tirsdag den 20. maj 2014

ဖွားအိုရဲ့ စေတနာ

ဖွားအိုရဲ့ စေတနာ

21. maj 2014 kl. 09:05


လောကဓံခံနေရ ယိုင်နဲ့နဲ့ အဖွားအို

မြေးငယ်ကိုရင်ဝယ်ထွေးလို့

ဆံဖြူ အိုသွားကျိုး လုပ်ကျွေးခဲ့အဖွားအို။

လယ်တောမြေ ရွှေအိမ်ဆောက်မယ်လို့

ဟိုတချိန်က ကြွေးကြော်ခဲ့အဖွားအို။

မထောက်မညှာ ရက်စက်ကာဖိနှိပ့်ခံခဲ့ရသူမို့

ခေတ်အဆက်ဆက် ဒဏ်ရာသင့်အဖွားအို..။

ထင်းစည်းလိုမဖြစ်တဲ့ တို့တိုင်းပြည်ညီအကို

အိမ်ကြက်လိုအိုးမဲသုတ်ခံရ

ခွပ်ကြတဲ့ဒီပွဲ ငိုနေတဲ့အဖွားအို..။

မဟုတ်မမှန် သဏ္ဍန်ဖော်ကြူးလို့

ရုပ်သေးလိုကနေတဲ့ခေတ်ဆိုး

အခုနေခါတက်ညီလှော်ကာမှ

လှဆန်းသာ တို့မြန်ပြည် ဖွားအိုရဲ့ စေတနာတွေ..။

( ကိုဗလိုင် )

mandag den 12. maj 2014

အမေ့မုသား

အမေ့မုသား..
'' မိခင်တစ်ယောက်၏ အဌမမြောက်မုသား ''
★★★★★★★★★★★★★★★★★★★★
ကျွန်တော် ကလေးဘ၀အရွယ်တုံးက အဖြစ်အပျက်လေးတစ်ခုပါ ။
ဆင်းရဲနွမ်းပါးတဲ့ ကျွန်တော်တို့မိသားစုမှာ
နေ့စဉ်ထမင်းနပ်မှန်အောင် စားဖို့တောင် မသေချာတဲ့နေ့တွေရှိခဲ့တယ်။
ဒါပေမဲ့ အမေကတော့ မကြာခဏ သူ့ပန်းကန်ထဲက
ထမင်းတွေကိုယူယူပြီး ကျွန်တော့်ထဲ အမြဲထည့်ထည့်ပေးတတ်တယ်။
ဲပြီးရင် အမေပြောတဲ့ စကားတစ်ခွန်းရှိတယ် ။
"စား .. ငါ့သား အမေ သိပ်မဆာဘူး.." ။

