torsdag den 12. marts 2015

ဟားတိုက်ပြီးရယ်နေလိမ့်မယ် ( မြန်မာလူ့အခွင့်အရေးနေ့ အမှတ်တရ )

ဟားတိုက်ပြီးရယ်နေလိမ့်မယ် ( မြန်မာလူ့အခွင့်အရေးနေ့ အမှတ်တရ )



ခေတ်အဆက်ဆက်ပါပဲ


ရဟန်း, ရှင် , လူ, ကျောင်းသား, ပြည်သူတွေသွေးမြေကျ ခဲ့ရင်


အငြိုးတေးတွေမထားပဲ ငါ့နိုင်ငံ ငါ့လူမျိုးအတွက်


ပေးဆပ်နေတာပဲလို့ခံယူကာ


ခင်ဗျားတို့အပေါ်နားလည်ခွင့်လွှတ်ပေးခဲ့ကြတယ်။


ခင်ဗျားတို့ကတော့- ဗျာ


အငြိုးအတေးတွေထားပြီး


ခပ်ကြမ်းကြမ်းခပ်ရမ်းရမ်း တုန့်ပြန်နေတုန်းပါပဲလား။


ကျုပ်တို့ကသာ ခင်ဗျားတို့လိုမျိုး


အငြိုးအတေးတွေထားပြီး လက်တုန့်ပြန်ခဲ့ရင်


ဒီလောကမှာ ခင်ဗျားတို့မျိုးဆက်တွေပျောက်ကုန်ရောပေါ့။


အခုလည်းပဲ.....


ရန်လိုအမုန်းပွါးလုပ်ရပ်တွေနဲ့ အကြမ်းဖက်နေတာဘယ်သူတွေလဲ၊


တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိုနှောက်ယှက်ဖျက်ဆီးနေတာ ဘယ်သူလဲ၊


တိုင်းပြည်ကိုချောက်နက်နက်ထဲတွန်းချနေတာလဲ- ဘယ်သူတွေလဲ၊


အဲဒါ.......ခင်ဗျားတို့ပဲလေ။


နိုင်ငံရဲ့ တရားရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေပျက်ဆီး


နိုင်ငံရဲ့ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတာတွေယိုယွင်းနေချိန်မှာ


ခင်ဗျားတို့ကတော့ မိတ်ဆုံစားပွဲတွေမှာ


အကောင်းဆုံးအရက်တွေချ ပြီး


ဇိမ်ခံကားစီးကာ


စားကောင်းသောက်ဘွယ်တွေနဲ့ ဇိမ်ကျနေမြဲပဲလေ။


မသိချင်ယောင်ဆောင်မနေကြပါနဲ့


သေမင်းလက်ပုခုံးပုတ် မခေါ်ခင်


လောကကောင်းကောင်းကျိုး ခင်ဗျားတို့တတွေသယ်ပိုးသင့်ပြီး။


နောင်ဘဝအတွက် ခင်ဗျားတို့နဲ့ ကျနော်တို့ရဲ့ ရိက္ခာအစစ်မှန်ဟာ


လောကကောင်းကျိုး ထမ်းသယ်ပိုးခြင်းပဲ။


အဲဒီလိုမှမဟုတ်ပဲ ဆိုးမြဲတိုင်းဆိုး


မိုက်မြဲတိုင်းဆက်မိုက်နေကြဦးမယ်ဆိုရင်


ငရဲပြည်ကိုကြိုရောက်နေနှင့်တဲ့ ခင်းဗျားတို့ရဲ့လက်ဦးဆရာ


တနှာရှူး နှာဘူး ဗိုလ်နေဝင်းက


ငါ့ထက်မိုက်တဲ့ ငါတပြည့်တွေ ရောက်လာကြတော့မလားဆိုပြီး


ခါးထောက်ကာ ဟားတိုက်ပြီးရယ်နေလိမ့်မယ်။


( ကိုဗလိုင် )

