mandag den 11. maj 2015

တစ်ခါသေဘူး- ပျ ဉ်ဖိုးနားလည်နိုင်ကြပါစေ

တစ်ခါသေဘူး- ပျ ဉ်ဖိုးနားလည်နိုင်ကြပါစေ



ခင်ဗျားတို့ခေါင်းဆောင်တွေ အရှုပ်တွေလုပ်နေပြီလို့ကျနော်မြင်တယ်။ တဆင့်ခြင်းသွားကြပါ။ နိုင်ငံတကာခေါင်းဆောင်တွေအရှေ့မှာ အပစ်ရပ်ရေးလက်မှတ်ကို

အရင်ပြီးအောင်ထိုးပါ။ ပြီးမှ- နိုင်ငံရေးအရ လိုအပ်တဲ့ရှေ့လုပ်ငန်းစဉ်တွေကိုအကောင်ထည်ဖော်ဆွေးနွေးကြပါ..။ အခုအပစ်ရပ်ရေးက ခင်ညွှန့်လက်ထက်တုန်းကလို

အပစ်ရပ်ရေးနဲ့မတူတာကသေချာတယ်။ ခင်ညွှတ့်လက်ထက်တုန်းကအပစ်ရပ်ရေးက- အခွင့်အရေးတွေပေး၊ လုပ်ပိုင်ခွင့်တွေပေးပြီ နိုင်ငံရေးလုပ်ငန်းစဉ်တွေမပါတဲ့ အပစ်ရပ်ရေးပါ..။ နိုင်ငံတကာရှေ့မှာပြုလုပ်ကြမယ့်အပစ်ရပ်ထားတဲ့ကာလမှာ ဘယ်သူကအပစ်ရပ်ရေးကိုစတင်ချိုးဖောက်သလဲဆိုတာ လေ့လာစောင့်ကြည့်ရေးအဖွဲ့နဲ့ အားလုံပါဝင်ပူးပေါင်းမယ့် လေ့လာစောင့်ကြည့်ရေးအဖွဲ့ကိုလည်းထား

ရှိမှာကိုသိရဲ့သားနဲ့ ဘာတွေသွေးပူပြီးစိုးရိမ်နေကြသလဲ။ စစ်တပ်ဘက်က အပစ်ရပ်ရေးကိုစတင်ချိုးဖောက်သလား၊ တိုင်းရင်းသားတွေဘက်က အပစ်ရပ်ရေးကိုချိုး

ဖောက်သလားဆိုတာ အဲဒီလေ့လာစောင့်ကြည့်ရေးအဖွဲ့က ဘယ်ဘက်ကစတင်ချိုးဖောက်သလဲဆိုတာစုံစမ်းမှုတွေပြုလုပ်မှာပါ..။ အပစ်ရပ်ရေးကိုချိုးဖောက်တဲ့ ဟိုဘက်ပဲဖြစ်ဖြစ်၊ ဒီဘက်ကပဲဖြစ်ဖြစ် ချိုးဖောက်ဘက်ကို အပစ်ပေးအရေးယူဆောင်ရွက်မှုတွေရှိလာမှာပါ။

အကယ်၍ အပစ်ရပ်ထားရဲ့နဲ့ အရင်ကအတိုင်း တပ်မတော်ဘက်က လူ့အခွင့်ရေးတွေချိုးဖောက်ပြီး မတရားတာလုပ်ရင် တပ်ပေါင်းစုအားနဲ့ စစ်အစိုးရပြုတ်ကျအောင်တိုက်ထုတ်ကြပေါ့။ တကယ်တိုက်ရင် နိုင်ငံတကာကလက်နက်အကူအညီတွေရရှိလာမှာပါ။ ဘာမှ

ကျွတ်နေစရာမလိုဘူး။ သူတို့လည်းဘာကောင်မှမဟုတ်သလို- ချင်ဗျားတို့လဲ ဘာကောင်မှမဟုတ်ဘူး။ ဟိုမရောက်ဒီမရောက်လုပ်ငန်းစဉ်တွေကြားမှာ ခင်ဗျားတို့

အသက်မပျောက်ဒုက္ခမရောက်ကြပေမယ့်၊ နယ်စပ်တိုင်းရင်းသားပြည်သူတွေက ဒုက္ခတွေရောက်ပြီး အသက်တွေပျောက်နေကြတယ်ဆိုတာကောသိကြပါရဲ့လား။ ကိုယ်ချင်း