အဲ့ဒါ ကျွန်တော် သိတတ်စအရွယ်က အမေ့ရဲ့ ပထမဆုံး မုသားစကားလေးပါ ။
ကျွန်တော် နည်းနည်းအရွယ်ရောက်လာတော့
ပိန်လှီသေးကွေးရှာတဲ့ ကျွန်တော့်ကို အာဟာရဓါတ်ပြည့်ဝစေချင်တဲ့စိတ်နဲ့ အိမ်ဘေးနားက မြစ်ကမ်းနံဘေးမှာ အမေရယ် ကျွန်တော်ရယ် ငါးသွားမျှားတယ်။
အဲ့ဒီနေ့က ငါးနှစ်ကောင်မိတော့ အမေ ငါးဟင်းချိုလုပ်တိုက်တယ် ။
ကျွန်တော် ဟင်းချိုကို အားရပါးရသောက်နေတုံး
အမေက ကျွန်တော့်ဘေးကနေထိုင်ကြည့်ပြီး ကြည်နူးမှုအပြည့်နဲ့ ။
တခါတလေ ကျွန်တော် စားထားတဲ့
အကြွင်းအကျန် ငါးရိုးလေးတွေ ယူစားတယ်။
ဒါကို မြင်ပြီး ကျွန်တော် စိတ်မကောင်းတော့
ငါးအသားလေးဖဲ့ပြီး အမေ့ကို ကျွေးတယ်။
အမေမစားဘူး ။ ပြီးတော့ ပြောတယ် ။
"စား .. ငါ့သား ..အမေ ငါး သိပ်မကြိုက်ဘူး.."
အဲ့ဒါ အမေ့ရဲ့ ဒုတိယမြောက် မုသား ။
ကျွန်တော် ကျောင်းနေရမဲ့ အရွယ်ရောက်ပြီ။
အမေက မီးခြစ်ဆံထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ
မီးခြစ်ဆံဖြည့်တဲ့ အလုပ်လေးယူလုပ်တယ် ။
ညဘက်အိမ်ယူပြီး လုပ်ရတာဆိုတော့
ကျွန်တော့်ကိုလဲ စောင့်ရှောက် ကြည့်ရှုနိုင်သေးလို့ အမေသဘောကျတယ် ။
တည ကျွန်တော် နိုးလာတဲ့အချိန် (တော်တော်ညဥ့်နက် နောက်ကျနေပြီ)
အမေ ဖယောင်းတိုင်မီးလေးထွန်းပြီး
ဗူးလေးတွေထဲကို မီးခြစ်ဆံဖြည့်တဲ့အလုပ်တွေ လုပ်နေတုံးပဲ။
"အမေ .. အရမ်းမိုးချုပ်နေပြီ၊ အိပ်ပါတော့။ မနက်မှ ဆက်လုပ်လို့ရတာပဲ" လို့ ကျွန်တော်ပြောတော့ အမေကပြုံးပြီး ပြန်ပြောတယ် ။
"သွားအိပ် ငါ့သား .. အမေ အိပ်ချင်စိတ်မရှိသေးလို့ ဆက်လုပ် လိုက်ဦးမယ်" တဲ့ ။
အမေ့ရဲ့ တတိယမြောက်မုသားစကားလေးပါ ။
တခါတုံးက ကျွန်တော် အတန်းတင်စာမေးပွဲဖြေတဲ့နေ့မှာ
အမေ ကျွန်တော့်ကို လိုက်ပို့ပြီး အခန်းအပြင်ဘက်တနေရာက ထိုင်စောင့်တယ်။ ပူပြင်းလှတဲ့နေရောင်ဒဏ်ကို သိပ်အကာအကွယ်မပေးနိုင်ရှာတဲ့ နေရာ တစ်ခုမှာ နာရီပေါင်းများစွာ အမေ ကျွန်တော့်ကို ထိုင်စောင့်တယ် ။
စာမေးပွဲပြီးပြီးချင်း အမေ့ဆီ ကျွန်တော် အပြေးအလွှားသွားတယ်။
အမေ ကျွန်တော့်ကိုဖက်ထားပြီး အသင့်ပြင်ဆင်လာတဲ့
အချိုရည် အေးအေးလေးတခွက် တိုက်တယ်။
တကိုယ်လုံးချွေးတွေရွှဲနေရှာတဲ့ အမေ့ကို မြင်တော့
ကျွန်တော် စိတ်မကောင်းဘူး ။ "အမေလဲ သောက်ဦးလေ" လို့
ပြောတော့ အမေ့ထုံးစံအတိုင်း
"ငါ့သားပဲ သောက်ပါ။ အမေ ရေမဆာဘူး" တဲ့ ။
အဲ့ဒါ အမေရဲ့စတုတ္ထမြောက် မုသားစကားတစ်ခွန်း ။
သိပ်မကြာခင် အဖေဆုံးတယ်။
အတန်းကြီးလာပြီဖြစ်တဲ့ ကျွန်တော်တို့ပညာရေးနဲ့
အိမ်ကိစ္စက အမေ့တာဝန်လုံးလုံးဖြစ်ပြီ။
အမေ အပြင်ထွက်အလုပ်လုပ်ပြီး ငွေရှာရတော့
အိမ်မှာကျန်ခဲ့တဲ့ ကျွန်တော်တို့တွေ ငတ်တလှည့် ပြတ်တလှည့်။
မိသားစု အခြေအနေဆိုးသထက်ဆိုးတာ မြင်လာတဲ့ အိမ်နားက
အမေ့မိတ်ဆွေက ကျွန်တော်တို့ကို ရံဖန်ရံခါ လာစောင့်ရှောက်တယ် ။