ဆက်တိုက်ဖြစ်ပေါ်နေသောအကြမ်းဖက်နှိမ်နင်းမှုနှင့်ပတ်သက်ပြီး ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်။

ဆက်တိုက်ဖြစ်ပေါ်နေသောအကြမ်းဖက်နှိမ်နင်းမှုနှင့်ပတ်သက်ပြီး ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်။



  ဆက်တိုက်ဖြစ်ပေါ်နေသောအကြမ်းဖက်နှိမ်နင်းမှုနှင့်ပတ်သက်ပြီး ပြည်ပရောက်

  အမျိုးသားကျောင်းသားများအဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်။

  စာအမှတ်။  ။ ပမကဖ/  ဗလ ၁၄/  ၀၀၂၇ /  ၁၅

  ရက်စွဲ။ ၁၂. ၃. ၂၀၁၅

၁-   အလုပ်သမားအရေး၊ လယ်သမားအရေး၊ ကျောင်းသားအရေးစတဲ့အရေးများတွင်

   လက်ရှိအစိုးရအာဏာပိုင်များမှ အင်အားအလွန်ကျွံ အသုံးပြု ပြီး အကြမ်းဖက်နှိမ်နင်း

    ခြင်းအပေါ် ကျွန်ူပ်တို့ပြည်ပရောက်အမျိုးသားများအနေဖြင့် လက်ရှိ- အစိုးရနှင့်

    အစိုးရအာဏာပိုင်များအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်။ အဘယ့်ကြောင့်

    ဆိုသော်- အလုပ်သမားအရေး၊ လယ်သမားအရေး၊ ကျောင်းသားအရေးတောင်းဆို

    နေကြသောသူများသည် ကျွန်ူပ်တို့နိုင်ငံတွင်ခေတ်အဆက်ဆက် အဖိနှိပ့်ခံဘဝနှင့်

    ရိုးသားစွာဘဝကိုပေးဆပ်ခဲ့သူများဖြစ်သောကြောင့်ဖြစ်သည်။ ထိုလူတန်းစားသည်

    ကျွန်ူပ်တို့နိုင်ငံတွင်မရှိမဖြစ်အလိုအပ်ဆုံးလူတန်းစားများဖြစ်သည်။

  ၂-   ထို့နည်း၎င်း- နိုင်ငံတနိုင်ငံတွင် ပြည်သူများအတွက်အစိုးရတစ်ရပ်မရှိမဖြစ်လိုအပ်

    ပါသည်။ ထိုအစိုးရသည်ကောင်းမွန်သောအစိုးရဖြစ်စေရပါမည်။ ပြည်သူလူထုနှင့် လူ

    ထုလူတန်းစားအလွှာအသီးသီးကို ဖိနှိပ့်အုပ်ချုပ်သောအစိုးရမဖြစ်စေရ။ ကျွန်ူပ်တို့နိုင်ငံ

    တွင်ကောင်းမွန်သောအရပ်သားအစိုးရတစ်ရပ်အုပ်ချုပ်မှသာ နိုင်ငံရေးပဋိပက္ခနှင့် စစ်

    ရေးပဋိပက္ခများချုပ်ငြိမ်းစေမှာဖြစ်ပြီး၊ ဒီမိုကရေစီစနစ်ကိုလည်းကောင်းမွန်စွာကျင့်သုံး

    နိုင်မည်ဖြစ်သည်။ ထို့အပြင် အလုပ်သမားအရေး၊ လယ်သမားအရေး၊ ကျောင်းသား၊

    လူထုလူတန်းစားအလွှာအသီသီးတို့၏ အရေးများတောင်းဆိုကြသည့်အခါ လွတ်လပ်စွာ

   ထုတ်ဖော်ဆန္ဒပြပိုင်ခွင့်ရှိမှာဖြစ်သည်။ ကောင်းမွန်တဲ့အစိုးရတစ်ရပ်မဟုတ်လျှင်- ရသင့်