စာနာစိတ်တော့ထားတတ်ကြမှပေါ့ဗျာ..။ နိုင်ငံရေးအရ အခုချိန်ခါမှာလိုချင်တာတွေအကုန်တောင်းဆိုလို့လို့မရသေးဘူးဆိုတာကိုကောနားလည်ကြရဲ့လား။ နိုင်ငံရေး-

စစ်ရေးကောသုံးသပ်တတ်ကြရဲ့လားဗျာ။ ခင်ဗျားတို့ဖြစ်ချင်တာတွေလုပ်ခဲ့ကြလို့လဲတိုင်းပြည်ကြီးက အခွံပဲကျန်တော့တယ်။ အခွံကြီးကျန်ပေမယ့်- နှစ်ဖက်ခေါင်းဆောင်

တွေက အထူးသဖြင့်- ချမ်းသာနေကြတယ်။ အဲဒါဘာကြောင့်လဲ- ခင်ဗျားတို့တတွေဖောက်ပြန်နေကြလို့ပဲ။ ခင်ဗျားတို့တတွေ အစည်းဝေးလုပ်ပြီး တိုင်းပြည်ကောင်း

အောင်ဖို့ဆိုပြီး ဟိုဖြည့်စွပ်- ဒါဖြည့်စွပ်မယ်ဆိုကာ ဟန်ရေးမပြနေပါနဲ့။ ခပ်ရှင်းရှင်းပြောရရင်-ခင်ဗျားတို့ထက်ကျုပ်တို့ပြည်သူတွေက တိုင်းပြည်ကိုပိုကောင်းစေချင်တယ်ဆိုတာယုံလိုက်ပါ။" ဝ "ထောင်ချေက်ထဲရောက်လိုက်- စစ်တပ်ထောင်ချောက်ထဲဆင်းသက်လိုက်နဲ့ အချိန်ကုန်ခံမနေပါနဲ့- စည်းစည်းရုံးရုံးနဲ့ လက်ချင်းခိုင်ခိုင်ဆက်ပြီး ကိုယ့်လမ်းကိုယ်ဖောက်ကြပါလို့- ရှမ်း၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊မွန်၊ မြန်မာ၊ ရခိုင် တိုင်းရင်းသားလက်နက်ကိုင်

ခေါင်းဆောင်တွေကိုတိုက်တွန်းလိုပါတယ်။ ကိုယ့်ဘက်ကညီညွှတ်ရင် အထွေမလိုဘူး- ကျုပ်တို့ဖြစ်ချင်တာ၊ ကျုပ်တို့တောင်းဆိုတာလိုက်လျှောရမှာပဲ။ ကျနော်တို့မညီညွှတ်လို့ အခုလိုရေရှည်ပြည်တွင်းစစ်ဝဲကတော့ထဲမှာ ကျုပ်တို့တိုင်းရင်းသားပြည်သူတွေရဲ့ဘဝတွေနစ်မြှပ်နေကြရတာပါ။ " ဝ " က စစ်အင်အာကြီးလျှက်နဲ့  အပစ်ရပ်ရေးမှာလက်မှတ်ထိုးတာမပါလို့- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်လိုချင်လို့ တိုင်းရင်းသားခေါင်းဆောင်တွေကိုဖိတ်

ကြားကာ ကချင်အကူညီကိုရယူပြီး အစည်းဝေးကိုကမကဌလုပ်ပြီးကျင်းပလိုက်တာကိုသိရှိဖို့လည်းအရေးကြီးပါတယ်။ လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ " ဝ " သမိုင်းနဲ့ ကိုးကန့်၊ ကချင်သမိုင်း

ကိုသိလျှက်နဲ့ တစ်ခါသေဘူးပျဉ်ဖိုးနားမလည်သေးရင်တော့- ခံလိုက်ကြဦးပေဦးတော့- ဗျို့။ နောက်ဆုံးအနေနဲ့ အကောင်းဆုံးဥပမာကိုပြောလိုတာက တချို့ခေါင်းဆောင်တွေက မိမိတို့လိုတာမရရင်- ဖျက်လိုဖျက်ဆီးလုပ်တတ်ကြပါတယ်။ ဆိုလိုတာက ခေါင်းဆောင်မဖြစ်ရင်

