုရဲ့
အားကိုးအားထားရာ အရှင်သ္ခင်ပါ....အဖေ။
အဖေဟာ....မိသားတစ်စုလုံးရဲ့
စားဝတ်နေရေး ပညာရေး ကျမ္မာရေးနဲ့
ကျောင်းသုံးမုန့်ဖိုးပါမကျန် ပွဲလည်မုန့်ဖိုးအဆုံး
အဲဒါတွေကို တစ်ယောက်တည်းအားနဲ့ ဖွေရှာပေးခဲ့သူပါ....အဖေ။

မောတယ်  ပန်းတယ် စိတ်ဝယ်မထားပဲ
ငါ့သား  ငါ့သမီး ဝတ်ဖို့ဆင်ဖို့ကိုပါ
အပြုံးမပျက်ပဲ ငွေရှာပေးခဲ့တယ်။

ဟင်းကောင်း  ထ္မင်းကောင်း မချက်တာကြာရင်
သား- သမီးများနဲ့ အမေ့ကိုကြည့်ပြီး
မျက်နှာညှိးကာ  စိတ်မကောင်းဖြစ်နေတဲ့....တို့ဖေဖေ။

တခါတရံ အမေမသိအောင်
တိတ်တခိုးလေးနဲ့ မုန့်ဖိုးတွေကိုလည်း
ခိုးပေးတတ်တဲ့ ချစ်စရာကောင်းတဲ့....တို့ဖေဖေ။

ငါ့သား- ငါ့သမီး ပွဲလမ်းသဘင် သွားလာတဲ့ခါ
ဆင်ယဉ်အဝတ်စား မညှိးနွမ်းရအောင်
အမေ့ကိုတိုင်ပင် အမြဲလိုလို
အလှဆင်ပေးချင်တဲ့....တို့ဖေဖေ။

သားနဲ့ သမီး ခွန်အားဖြစ်စေမယ့်စကား
ဗဟုသုတ ရစေမယ့် အတွေးအမြင်တွေကိုလည်း
အားလပ်တဲ့ စနေ- တနင်္ဂနွေနေ့တွေမှာဆို
မမောနိုင် မပန်းနိုင် ပြောပြတတ်တဲ့....တို့ဖေဖေ။

ငုံမိသဲကိုင် တက်နိုင်ဖျားရောက်တဲ့
ဘယ်တော့အခါမှ ဇွဲမာန်မလျှော့နဲ့လူလေးဆိုတဲ့  အဖေ့ရဲ့စကား
ကျနော့်ရင်ထဲ အားရှိလိုက်တာ.....ဖေဖေရာ။

ဘာလုပ်လုပ် ဘာကိုင်ကိုင်
ပထမ အရင်စဉ်းစား
ပြီးတော့.....လုပ်နေရင်းနဲ့ ကိုယ့်လုပ်ရပ်တွေဟာ
မှားမှန်းသိရင်  ချက်ခြင်းရပ်လိုက်ပါ
အကျိုးအမြတ်မရှိတဲ့
တရားသေ " ဝါဒ " ဘယ်တော့မှဆုပ်ကိုင်မထားနဲ့ ဆိုတဲ့
အဖေ့ရဲ့ ဆိုဆုံးမစကားတွေကို
ပြန်လည်ကြားယောင် မြင်ယောင်လာတဲ့ ညညတွေဆို
စစ်ကနဲမည်အောင် ရင်ထဲနာကျင်နေစဲပါ.....အိုဖခင်။

လဲနေသူကို ကူပါ
ဒုက္ခရောက်နေသူနဲ့ ဒုက္ခမရောက်သူကို
ခွဲခြားသိမြင်တတ်ဖို့ ပြောဆိုခဲ့တဲ့ ဖေ့ဖေ့စကား
ပြီးတော့.....ကံစီမံရာကို မလှန်နိုင်ပေမယ့်
ကံကိုတော့ အားမကိုးနဲ့ ငါ့သား။
အတ္တဟိ အတ္တနော နာထော
မိမိကိုယ်သာ မိမိကိုးကွယ် ဆည်းကပ်ရာဆိုတဲ့
ဗုဓ္ဒရှင်တော်ဘုရားရဲ့ ဆိုစကားကို လိုက်နာကျင့်ကြံပါ.....တဲ့။

တခုတော့ မှာလိုက်မယ် ငါ့- သားနဲ့ သမီးတို့
လူယုံသတ်လို့ ဘယ်တော့မှ အသေမခံနဲ့
အဲဒီလိုဖြစ်ရင် ကိုယ်အသုံးမကျတာပဲ
ကြောက်စရာကောင်းတဲ့ လူတွေကို ရွေးချယ်ပြီးပါင်းသင်းပါ ဆိုတဲ့
ဖေ့ဖေ့စကား သား- သတိရလိုက်တာ...ဗျာ။

တခါတလေ  အဖေ့အတွက်မပါ
လမ်းထိပ့်ဆိုင်က ခေါက်ဆွဲကျော်တွေ ဝယ်လာတတ်တဲ့
ဒို့ဖေဖေကိုလေ ပြန်မြင်ယောင်မိတိုင်း
မချိရင်ထဲ ဝေဒနာတွေကဲ
သတိမယှဉ်တွဲ ဝေဒနာတွေမစဲတဲ့ အဲဒီညဆို
ဖေဖေကျမ္မာပါစေကြောင်း အလီလီအခါခါဆုတောင်း
သြော်..... ကျေးဇူးကြီးပေ့ တို့ဖေဖေ..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျေးဇူးရှင် ဖခင်များအား ဤ- ကဗျာဖြင့် ကန်တော့လိုက်ပါသည်။
( ကိုဗလိုင် )