onsdag den 30. april 2014

ကျနော်ပြောပြမယ်.....ကျနော်နှိုင်းပြမယ်

ကျနော်ပြောပြမယ်.....ကျနော်နှိုင်းပြမယ်

30. april 2014 kl. 21:53


ယူကြုံးကလည်းမရ အပူလုံးကလည်းမကျ

တမ်းတမ်းသသနဲ့ ဖြစ်နေချိန်မှာ

လူတချို့ဟာ ဖေ့ဘွတ်ထက်ကနေ

ရိုင်းစိုင်းလောက်တဲ့အသုံးနှုန်းတွေနဲ့

ပေးဆပ်သူကိုစော်ကား စော်ကားသူတွေကိုရှင်းပစ်ဖို့

ခဏလောက်ပဲဖြစ်ဖြစ် ကျနော်အာဏာရှင်ကြီးဖြစ်ချင်တယ်။

အမြင်မတူတိုင်း သဘောထားချင်းမတိုက်ဆိုင်တိုင်း

သဘောထားတင်းမာသူတိုင်း ကွန်မြူ  နစ်ဖြစ်ရောလား..။

ကျနော်ပြောပြမယ်.....

အဘဦးဝင်းတင်သဘောထားတင်းမာတာမှန်တယ်၊

ဒါပေမယ့်.....သူဟာ ပြည်သူ့အရေးကိုရှေးရှုတယ်။

နိုင်ငံကောင်းစားရေးအတွက် ပြတ်သားခဲ့တယ်။

ပြီးတော့......အာဏာရှင်စနစ်ကို

အမြစ်ဖြတ်ချင်တဲ့စိတ်ထားလှလှ အဘဆီမှာရှိတယ်..။

ကျနော်နှိုင်းပြမယ်.....

အခုအပြောင်းအလဲကိုသွားနေပါတယ်ဆိုတဲ့

ဖားတပိုင်း ငါးတပိုင်းစစ်အုပ်စုထဲမှာ

သဘောထားတင်းမာပြီး အပြောင်းလဲကိုမလိုချင်တဲ့

တိုင်းပြည်နဲ့ လူမျိုးကောင်းစားတာကိုမလိုချင်တဲ့

ပြည်တွင်းစစ်မီး ငြိမ်းသွားမှာကိုမလိုချင်တဲ့

သန်းရွှေစစ်အုပ်ချုပ်မှုကိုလိုလားနေတဲ့ စစ်ခွေးတွေနဲ့ စာရင်

အဘရဲ့ရပ်တည်ချက်နဲ့ သူတို့တတွေရဲ့လုပ်ရပ်ဟာ

မိုးနဲ့ မြေ- ဆီနဲ့ ရေလိုပါပဲ..။

အခုတော့.....အဘဆုံးသွားတာတောင်

ကောင်းရာသုဂတိလားပါစေလို့....မပြောချင်နေ

ဒါပေမယ့်......အဘဆုံးသွားတာကို

မကောင်းပြောနေသူတွေရဲ့

စိတ်နေသဘောထားကိုတော့ ကျနော်အရမ်းအံ့သြမိတယ်....ဗျာ။

( ကိုဗလိုင် )

အဘဦးဝင်းတင် ကောင်းရာသုဂတိလားပါစေ..။

 

