lørdag den 31. januar 2015

***** တို့ကျောင်းသားတွေ ညီသဟေ့ *****

***** တို့ကျောင်းသားတွေ ညီသဟေ့ *****



၂၀၁၅ ရဲ့ နှစ်ဦးလမှာ ဒေါင်းလံဝင့်ထူ


အောာင်ပွဲယူဖို့ မိုင်ရှည်ခရီးကိုချီကာ


၁၁ ချက်ပါတဲ့တောင်းဆိုချက်ကို ဒီမိုကရေစီကျင့်စဉ်နဲ့ အညီ


သူတို့တတွေ ကြွေးကြော်တောင်းဆိုဆန္ဒထုတ်ဖော်ပြခဲ့ပြီ..။




ပညာရေးသမို့......


မိဘပြည်သူ ဖေးကူကာဖြင့်


ထောက်ခံကြို ဆို


ဒီအရေးကို မြင်ရသူတိုင်း စိတ်ဝယ်ချမ်းမြေ့


ပန်းဆီးကမ်း၍ သြဘာပေးကာ


လမ်းဘေးနှစ်ဖက် သောင်းသောင်းဖြဖြ


ကြိုဆိုအားပေး တို့ကျောင်းသားတွေညီကြသဟေ့။




ကျောင်းသားသပိတ် စသည့်နေ့မှ


ကနေ့ထိတိုင် အမြို့မြို့အနယ်နယ်


လာရောက်ပူးပေါင်း ဒေါင်းလံအောက်မှာ


တို့ကျောင်းသားတွေညီကြသဟေ့။




တရားသောတိုက်ပွဲ တို့စဉ်နွဲကာ


အောင်ပန်းယူဖို့ ဆုံးခမ်းသည့်တိုင်


ရည်ရွယ်ရာသို.....


ခိုင်ခိုင်မြဲမြဲ လက်ချင်းတွဲကာ


တိုက်ပွဲဝင်စို့ တို့ကျောင်းသားတွေ ညီသဟေ့။


( ကိုဗလိုင် )