   ရထိုက်၊ ရှိသင့်ရှိထိုက်တဲ့ လူ့အခွင့်အရေးများဆုံးရှူံးစေမှာဖြစ်ပြီး၊ လွတ်လပ်စွာဆန္ဒထုတ်

   ဖော်ပြသပိုင်ခွင့်လည်းရရှိမှာမဟုတ်သလို- စစ်ရေး- နို်င်ငံရေးပဋိပက္ခများသည်လည်းချုပ်

    ငြိမ်းစေလိမ့်မည်မဟုတ်ဟု ကျွန်ူပ်တို့( ပမကဖ ) အဖွဲ့အစည်းမှယုံကြည်သည်။

၃- လက်ရှိအစိုးရနှင့် အာဏာပိုင်များအားသိစေလိုသည်မှာ အလုပ်သမားအရေး၊ လယ်သမား

     အရေး၊ ကျောင်းသားအရေးများကို အကြမ်းဖက်နှိမ်နင်းပြီးနောက်- ထိုဖမ်းဆီးခံခဲ့ရသည့်

     ခေါင်းဆောင်များကို ပုဒ်ထီးပုဒ်မတခုခုတပ်၍သော်လည်းကောင်း, အလုပ်သမားခေါင်း

    ဆောင်များဖြစ်လျှင်အလုပ်ရှင်မှအလုပ်ကထုတ်ပစ်၍သော်လည်းကောင်း၊ ကျောင်းသားခေါင်း

    ဆောင်များဖြစ်ပါက ကျောင်းတက်ခွင့်မပြုတော့ပဲ ကျောင်းမှထုတ်ပယ်ခြင်း , တောင်သူလယ်

    သမားခေါင်းဆောင်များဖြစ်ပါက အပြစ်ပေးထောင်ချ အရေးယူပြီး လယ်ယာမြေများကိုသိမ်း

    ယူနေခြင်းစသည့်လုပ်ရပ်များကိုပြုလုပ်နေခြင်းသည် ယ္ခင်- ( နအဖ ) စစ်အစိုးရလုပ်ရပ်နှင့်

    ထပ်တူဖြစ်နေကြောင်းကို ပြု ပြင်ပြောင်းလဲလုပ်နေပါသည်ဆိုသည့် ဦးသိန်းစိန်အစိုးရကို

    အလေးနက်ထား၍သိစေလိုပါသည်။ ထိုသို့မတရားပြု မူနေသည့်လုပ်ရပ်အား ကျွန်ူပ်တို့ ( ပမကဖ )

    မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချ ပါသည်။

၎- အခုလိုဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့ရခြင်းသည်လည်း ခင်ဗျားတို့ရဲ့ ဆရာ့- ဆရာတွေလက်ထက်

   က တိုင်းပြည်ကိုထင်တိုင်းအုပ်ချုပ်ခဲ့ပြီး၊ လူထုလူတန်းစာအလွှာအသီးသီးကို ဘက်ပေါင်းစုံက

  နေဖိနှိပ့်အုပ်ချုပ်လို့ဖြစ်ပေါ်လာခဲ့တဲ့ရလာဒ်တွေကြောင့်ဆိုတာ လက်ရှိအစိုးရအဖွဲ့မှသတိချပ်ရ

   ပါမည်။ ဒါတွေဟာငါတို့ကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာကိုလည်း သတိပြုမိဖို့လိုပါသည်။ ထို့

   ကြောင့်- ဖြစ်ပေါ်လာတဲ့ကိစ္စရပ်များအပေါ်မူတည်ပြီး အစိုးရမှ သင့်မြတ်အောင်ညှိ့နှိုင်းဆောင်

   ရွက်ပေးရပါလိမ့်မည်။

 ၅- ယခုရက်ပိုင်းအတွင်းပြန်ကြားရေးဝန်ကြီးဌါနမှ လိုသလောက်သာဖြတ်ညှပ်ကပ်ထုတ်ဖော်

      ပြသခဲ့သည့် ဗီဒီယိုဖိုင်နဲ့ ဓါတ်ပုံများသည် ဖြစ်ရပ်မှန်အားဖုံးကွယ်နေသည်ဟု ကျွန်ူပ်တို့ ပြည်