tirsdag den 22. april 2014

စံပြုထိုက်တဲ့ အာဂသတ္တိရှင်

စံပြုထိုက်တဲ့ အာဂသတ္တိရှင်

21. april 2014 kl. 17:33


မယိုင်မလဲ ခိုင်မြဲတဲ့စိတ်ဓါတ်နဲ့

အာဏာရှင်တွေကို တစက်မှအလျှော့မပေးပဲ

ပြောစရာရှိတာကို ပြတ်ပြတ်သားသား

မကြောက်မရွံ့နဲ့ ရှင်းရှင်းဘွင်းဘွင်း

ရဲဝံ့စွာထုတ်ဖော်ပြောကြားရဲတဲ့ သတင်းစာဆရာကြီး။

သူဟာ......နောက်ဆုံးထွက်သက်ထိ

အသက်ဆုံးတိုင် အာဏာရှင်တွေကို တိုက်ပွဲဝင်သွားဝင်သွားခဲ့တယ်။

သူဟာ.......နိုင်ငံရေးသမားတွေအတွက်

မကြောက်တရားကို ရိုက်သွင်းပေးခဲ့တဲ့ သူရဲကောင်း။

သူဟာ........ပြည်သူတွေအတွက်

ရှေ့ဆုံးကနေ မားမားမတ်မတ်

ရပ်တည်ပေးခဲ့တဲ့ ဂုဏ်ပြုထိုက်သူ- သူရဲကောင်း။

သူဟာ.......တိုင်းပြည်အတွက်

ရဲရဲဝံ့ဝံ့ အာဏာရှင်တွေကို

ထောက်ပြဝေဖန်ရဲတဲ့ ဘဝကိုပေးဆပ်ခဲ့သူ- သူရဲကောင်း။

ပြီးတော့......သူဟာ

ဒူးမထောက် လက်မမြှောက်ပဲ

အာဏာရှင်မှန်သမျှကို သက်ဆုံးထက်ထိတိုင် တိုက်ပွဲဝင်ရဲတဲ့

စံပြုထိုက်သူ အာဂသတ္တိရှင်

သတင်းစာဆရာကြီး ဦးဝင်းတင်မဟုတ်ပါတကား။

( ကိုဗလိုင် )

မယိုင်မလဲ ခိုင်မြဲတဲ့စိတ်ဓါတ်နဲ့ အာဏာရှင်တွေကို တစက်မှအလျှော့မပေးပဲ

ပြောစရာရှိတာကို ပြတ်ပြတ်သားသားမကြောက်မရွံ့နဲ့ ဘွင်းဘွင်းရှင်းရှင်း

ရဲဝံ့စွာထုတ်ဖော်ပြောကြားရဲတဲ့ သတင်းစာဆရာကြီးဦးဝင်းတင် ကျဆုံးသွားတဲ့

အတွက် များစွာယူကြုံးမရဖြစ်ရပြီး ကျန်ရစ်သူမိသားစုများနဲ့ထပ်တူ ဝမ်းနည်းကြေ

ကွဲမိပါတယ်။ သတင်းစာဆရာကြီးဦးဝင်းတင်....ကောင်းရာသုဂတိလားပါစေ..။


 
 

ကျနော်သိသလောက် အဘဦးဝင်းတင်ရဲ့ထူးခြားချက်

ကျနော်သိသလောက် အဘဦးဝင်းတင်ရဲ့ထူးခြားချက်။    ။


၁- ညှင်းပမ်းနှိပ့်စက်မှုမျာနဲ့ နှစ်ပေါင်းများစွာ ထောင်တွင်းမှာနေခဲ့သည့်
တိုင်အောင် ထောင်ထဲကလွတ်လွတ်ခြင်း- နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ
ထောင်ထဲမှာကျန်နေသေးတဲ့အတွက်ကြောင့် ထောင်ထဲကလွတ်လာတာ
သူရှက်တယ်- တဲ့။ အဘဆိုလိုတာက နောက်ဆုံးမှသူ့ကိုလွှတ်ပေးစေလိုတဲ့
သဘောပါ- ဒါဟာ- ဘာသဘောကိုပြသ- သလဲဆိုတော့ အကြီးဆန်တဲ့သ
ဘောကိုပြသလိုက်တာပါပဲ..။

၂- နိုင်ငံရေးအကျဉ်းသားတွေအကုန်လုံးမလွတ်မြောက်မချင်း အပြာရောင်အင်္ကျီ
ကိုမချွတ်ပဲဝတ်ဆင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ- ငါလည်းမင်းတို့နဲ့အတူ-
ထောင်ကျနေတုန်းပဲဆိုတာကိုဖော်ကျူးပြသလိုက်တာပဲ..။

၃- ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင်ချင်းမတူ- သဘောထားချင်းမတိုက်ဆိုင်
တာတောင် သူတို့နှစ်ဦး အငြင်းခုံမရှိပဲ ခရီးတခုကိုအတူတူဆက်နေတာဟာ
ထူးခြာတဲ့သဘောကိုဆောင်နေပါတယ်။