ပတ်မထိုးဖောက်တတ်တဲ့ မိုးသီးဇွန်တို့လိုပေါ့..။ " ဝ " ဆိုတာလည်း ၈၈ အရေးအခင်းအပြီး၊ စစ်အစိုးရက အခွင့်အရေးနည်းနည်းပေးလိုက်တာနဲ့ ရန်သူကစစ်လက်နက်အထောက်ကူပစ္စည်းတွေရယူပြီး   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ခင်ညွှတ်ကိုယ်တိုင်တိုက်ခိုင်းတာ ခံခဲ့

ကြတာတွေကိုမေ့ပလိုက်ပြီးလား။ " ဝ " နဲ့ ကိုးကန့်ကိုလူနည်းစုတိုင်းရင်းသားအဖြစ်အသိအမှတ်ပြုတယ်။ ဒါပေမယ့်- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တောင်းခံတာကိုတော့ အခုအချိန်မှာ တောင်းဆိုလို့မရသေးဘူး။ တိုင်းပြည်တည်ငြိမ်အေးချမ်းလာရင်- ခင်ဗျားတို့လူနည်းစုအရေးတွေ

ကို စားပွဲပေါ်မှာရှင်းပေးမယ်။ ဘာမှဒီအချိန်မှာ လာမတောင်းဆိုနေနဲ့ဦး။ ငါမှာလက်နက်အင်အား စစ်အင်အားရှိတယ်- တရုတ်လည်းကျောထောက်နောက်ခံထားတယ်ဆိုပြီး ခပ်ရိုင်းရိုင်းပြောရရင်လူပါးလာမဝနေနဲ့။  ကျနော်တို့လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေသိထားရမှာက ၁၉၈၉ မှာ အတိုက်ခံတွေရော၊ လက်နက်ကိုင်တွေပါ အင်အားတောင့်တင်းနေတဲ့အချိန်မှာ " ဝ " ခေါင်းဆောင်ပိုင်းတွေမှာနေရာရယူထားကြတဲ့ တရုတ်လူမျိုးတွေကို အခွင့်အရေးလေးပေးလိုက်တာနဲ့ အပစ်ရပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ( နဝတ )( နအဖ ) ရန်သူနဲ့ပူး

ပေါင်းပြီး အပြင်းထန်ထိုးစစ်ဆင်တိုက်ခဲ့ကြသလို- ကချင်ကလည်းဘာမပြောညာမပြောနဲ့ ၁၉၉၄မှာ အပစ်ရပ်ရေးသဘောတူစာချုပ်ကိုချုပ်ပြီးရန်သူနဲ့ပူးပေါင်းသွားတဲ့ သူတို့တတွေရဲ့လုပ်ရပ်တွေကို မေ့မထားကြဖို့အရေးကြီးပါတယ်။ စစ်တပ်ကတော့ပြောမနေနဲ့တော့။ သူတို့လက်ထဲမှာအာဏာရှိနေလို့သာ မချစ်သော်လည်းအောင့်

ကာနမ်းနေရတဲ့ဘဝတွေပါ။ တိုင်းပြည်ကိုအစိတ်စိတ်အမွှာမွှာပြိုကွဲအောင်လုပ်ခဲ့တဲ့တရားခံအစစ်ဟာ တပ်မတော်ပါ..။ တပ်မတော်ကို အပြတ်တိုက်ချင်တာပေါ့- ကိုယ့်ဘက်ကတော်လှန်နေရာရယူထားကြတဲ့ခေါင်းဆောင်တွေက ဖောက်ပြန်ရေးသမားတွေက ခပ်များများဆိုတော့

တိုက်လို့မနိုင်သေးလို့သာ၊ အောက်အီးပြီးစေ့စပ်ဆွေးနွေးညှိ့နှိုင်းတဲ့လမ်းကိုရွေးချယ်ပြီးသွားနေရတာပါ။ တိုင်းပြည်ကိုကောင်းစေချင်ရင်- ခင်ဗျားတို့ဆင်းပေးပြီး ကျုပ်တို့

