tirsdag den 1. september 2015

နင်ပျော်မလား စိတ်ဆိုမလား ငါသိချင်တယ်အေးပုံရေ

နင်ပျော်မလား စိတ်ဆိုမလား ငါသိချင်တယ်အေးပုံရေ
=============================
လွမ်းကဗျာတွေစာတွေသီကုံးမဖြစ်တာကြာခဲ့ပေမယ့်

စိတ်အစဉ်က အမေနဲ့ရွာကိုလွမ်းနေမြဲပါလေ။

ပြီးတော့......အေးပုံရယ် သာအေးရယ် ဖိုးခွေးရယ်

ငါတို့တတွေ လိုက်တမ်းပြေးတမ်းဆော့ကစားခဲ့တာတွေ

ရွာကူးတံတားလေးပေါ်မှာ ရေဆော့ကစားခဲ့တာတွေကို

ယနေ့ထက်တိုင်မေ့ရက်နိုင်အားပဲ ပြန်မြင်ယောင်နေမိစဲပါကွယ်။

တို့ငယ်ငယ်တုန်းက ကျောင်းသွားအတူတူ

ကစားလည်းတူခဲ့တာမို့ အစားကြီးတဲ့နင့်ကိုလေ

ပိုလို့တောင်သတိရနေမိတယ်- အေးပုံရေ။

ဘာပဲပြောပြော ပညာအမွေပေး

ကကြီးခခွေးတွေသင်ပေးခဲ့တဲ့

မြတ်ဆရာတွေကိုလည်း သတိရနေစဲပါအေးပုံရေ။

ငါလေ- ဒီတခေါက်ရွာပြန်ရင် နင့်ကိုချစ်ရေးဆိုမယ်လို့

ငါ့ရဲ့စိတ်ကူး နင်များသိရင်ရီနေမလား။

ငါလေအမှန်တိုင်းပြောရရင်

ဟိုး......ငယ်ငယ်လေးကတည်းက

နင့်ကိုကြိတ်ပိုး ချစ်အားတွေပိုခဲ့ရသူပါ။

အခုဆိုအရွယ်တွေရောက်ပြီး အလှကြီးလှနေတဲ့နင့်ကိုလေ

ငါ့စိတ်ကူးထဲမှာပုံရိပ့်ဖော် ညအိပ့်ရာဝင်တိုင်း

နင့်ကိုလေ ခိုးခိုးပြီး နင်မသိအောင်နမ်းလို့လည်းတတ်နေပြီ- အေးပုံရေ။

ရွာမှာကွမ်းတောင်ကိုင်တဲ့ နင့်ကိုလေ

ဒီတခါရွာပြန်ရင်

နင်ရေခပ်ဆင်းတဲ့နေရာလေးမှာ ချစ်ရေးတွေဆို

ငါလည်းနင့်ကိုချစ်ပါတယ်လို့စကား နင်ပြောခဲ့ရင်

အမေ့ကိုခေါ်ပြီး လူကြီးတွေစုံရာနဲ့ လာတောင်းတဲ့ခါ

နင်ပျော်မလား စိတ်ဆိုမလား ငါသိချင်တယ်အေးပုံရေ။

( ကိုဗလိုင် ) ၁-၀၉-၂၀၁၅

Sy