၎- နိုင်ငံရေးသမားထက်- သတင်းစာဆရာဘဝကိုပိုမြတ်နိုးတယ်။

၅- ပြီးတော့..... ပြောစရာရှိရင် ဘယ်သူ့မျက်နှာမှမထောက်ဘူး။

၆- လက်ရှိ- အုပ်ချုပ်သူလူတန်းစားတွေအပေါ် လုံးဝအယုံကြည်မရှိဘူး။

torsdag den 10. april 2014

အတာ့ကို လွမ်းတယ်

အတာ့ကို လွမ်းတယ်

11. april 2014 kl. 12:19




နှစ်သစ်ဦး အခါသမယရဲ့

ဒီနှစ်- ဒီအချိန် ဒီအခါကိုရောက်ရင်ပေါ့....လေ

မလွမ်းဘယ်သူ မဆွေးဘယ်သူရှိနိုင်မလဲ......အတာရေ။

သင်္ကြန်မိုးလေး မြေသင်းမွှေး

သင်းပြပြနဲ့ အဆင်းလှတဲ့

ပန်းပိတောက်တွေရွှေရည်လူးရင်ဖြင့်

မရောက်တာကြာပြီဖြစ်တဲ့ အတာသင်္ကြန်ဆီ

မပြောတာကြာပြီဖြစ်တဲ့ အတာ့အကြောင်း

တစ်နှစ်တခါဆိုပါတော့

အပေါင်းသင်းများစုမိတဲ့ ဒီအချိန်ခါဆို

ပြောရင်းလွမ်းရင်း သောက်ရင်းစားရင်း

အပျော်အားထက်

အလွမ်းအားကို ပိုနေပြန်တာပေါ့.....အတာ။

သြော်......ခုနှစ်ခါ အတာသင်္ကြန်ပွဲတော်မှာ

ဒို့ပြည်သူတွေ စိတ်နှလုံးချမ်းမြေ့စွာနဲ့

အတီးအမှုတ်အကခုန် သံချပ်တွေနဲ့

ပျော်ပဲပျော်နိုင်ကြမလားလို့ ဆိုပြီး

မချိရင်ထဲ ဝေဒနာတွေကဲ

သတိယှဉ်တွဲ ဝေဒနာတွေစဲပေမယ့်

ငါတို့တတွေဟာ

ဘယ်ဆီဘယ်ဝယ်ကိုရောက်ရောက်

သင်္ကြန်ကိုတမ်းတစိတ်က နှစ်စဉ်လိုလိုပါပဲ

အပျော်အားထက် အမိမြေကို

လွမ်းဆွေးစိတ်တွေက ပိုလို့နေစဲပါပဲ......အတာရေ။

( ကိုဗလိုင် )

ကဗျာနဲ့ လိုက်ဖက်တဲ့ အတာ့ပုံအား ခွင့်ပြုချက်ရယူပြီးဖြစ်သည်..။





နှစ်သစ်ကူးမှာ ဆင်းရဲသားပြည်သူအပေါင်း ဆင်းရဲဒုက္ခ

ဘေးဆိုးအထွေထွေမှ လွတ်မြောက်ကြပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ..။

tirsdag den 8. april 2014

သင်္ကြန်…..သံချပ်

သင်္ကြန်…..သံချပ်

9. april 2014 kl. 04:46




၁- လွှတ်တော်ထဲကအမတ်တွေ လစာယူပြီးအိပ့်နေတာလား…......( လစာယူပြီးအိပ့်နေတာလား )



၂- ရွေးကောက်ပွဲမဝင်တဲ့စစ်ဗိုလ်တွေ...................( သန်းရွှေအမွေကိုဆက်ထိန်းနေလား ) ၂



၃- ဘိုးဘွားပိုင်တဲ့လယ်မြေတွေ................( တပ်ပိုင်ဆိုပြီး သိမ်းနေတာပဲ ) ၂



၎- သမီးလေးရွာကပြည်သူတွေ……............( မြန်မာပြည်မှာ နေစရာမရှိဘူး ) ၂



၅- တနေ့လုပ်လို့တနေ့မစားနိုင်...........( မြန်မာပြည်က ပြည်သူတွေပဲ ) ၂



၆- သမ္မတကြီးက သိန်းငါးဆယ်……………( အလုပ်သမားတွေမှာ တစ်သိန်းမကျော်ဘူး ) ၂



၇- စစ်ဖိနပ်အောက်ကပြည်သူတွေ............( ကုန်းကောက်စရာ ဘာမှမရှိဘူး ) ၂



၈- ဘဝဆိုးထဲကပြည်သူတွေ....................( အရေးဆိုပြီး ထွက်ပေါက်ရှာတော့ ) ၂



၉- နှစ်ယောင်းကုန်လို့နှစ်သစ်မှာ.................( တို့- ပြည်သူတွေ ငြိမ်းချမ်းပါစေ ) ၂



၁၀- မြန်မာနိုင်ငံကြီးအကျယ်ကြီးဆို.................( လျှောက်ပတ်ကြည့်တော့ ကျဉ်းကျဉ်းလေးပဲ ) ၂



ဟေ့- စိန်လား..........ဟေ့- မြလား..............ဟေ့- လာ........မောင်တို့..................ဝါး



( ကိုဗလိုင် )