ဤကဗျာဖြင့် ခရီးရှည်ချီတက်နေသည့် ကျောင်းသားသပိတ်ကို


မှတ်တမ်းတင်ဂုဏ်ပြု ကြိုဆိုလိုက်ပါသည်။

søndag den 11. januar 2015

ပြည်ခိုင်ဖြိုးအကြောင်းသိကောင်းစရာနှင့် ကျရောက်လာနိုင်သည့်အန္တရာယ်

ပြည်ခိုင်ဖြိုးအကြောင်းသိကောင်းစရာနှင့် ကျရောက်လာနိုင်သည့်အန္တရာယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အနားယူသွားတဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၎င်း၏ အာဏာသက်ဆိုးရှည်စေဖို့
အတွက်- ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကိုဖွဲ့စည်းတည်ထောင်
ခဲ့ပါသည်။ ထိုသို့ဖွဲ့စည်းပြီး အသင်းဝင်များကိုလည်း အာဏာသုံးပြီးဖိအားပေး၍
တမျိုး, ခြိမ်းခြောက်၍တဖုံနည်းလမ်းပေါင်းစုံအသုံးပြုကာ ၎င်းနည်း- ၎င်းဟန်ဖြင့်
အသင်းဝင်များကိုစုစည်းခဲ့ပါသည်။ ထိုအထဲတွင် အသင်းဝင်ဖြစ်မှန်းမသိဖြစ်သွါး
ကြရတဲ့ လူငယ်, ကျောင်းသား, အရပ်သား, တပ်မတော်သားများနှင့် ဝန်ထမ်းများ
လည်းရှိခဲ့ပါသည်။ ထို့သို့သက်ဆိုင်သူများကိုအကြောင်းကြားအသိပေးခြင်းမရှိပဲ
ပြည်ခိုင်ဖြိုးအသင်းတွင်- အဖွဲ့ဝင်မည်မျှရှိကြောင်း အရှက်ကြောက်ကင်းမဲ့စွာခပ်
တည်တည်နဲ့ ထုတ်ပြန်ကြေညာခဲ့ပါသည်။
ထို့နောက်- ပြည်ခိုင်ဖြိုးအသင်းကို သူ့အာဏာသက်ဆိုးရှည်စေရန်အတွက်လို့
ထုတ်ဖော်မပြောကြားပဲ၊ တိုင်းပြည်အတွက်လိုအပ်လျှင်- ကြံခိုင်ရေးအသင်းကို
ပါတီပုံသဏ္ဍန်နဲ့ အသွင်ပြောင်းဖွဲ့စည်းမည်ဟု ဦးသန်းရွှေကထုတ်ဖော်ပြော
ကြားပြီး- သူ့နည်းသူ့ဟန်နဲ့ ပြုလုပ်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ
ခိုင်ရေးပါတီအမည်ဖြင့်ရွေးကောက်ပွဲဝင်ခဲ့ပါသည်။ အဲဒီမှတဆင့်- ပြည်ခိုင်ဖြိုး
လမ်း, ပြည်ခိုင်ဖြိုးမြို့နယ်စသဖြင့်အမည်နာမ်မများကိုပြောင်းလဲခေါ်ဆိုခဲ့ပြန်
သည်။ ကျနော်ဆိုလိုချင်တာက ပြည်ခိုင်ဖြိုးပါတီသည် အခုအတိုင်းဆက်သွား
မည်ဆိုပါက- နောင်တချိန်တွင်, ပြည်ခိုင်ဖြိုးတိုင်း- ပြည်ခိုင်ဖြိုးပြည်နယ်အမည်
နာမ်မ- မပြောင်းလဲမခေါ်ဆိုနိုင်ဘူးဆိုတာပြော၍မရပါ..။ Burma ကနေ Myan-
mar လို့ခေါ်ဆိုသုံးနှုံးခဲ့ဘူးသောသူတို့သည် နောင်တချိန်တွင်- မြန်မာနိုင်ငံကိုပင်
ပြည်ခိုင်းဖြိုးနိုင်ငံဟုအမည်ပြောင်းလိုက်လျှင်- ပွဲပဲဟု ဟုတ်သည်ဖြစ်စေ, မဟုတ်
သည်ဖြစ်စေတွေးမိတွေးရာတွေးမိရင်း- ပြည်ခိုင်ဖြိုးအကြောင်းသိကောင်းစရာနှင့်
ကျရောက်လာနိုင်သည့်အန္တရာယ်အကြောင်းအဆုံးသတ်ရေးသားလိုက်ပါသည်။
( ကိုဗလိုင် )

onsdag den 7. januar 2015

ဟန်ဆောင်အပြုံးတွေနဲ့ ဟန်ဆောင်မျက်နှာဖုံးတပ်ပြီး ဟန်ဆောင်စကားဆိုနေကြတဲ့ခင်ဗျားတို့ကို ကျုပ်မုန်းတယ်

ဟန်ဆောင်အပြုံးတွေနဲ့ ဟန်ဆောင်မျက်နှာဖုံးတပ်ပြီး ဟန်ဆောင်စကားဆိုနေကြတဲ့ခင်ဗျားတို့ကို ကျုပ်မုန်းတယ်



