torsdag den 18. juni 2015

သင်ဟာဘယ်လိုလူလဲ ( နှစ် ၇၀ ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့- အမှတ်တရ )

သင်ဟာဘယ်လိုလူလဲ ( နှစ် ၇၀ ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့- အမှတ်တရ )



အသိဥာဏ်ရှိပြီး

ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်လာတဲ့

လနှစ်ချောင်းပင်နဲ့ လူဆိုတာ

လူသားတွေကောင်းကျိုးအတွက်

ကိုယ်တတ်နိုင်တဲ့ဘက်ကနေ

လောကကိုအလှဆင်ဖို့

လောကရဲ့အကျိုး ထမ်းသည်ပိုးရတယ်။

လူဖြစ်ပေမယ့် အသိဥာဏ်မဲ့ပြီး

ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်နေပေမယ့်

အဲဒီ......လနှစ်ချောင်းပင်နဲ့ လူတွေဟာ

မကောင်းမှုဒုစရိုက်တွေနဲ့ ကျင်လည်မွေ့ပျော်

ပြီးတော့- လူပေါ်လူဇော်တွေလုပ်ကာ

လူအချင်းချင်း နှိပ့်စက်ခြင်း

လူအချင်းချင်း မတရားဖမ်းဆီးထောင်ချခြင်း

လူလူချင်း မနာလိုမုန်းတီးရန်ချောက်တွန်းခြင်း

လူကိုလူခြင်း သတ်ဖြတ်ခြင်း

လူသားအချင်းချင်း မတရားခိုင်းစေချင်း

လူသားအချင်းချင်း စစ်မက်ဖြစ်ပွါးအောင်ဖန်တီးပေးခြင်း

လူလူချင်း အမုန်းပွါးအောင်ရန်တိုက်ပေးခြင်း

လူလူချင်း ပဋိပက္ခဖြစ်အောင်သွေးထိုးလှုပ်ဆော်ခြင်းတွေပြုလုပ်ပြီး

လောကကောင်းကျိုးမှန်သမျှ  ဖျက်လိုဖျက်ဆီးလုပ်ကာ

မိမိတို့ရဲ့အတ္တအကျိုးကိုသာထမ်းသယ်ပိုးကြတယ်။

အဲဒီလူတွေထဲမှာ သင်ဟာဘယ်လိုလူလဲ..။

( ကိုဗလိုင် )

( နှစ် ၇၀ ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့- အမှတ်တရ )





မွေးနေ့ရှင်- ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ပြည့်စုံစေပြီး၊

ဆထက်တံပိုးတိုင်းကျိုးတာဝန်ထမ်းရွက်ဆောင်နိုင်စေကာ- အသက်ရာကျော်ရှည်ပါစေ..။

torsdag den 4. juni 2015

ဒေါ်လေးရေ....

ဒေါ်လေးရေ....



မတရားမှုတွေမိုက်ရိုင်းကာထွားကြိုင်း

တရားမျှတမှုတွေဆိတ်သုန်းလို့ပျောက်ကွယ်နေတဲ့ခေတ်ကြီးထဲ

အချောင်သမားတွေကြီးစိုးမင်းမူနေလေတော့

အဲဒီတိုင်းပြည်ထဲကပြည်သူအများရဲ့ ဘ၀ဖြစ်စဉ်တွေဟာ

နေထိပန်းလိုငြိုးနွမ်းပြီးငိုကြွေးနေတယ်- ဒေါ်လေးရေ။

ဒီလိုပါပဲ....လူလူချင်းနှိပ့်စက်ညှင်းပမ်းအကျဉ်းချမှ

အိပ့်ပျော်စားဝင်ချင်တဲ့ ငမိုက်သားတွေဟာ

မကောင်းမှုကိုအဖော်ပြု  ကောင်းသူဖယ်

မကောင်းသူကိုငယ်ကျွန်လိုအသုံးချ

လောဘမောဟဇောတွေတက်ကာ

မရှိပါဘူးဆိုတဲ့ မရှိဆင်းရဲသားတွေဆီက

ရသမျှကိုသိမ်းကြုံးယူနေပြန်တယ်- ဒေါ်လေးရေ။

နူရာဝဲစွဲ လဲရာသူခိုးထောင်းဘ၀နဲ့

ခိုကိုးရာမဲ့နေကြတဲ့ပြည်သူအများဟာ

အနာဂတ်တွေပျောက်ဆုံး

နေ့ရက်တွေသာကုန်ဆုံးသွားတယ် တနေ့တနေ့

ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိဖြစ်နေကြပြီ- ဒေါ်လေးရေ။

ကြားဘူးပါတယ်- ဒေါ်လေးရေ

လူ့ဘ၀ဆိုတာရခဲတယ်လို့.....

ခိုကိုးရာမဲ့ပြီး

စားရမဲ့ သောက်ရမဲ့ဘ၀မှာ လူဖြစ်ရှူံးနေလေတော့

တခါတခါစဉ်းစားမိတယ် ရခဲပါတယ်ဆိုတဲ့လူ့ဘ၀ကြီးကို

အမှန်အတိုင်းပြောရင် မလိုချင်တော့ဘူး- ဒေါ်လေးရေ။

( ကိုဗလိုင် )