ပတ်ဝန်းကျင်က အမေ့ကို သူနဲ့ပဲ နောက် အိမ်ထောင်တစ်ခုထူလိုက်ဖို့ တိုက်တွန်းကြတယ် ။ အမေ ခပ်ပြတ်ပြတ်ငြင်းဆိုပြီး အခိုင်အမာ စကားတစ်ခွန်းဆိုတယ် ..
"ကျွန်မဘ၀အတွက် ကျွန်မကလေးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ လုံလောက်တယ်.." တဲ့ ။
အမေ့ရဲ့ ပဉ္စမမြောက်မုသား။
ကျွန်တော် ကျောင်းပြီးသွားတော့ အလုပ်ကလေးတစ်ခုရတယ် ။
ကျွန်တော်က အမေ့ကို အနားယူစေချင်ပြီ။
ဒါပေမဲ့ အမေ လက်မခံဘူး ။
မနက်မနက် ဈေးထဲသွားပြီး ဟင်းသီးဟင်းရွက်တွေရောင်းတုံးပဲ။
ကျွန်တော်ပို့တဲ့ပိုက်ဆံတွေ ကျွန်တော့်ဆီ ပြန်ပြန်ပို့ပြီး
"အမေ့ဆီ မပို့နဲ့ ငါ့သား ။ အမေ့မှာ လုံလောက်တယ် .. သားဘာသာစုထား" တဲ့ ။
အမေ .. ဆဌမမြောက်မုသားကို ပြောတယ် ။
နောက် ကျွန်တော် မာစတာဒီဂရီကို အချိန်ပိုင်းဆက်လေ့လာနေတဲ့အချိန် အတော်အတန်ကြီးတဲ့အမေရိကန်ကုမ္ပဏီတစ်ခုမှာ အလုပ်ရတယ် ။
ကျောင်းပြီးပြီးချင်း ကျွန်တော့်လစာတိုးတော့ အမေ့ကိုကျွန်တော်နဲ့ အတူ အမေရိကားမှာပဲ ပျော်ရွှင်စရာကောင်းတဲ့ဘ၀ကို ဖြတ်သန်းစေချင်တယ် ။
ဒါပေမဲ့ အမေက ကျွန်တော့်ဘ၀ကို သူ့အတွက်နဲ့ တာဝန်အပိုတွေ မရှိစေချင်ဘူး ။ အမေကပြောတယ် .."အဲ့ဒီလို ဘ၀ကြီးမှာ အမေ နေတတ်မှာ မဟုတ်ပါဘူး သားရယ် .." တဲ့ ။
အမေရဲ့ သတ္တမမြောက်မုသားစကားလေးတစ်ခွန်းပေါ့ ။
ဇရာကထောင်း၊ ပင်ပန်းမှုအပေါင်းခါးစည်းရင်ဆိုင်ခဲ့ရတဲ့ အမေ ..
အရွယ်တော်တော်ကျခဲ့ပြီ ။ လောကဓံက ထပ်ရက်စက်တယ် ။ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရချိန် အမေ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ
ကျွန်တော် (ဘာဆိုဘာမှ ထည့်တွက်မနေပဲ အားလုံးကို ပစ်ထားခဲ့ပြီး) အမေ့အနားကို ပြန်လာခဲ့တယ်။
အမေ ဝေဒနာကို အလူးအလဲ ခံစားရချိန်တွေမှာ
အမေ့ကို ကြည့်ပြီး ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး ။
အမေမမြင်အောင် ဂရုစိုက်နေပေမဲ့လဲ တခါတလေ တွေ့မြင်သွားတဲ့အမေက အားတင်းကြိုးစားပြုံးပြီး ပြောတယ် ..
"မငိုနဲ့ ငါ့သား .. အမေ အရမ်း နာနာကျင်ကျင်မခံစားရပါဘူး .."တဲ့ ။
အဲ့ဒီလို အဌမမြောက်မုသားကို ပြောပြီး
အမေ လူ့လောကထဲက ထွက်ခွါသွားခဲ့တယ် ။
အကြွင်းမဲ့မေတ္တာတော်နဲ့ ကျွန်တော့်ဘ၀ရဲ့
မာတာမိခင်ဟာ သားသမီးများအပေါ်ထားတဲ့
ချစ်ခြင်းမေတ္တာအတွက် (တာဝန်ကျေပွန်စွာနဲ့)
သူ့ကိုယ်သူအနစ်နာခံတဲ့ မုသားစကားလုံးလေးတွေသုံးပြီး
လောကအလယ်မှာ ကျွန်တော်တို့ကို
စိတ်ချလက်ချ ချန်ထားနှုတ်ဆက်သွားခဲ့ပါပြီ ။
ကျွန်တော်တို့ကရော အဲ့ဒီလို မိခင်တွေရဲ့
ရင်းနှီးပေးဆပ်ခဲ့တဲ့ ဘ၀တွေအတွက်
ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ခဲ့ပါသလား ။
ခုချိန် ကျွန်တော့်ရင်ထဲက အမေးစကားကို အမေကြားရင် န၀မမြောက်မုသားစကားတစ်ခွန်းကို
ဆိုလေဦးမလားလို့ ကျွန်တော် ၀မ်းပမ်းတနည်း တွေးနေမိတယ် ။
(မိခင်တစ်ယောက်၏ အဌမမြောက်မုသား)
by unknow ( အမည်မသိ ဆောင်းပါးရှင် စာရေးဆရာမလေး)