ငါတို့နေတဲ့နိုင်ငံမှာ မြေကြီးကရွှေသီး

သဘာဝသယံဇတတွေပေါကြွယ်ဝပါရဲ့နဲ့

တို့ပြည်သူတွေမှာ မြင်သာမြင် မကြင်ရတဲ့ဘဝတွေပါ- ရှင်မရေ။




ခပ်ကြောင်ကြောင်ဝန်ကြီးတွေနဲ့ အစိုးရဟာ

ချိုးခြံခြွေတာရေးလုပ်ပါဆိုပြီး

ဗိုလ်ရှုသဘင်အခမ်းနားကိုလည်း မလွတ်လပ်သေးတဲ့တိုင်းပြည်ရဲ့

၆၇ နှစ်မြောက်လွတ်လပ်ရေးအထိမ်းမှတ်နေ့မှာ

သန်းပေါင်းများစွာဖြုန်းပြီးလုပ်သွားပြန်တယ်- ရှင်မရေ။




မဝရေစာစားနေရတဲ့မိဘပြည်သူတွေမှာတော့

ခင်ဗျားတို့ပြုသမျှကိုခံနေရပြီး

ပထွေးကိုအဖေခေါ်နေရတဲ့ဘဝတွေပါ- ရှင်မရေ။



ကျောတခင်းစာမရှိတဲ့ စစ်ပြေးစစ်ရှောင်

စစ်ဘေးသင့်နေတဲ့ ပြည်သူတွေရဲ့ဘဝဟာ

ဒါတို့ပြည် ဒါတို့မြေလို့တောင်မပြောရဲတဲ့ဘဝတွေဖြစ်နေပြီး- ရှင်မ။



ဒီမယ်- ကျုပ်ပြောမယ်

ခင်ဗျားတို့ဘာသာ ဗိုလ်ရှုပဲခံခံ ဗိုလ်အတုပဲခံခံ ကျုပ်စိတ်မဝင်စားဘူး

တိုင်းပြည်ကောင်းကျိုးအတွက် ခင်ဗျားတို့ချင်းအဆင်ပြေရင်

ငွေကြေးဘယ်လောက်ကုန်ကုန်

တိုင်းပြည်တခြမ်းဖဲ့ပြီးရောင်းလိုက်တာတောင် ကျုပ်ကျေနပ်တယ်။



အခုတော့ဗျာ ဟန်ဆောင်အပြုံးတွေနဲ့

ဟန်ဆောင်မျက်နှာဖုံးတပ်ပြီး

ဟန်ဆောင်စကားဆိုနေကြတဲ့ခင်ဗျားတို့ကို ကျုပ်မုန်းတယ်။



" တောက် " လိုအပ်ရင်မိဘပြည်သူ

မလိုအပ်ရင်ပြည်သူတွေကိုရန်သူလိုသဘောထားတတ်တဲ့

ခင်ဗျားတို့ရဲ့အတွေးခေါ်တွေကို

နာရေးအသင်းကိုအကူညီတောင်းပြီး သဂြိင်္ုလ်စက်ထဲပို့လိုက်ကြပါတော့ဗျာ။



ကျုပ်ကြည့်နေတာကြာပြီ

ပြည်သူတွေကိုထိုးကျွေး- ချကြွေးတဲ့ ခင်ဗျားတို့ရဲ့နိုင်ငံရေးကို

ပြီးတော့- သမ္မတဖြစ်ချင်ရင်စစ်ရေးအတွေ့အကြုံရှိရမယ်- ဟုတ်လား

သဘောပေါက်- သဘောပေါက်

အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဒီမိုကရေစီနိုင်ငံကိုတည်ဆောက်လို့ကတော့

ပြည်သူကိုဒုက္ခပေးတဲ့ ခင်ဗျားတို့အကုန်လုံး

အာဏာရှူးသန်းရွှေလို ငရဲပြည်ပဲရောက်မှာသေချာတယ်။

( ကိုဗလိုင် )




lørdag den 3. januar 2015

လာမယ့်အရေး လာမယ့်ဘေးပြေးတွေ့ကြမယ်......ဟေ့ ( ၆၇ နှစ်ပြည့်လွတ်လပ်ရေးနေ့အမှတ်တရ )

လာမယ့်အရေး လာမယ့်ဘေးပြေးတွေ့ကြမယ်......ဟေ့ ( ၆၇ နှစ်ပြည့်လွတ်လပ်ရေးနေ့အမှတ်တရ )