      ပရောက်အမျိုးသားကျောင်းသားများအဖွဲ့စည်းမှယုံကြည်သည်။ ပြန်ကြားရေးဌါန၏ တာဝန်

      သည် သတင်းမှန်ကိုထုတ်ဖော်ပြီး ပြည်သူအများသိအောင် ထုတ်ပြန်ပေးရမည်။ လက်ရှိမှာ

      ကျောင်းသားများ၏ အပစ်ကိုသာပုံချထားပြီး၊ တည်ဆဲဥပဒေအရဆိုကာ အာဏာရှင်လက်ဆွဲ

      ဥပဒေကိုချပြပြီး အကြမ်းဖက်နှိမ်နင်းဖမ်းဆီးအပြစ်ပေးခြင်းကို ကန့်ကွက်ပြီး၊ ကျွန်ူပ်တို့ ပြည်ပ

     ရောက်အမျိုးသားကျောင်းသားများအဖွဲ့မှ စုဆောင်းရရှိသည့်အောက်ဖော်ပြပါ ဓါတ်ပုံများနှင့်

     တကွ အစိုးရအာဏာပိုင်များမှ အကြမ်းဖက်နှိမ်နင်းခြင်း ပြုလုပ်မလုပ်မလုပ်သိစေရန် ပြည်သူ

     လူထုနှင့်တကွ လက်ရှိအစိုးရနှင့် အာဏာပိုင်များအားသိရှိစေရန်အသိပေးရင်း- အောက်ဖော်ပြ

     ပါတောင်းဆိုချက်များကိုတောင်းဆိုကာ၊ ဆက်တိုက်ဖြစ်ပေါ်နေသော အကြမ်းဖက်နှိမ်နင်းမှုနဲ့

     ပတ်သက်၍ ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့မှ သဘောထားထုတ်ပြန်ကြေညာ

     ချက်ထုတ်ပြန်လိုက်သည်။


( က )  ရဟန်းရှင်၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ပြည်သူများအား ဖမ်းဆီးထောင်ချ

          အပြစ်ပေးအရေးယူအကြမ်းဖက်နှိမ်နင်းခြင်းအားချက်ခြင်းရပ်တန့်ပေးရန်။

( ခ )  လိုအပ်သည်ထက်အဏာအလွန်ကျွံ သုံးစွဲခဲ့သည့် အစိုးရအာဏာပိုင်များကို ထိရောက်စွာအပြစ်

          ပေးအရေးယူရန်။

( ဂ )  ဒီမိုကရေစီကျင့်စဉ်နှင့်မလျှော်ညီတော့သည့် ဥပဒေများကိုဖျက်သိမ်းပေးရန်။

( ဃ ) မတ်လ ၁၅ က ၁- ဥပဒေနဲ့ ဆန်ကျင်တဲ့အစုအဝေးမှာပါဝင်မှု။ ၂- လူစုခွဲဖို့အမိန့်ပေးပြီးနောက်

        ပိုင်းဆက်လက်ပါဝင်မှု။ ၃- ရုန်းရင်းဆန်ခတ်မှု။ ၄- တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို

       နာကျင်စေမှု။ ၅- နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုထိခိုင်စေမှုနှင့် ပုဒ်မ ၅ ခုကာလက်ပံတန်းသပိတ်

       စစ်ကြောင်းအားတရားစွဲဆိုထားခြင်းကို အမြန်ဆုံးပြန်လည်ရုပ်သိမ်းပေးရန်။

( င ) မတရားအဖမ်းဆီးခံ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ နိုင်ငံရေးသမားများအား အမြန်ဆုံး

         လွှတ်ပေးရန်။


    ဗဟိုအလုပ်အမှုဆောင်ကော်မီတီ

    ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့ ( မြန်မာပြည် ) ဒိန်းမတ်နိုင်ငံ

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။