søndag den 11. maj 2014

ကျေးဇူးကြီးပေ့ တို့မေမေ ( အမေများနေ့သို့ အမှတ်တရကဗျာ )

ကျေးဇူးကြီးပေ့ တို့မေမေ ( အမေများနေ့သို့ အမှတ်တရကဗျာ )



အမေ....အမေဟာ သားသမီးတွေဘယ်လောက်ဆိုးဆိုး
ဘယ်လောက်ပင်တေတေ ဘယ်လောက်ပင်ပေပေ
အမြင့်မားဆုံး မေတ္တာဓါတ်တွေပေးပြီး
သားသမီးတွေအပေါ်
အပြစ်မတင် အပြစ်မမြင်ပဲ ချစ်ခင်နေလျှက်ပါ....အို- မိခင်။

ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်တစ်
အူဝဲလို့ စအော်လိုက်ကတည်းက
အနှိုင်းမဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ နို့ချိုတိုက်ကျွေး
ကျမ္မာရေးအစ ဝေယာဝစ္စတွေ လုပ်ပေးရင်းက
လူလားမြောက်အောင်
မညီးမညူ တာဝန်ယူခဲ့သူပါ....အို- မိခင်။

အမေဟာ.....အခက်ခဲတွေကြားမှာ
သားသမီးတွေ ဘယ်လို ဒုက္ခတွေဝေဝေ
ဒဏ်ရာပလပွနဲ့
ဘယ်လိုရောဂါမျိုးဖြစ်ဖြစ် ဘယ်လောက်ရောဂါ ဘယ်လိုပင်ဆိုးဆိုး
ပစ်ခွါမပြေးပဲ အနား- နားမှာ အပြုံးမပျက်ပဲ
မညီးမညူ  ပြုစုရှောက်စောင့်ပေးနေသူပါ....အို- မိခင်။



အမေဟာ......သား- သမီးတွေအပေါ်ထားရှိတဲ့
မိဘရဲ့ ချစ်ခြင်းမေတ္တာ အတိမ်အနက်ကို ဖော်ကြူးပြသ
သားတို့ရုပ်ရည် သီတာမြည်သား
သား- သမီးတို့အပြုံး တချက်လင်းလက်လိုက်တာနဲ့
မိဘတို့ဝမ်း ငြိမ်းစတမ်း....တဲ့။

အမေဟာ.....သောကတွေနဲ့ အပူငုတ်နေပေမယ့်
သားသမီးတွေလူလားမြောက်ဖို့ ပြုစုပျိုးထောင်
အနာဂတ်ရေးအတွက် အတန်းပညာနဲ့ တတ်သိပညာတွေကိုလည်း
ဆည်းပူးလေ့လာ သင်ယူတတ်မြောက်စေချင်သူပါ..။



အမေဟာ.....ဝေးဝေးနီးနီး ဘယ်ဆီကိုရောက်ရောက်
သား- သမီးများအတွက် ညစဉ်မပျက်
အန္တရာယ်ကင်း ဘေးရှင်းစေရန်
မြတ်ဘုရားထံရှေ့
တောင်းဆုမေတ္တာတွေကို ပေးဝေရင်းက
သတ္တဝါအပေါင်း ဘေးရန်ကင်းဖို့
ကြေးစည်တီးကာ အမျှဝေနေသူပါ....အို- မိခင်။