ငါတို့နေတဲ့တိုင်းပြည်ဟာ သူ့ကျွန်ဘဝကလွတ်မြောက်ခဲ့သော်ငြားလည်း

ငစော- ငနေ- ငရွှေ အဲဒီ ၃ ကောင်မွှေနှောက်လို့ ဒုက္ခမျိုးစုံရောက်ခဲ့ရတယ်။

အခုလည်းကြည့်လေ....ဖြေလျှော့မှုတွေအထိုက်အလျှောက်လုပ်ပေးပြီး

အနုအကြမ်းခပ်ရမ်းရမ်းကနေတဲ့ ဖားတပိုင်း- ငါးတပိုင်းအစိုးလက်ထက်မှာ

တိုင်းပြည်အတွက်အရေးကြီးတာတွေ မယ်မယ်ရရဘာတခုမှမလုပ်ဆောင်နိုင်ပဲ

မျက်နှာပြောင်တိုက်ပြီး နောင်ရွေးကောက်ပွဲမှာထပ်ဝင်ပြိုင်ဖို့စကားလမ်းကြောင်းထားစဲ။

ဒီလိုနဲ့ပဲ....မိဘပြည်သူများခင်ဗျား- လို့

တစ်လတခါ ရွှေပြေအေးတရားဟောတဲ့

သမ္မတရဲ့ မာယာထောင်ချောက်ထဲကို လူအချို့ရောက်ခဲ့ကြတယ်။

မိုးလုံးပြည့်မုသားဝါဒတွေနဲ့ ကလိမ်ကကျစ်ကိုငြမ်းဆင်

ထင်ရာကိုစိုင်းနေတဲ့ စစ်အာဏာရှင်တွေဟာ

လူမျိုးစုလက်နက်ကိုင်တွေနဲ့ ဒီမိုကရေစီအင်အားစုအပေါ် သွေးထိုးသွေးခွဲကာ

သူတို့အာဏာသက်ဆိုးရှည်ဖို့ လုံးပမ်းနေတုန်းပဲလေ..။

စနစ်ဆိုးဆိုးထဲက ရုန်းမထွက်နိုင်သေးတဲ့ပြည်သူတွေဟာလည်း

ပြုသမျှတော့ နုမနေသင့်တော့ဘူး။

ပြီးတော့- ၂၀၀၅ မှာ ဘယ်လိုရွေးပြီး ဘယ်လိုကောက်မလဲဆိုတာကိုလည်း

ရင်တမမနဲ့ စောင့်ကြည့်စရာမလိုပါ

သူ့နည်းသူဟန်နဲ့ သူတို့လုပ်ခဲ့တဲ့ ၂၀၁၀ ကိုပဲကြည့်လေ..။

ဒါကြောင့်- မတရားမှုကိုမကြိုက်ရင် ကိုယ်နဲ့ဆိုင်ဆိုင်- မဆိုင်ဆိုင်

လက်ပိုက်ကြည့်မနေကြပါနဲ့

ဒီစနစ်ကိုမကြိုက်ရင် ငါတို့အားလုံး

လက်ချင်းဆက်ပြီးတိုက်ပွဲဝင်ဖို့လည်းနောက်တွန့်မနေနဲ့

ပြည်တွင်းစစ်ကိုအမှန်တကယ်မလိုလားဘူးဆိုရင်

စစ်ပွဲတွေရပ်ပစ်- စစ်ပွဲတွေရပ်ဆိုပြီး ခပ်ပြတ်ပြတ်ကြွေးကြော်သံတွေနဲ့

အိမ်တွင်းမှာပုန်းအောင်းမနေပဲ အမျိုးသားရေးအသိစိတ်မွေးပြီး

ငါတို့ရဲ့ ဇွဲမာန်အားနဲ့ ငါတို့ရဲ့ဘဝဆိုးတွေလွတ်မြောက်စေဖို့

၂၀၁၅ မှာ လာမယ့်အရေး လာမယ့်ဘေးပြေးတွေ့ကြမယ်.....ဟေ့။

( ကိုဗလိုင် )

၆၇ နှစ်ပြည့်လွတ်လပ်ရေးနေ့အခါသမယနေ့တွင် မလွတ်လပ်သေးတဲ့ပြည်သူများအတွက်

လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက်တိုက်ပွဲဝင်သွားကြပါစို..။