စမ်းရေပမာ မိဘမေတ္တာ မြှင့်မိုလ်ထက်ကြူး
ထို- ထိုကျေးဇူးတွေကို မဆပ်ဘူးချင်သူ ရှိရိုးတဲ့လား....အမေ။

ကျနော်ယုံတယ် အမေ
အမေတွေဟာ သားသမီးများအတွက်
ဘယ်သူနဲ့မှ မတူတဲ့ အဖိုးမဖြတ်နိုင်တဲ့
လမ်းပြရှေ့ဆောင်ကောင်းဆိုတာ ပါပဲ။



လက်ဦးဆရာ မည်ထိုက်စွာ ပုပ္ပစရိယ မိနဲ့ ဖ၊
ဘဝလမ်းခရီးတွေ ဘယ်လိုပင်ခက်ထန်ကြမ်းတမ်းနေပါစေ...
အဲဒီ- ဘဝခရီးလမ်းမှာ အမေဟာ ကျနော်တို့အတွက်
စိတ်ဓါတ်ခွန်အားတွေ အများကြီး မျှဝေပေးခဲ့....သလို
အမေဟာ သားသမီးများအားလုံးအတွက်
အမှောင်ကိုခွင်းပြီး အလင်းကိုဆောင်ကြဉ်းပေးခဲ့တဲ့
လမ်းပြကြယ်စင် စစ်လေးပါ...မေမေ။

ကျနော်တို့လဲရင် မေမေထူတယ်၊
ကျနော်တို့ငိုရင် မေမေချော့တယ်၊
ကျနော်တို့ ဆိုးနွဲ့ပြီး စိတ်ကောက်တဲ့အခါ
သား- သမီးအလိုကျ တခုခုလုပ်ပေးပြီး
စိတ်ကောက်ပြေအောင် ပြန်လည်ချော့မြူ တတ်တဲ့
မေမေ့ကိုလေ နေ့စဉ်နေ့တိုင်း ညရှစ်ခိုးတဲ့ခါ
မေမေကျမ္မာစေပါကြောင်း  အခါခါဆုတောင်း
သြော်- ငါတို့အားလုံးရဲ့ ကျေးဇူးကြီးတဲ့....တို့မေမေ။

( ကိုဗလိုင် ) အမေ့သား။


ကမ္ဘာ့မိခင်များနေ့မှာ ဤကဗျာဖြင့် မွေးမိခင်အား ကန်တော့အပ်ပါသည်။
အမေများနေ့တွင်   အမေများအားလုံး   ကိုယ်၏ ကျမ္မာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နှင့်
ပြည့်စုံစေပြီး၊   အန္တရာယ်ကင်း    ဘေးရန်ရှင်းကာ     ပူပင်သောကတွေပပျောက်စေပြီး
ထာဝရငြိမ်းအေးတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ကြပြီး   အမေများအားလုံး အသက်ရာကျော်
ရှည်ကြပါစေလို့ ဆုမွန်ကောင်းတောင်း မေတ္တာပို့သရင်း....ဤကဗျာဖြင့်    မိခင်များအား
ဂုဏ်ပြုအပ်ပါသည်။

fredag den 9. maj 2014

ကျနော့်စိတ် ( အမေများနေ့သို့ )

ကျနော့်စိတ် ( အမေများနေ့သို့ )


အမေများရဲ့ ဂုဏ်ဘွဲ့ထူးကိုပိုင်ဆိုင်ထားကြတဲ့

ရိုးသားဖြူ စင်တဲ့ အမေများစွာကိုချစ်တယ်။

ကျနော်ဟာ.....

သားသမီးတွေရဲ့ လိုအင်ဟူသမျှ ဖြည့်ဆီးပေးချင်တဲ့

ရှေ့ဆောင်လမ်းပြကောင်းတွေဖြစ်တဲ့ အမေများစွာကို ချစ်တယ်။

ကျနော်ဟာ.....

သာသမီးတွေဘယ်လောက်ပင်ဆိုးဆိုး

သားသမီးတွေဘယ်လောက်ပင် ပေတေတေ

အနွံတာခံစိတ်ထားရှိကြတဲ့ အမေများစွာကိုချစ်တယ်။

ကျနော်ဟာ..... သားသမီးတွေအပေါ် ရယူမှုမရှိ

ပေးဆပ်ချင်းသာရင်ဝယ်ထွေးပွေ့ပြီး အမြဲတစေ

အနစ်နာခံလိုစိတ်ရှိကြတဲ့ အမေများစွာကိုချစ်တယ်။

ကျနော်ဟာ.....တဂိုဏ်းထဲနှိုင်းပြီး

ဖြူ စင်စိတ်ထားရှိကြတဲ့ အမေများစွာကိုချစ်တယ်..။

( ကိုဗလိုင် )

အမေများနေ့သို့....ဤကဗျာဖြင့် အမေများစွာကိုဂုဏ်ပြုအပ်ပါသည်။

fredag den 2. maj 2014

စဉ်းစားကြည့်ပေါကွာ မင်းသာငါ့တို့နေရာမှာဆို ( နာဂစ် ၆ နှစ်ပြည့်အမှတ်တရ )

စဉ်းစားကြည့်ပေါကွာ့ မင်းသာငါ့တို့နေရာမှာဆို ( နာဂစ် ၆ နှစ်ပြည့်အမှတ်တရ )




နာဂစ်ကိုလည်ပင်းညစ်

နှစ်ထောင့်ရှစ်ဖွဲ့စည်းပုံဟာ မျိုးမစစ်ပဲ

အဲဒီကာလမှာ မွေးဖွါးခဲ့တယ်။

အဲဒီညမှာ ဝိဥာဏ်တော်တော်များများ

သူတို့နေတဲ့ကျေးရွာတွေကို ကြည့်ပြီး

အရမ်းကို တုန်လှုပ်ခြောက်ခြားသွားတယ်။

ဘယ်သူမျှော်လင့်ထားကြမလဲ

ဆိုင်းမဆင့် ဗုံမဆင့်ပဲ

တရွာလုံးကို သိမ်းကြုံးပြီး အပါခေါ်သွားမှာ။

အဖေလည်းသေတယ် အဖိုးလည်းသေတယ်၊

ငါ့ညီ- ငါ့အကို၊ ငါ့ကြက်- ငါ့ဝက်

ငါ့ဘဲ- ငါ့ဆိတ်၊ ငါ့ခွေး- ငါ့ကြောင်

သူတို့တတွေအကုန်လုံး နှိုးမထခင်မှာ

အငြိုးကြီးကြီးနဲ့ မပြန်လမ်းကိုခေါ်ထုတ်သွားတော့

စဉ်းစားကြည့်ပေါ့ကွာ မင်းသာငါ့တို့နေရာမှာဆို။

အဲဒီတုန်းက မသေလို့ကျန်နေခဲ့တဲ့

ငါတို့ရွာသူ/သားတွေကို အကူညီမပေးဖို့

ဟိုလူအကြီးဆုံးက မောင်းထုတ်ခဲ့တယ်။

ကယ်သူမယ့်နေတဲ့ ငါတို့ကျွန်းသူ ကျွန်းသားတွေဟာ

အဲဒီတုန်းက စားစရာဘာမှမရှိ၊ သောက်စရာ ငံကျိ ကျိ ရေနဲ့

ဖြစ်သလိုနေကာ အပယ်ခံဘဝကိုရောက်ခဲ့ကြတယ်။

မကူညီချင်နေပါ အုပ်ချုပ်သူတို့

အဲဒီတုန်းက.....မနေနိုင်လို့ ဆီဆန်ပေးတဲ့သူကို မောင်းထုတ်

အလောင်းကောက်သူကို ရန်ပြု

စဉ်းစားကြည့်ပေါ့.....ဗျာ

အဲဒီနေ့က ဝိဥာဏ်တော်တော်များများ

ကယ်သူမဲ့တဲ့

သူတို့နေတဲ့ကျေးရွာတွေကို ကြည့်ပြီး

ယူကြုံးမရ ကြေကွဲဝမ်းနည်းပူဆွေးကာ

အရမ်းကို တုန်လှုပ်ခြောက်ခြားနေကြတယ်။

( ကိုဗလိုင် )

ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ ၆ နှစ်ပြည့် နာဂစ်နေ့အမှတ်တရ..။