ဦးဆောင်မှုအောက်မှာခဏလောက်နောက်လိုက်အဖြစ်နေကြည့်ပါ။ ခင်ဗျားတို့ထက်အဆ ၁၀၀ မကမကောင်းရင်လည်ဖြတ်ခံတယ်။ မလွတ်လပ်တဲ့နိုင်ငံတွေမှာ တော်လှန်ရေး- နိုင်ငံရေးလုပ်တယ်

ဆိုတာပေးဆပ်ရတယ်။ ပေးဆပ်စွန့်လွှတ်မှုတွေမရှိပဲတော်လှန်ရေး- နိုင်ငံရေးအမည်ခံပြီးချမ်းသာသွားတဲ့သူတွေတပုံကြီးရှိကြသလို- စစ်အာဏာရှင်စနစ်ဆိုးလက်

ထက်မှာလည်း စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သူတို့နဲ့နီးစပ်ကြတဲ့ခရိုနီတွေချမ်းသာကြီးပွါးသွားကြတာလည်းတပုံကြီးပါ..။ ဒါကြောင့်- တိုင်းပြည်နဲ့လူမျိုးကိုစေတနာမှန်နဲ့ချစ်ရင်- ပေးဆပ်ကြပါ၊အနစ်နာခံကြပါ- စွန့်လွှတ်အနစ်နာခံကြပါ။ ဖိနှိပ့်မှုအောက်ကလွတ်မြောက်ဖို့ ခေါင်းဆောင်တွေမှာပေးဆပ်စွန့်လွှတ်အနစ်နာခံမှုမရှိရင်- နောက်ထပ်နှစ်ပေါင် ၆၀ မပြောနဲ့။ နောက်ထပ်နှစ်ပေါင် ၁၀၀ တောင်အဲဒီနိုင်ငံက အဖိနှိပ့်ခံအောက်ကလွတ်မြောက်မှာမဟုတ်ကြဘူး။ ပြောရင်းနဲ့ဖီးလ်ဖြစ်သွားတယ်။ အားလုံးမကောင်းဘူးလို့မဆိုလိုပါ။ ရိုးသားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ရိုးသားတဲ့တိုင်းရင်းသားခေါင်းဆောင်အချို့တွေအနေနဲ့ မိမိအခွင့်အရေးကိုပဲသိကြတဲ့ အခွင့်ထူးခံ- အခွင့်ထူးစံလူတန်းစားတွေရဲ့ စစ်ရေး- နိုင်ငံရေးထောင်ချောက်ထဲကို ထပ်မံမဆင်းသက်မိဖို့နဲ့ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ်လမ်းကိုယ်လျှောက်နိုင်လျှင်ပိုမိုအဆင်ပြေချောမွေ့မည်ဖြစ်ကြောင်းတင်ပြရေးသားရင်း....သေဘူးခဲ့ကြသူများ တစ်ခါသေဘူး- ပျ ဉ်ဖိုးနားလည်နိုင်ကြပါစေ..။

( ကိုဗလိုင် )

မိခင်တစ်ယောက်ရဲ့ ခံစားချက်ကိုထိုးထွင်းသိမြင်နိုင်ကြပါစေ ( အမေများနေ့ - အမှတ်တရ )

မိခင်တစ်ယောက်ရဲ့ ခံစားချက်ကိုထိုးထွင်းသိမြင်နိုင်ကြပါစေ ( အမေများနေ့ - အမှတ်တရ )




သားရယ်.....မချစ်ပဲဘယ်နေပါ့မလဲ


သားတို့နဲ့ အမေခွဲပြီးကတည်းက


အမေ့ရင်ထဲမှာ ဘယ်လိုကြေကွဲခံစားခဲ့ရသလဲဆိုတာ


အမေသာအသိဆုံးပါ။


အဲဒီတုန်းကဆိုရင်ပေါ့လေ


လူမြင်မခံရဲတဲ့မျက်ရည်တွေဟာ


ညစဉ်ညတိုင်းလိုလိုပါပဲ


တိတ်တခိုးလေးနဲ့ ပါးပြင်ထက်ကလိမ့်ကျ


အိုကွယ်- အဲဒီညတွေအမြန်ဆုံးကျော်လွန်ပါစေလို့


အမေ့ရင်ထဲ ဆုတောင်းခဲ့ဘူးတယ်- သား


အခုလည်း ဆုတောင်နေမြဲပါ.....သား။


အကယ်၍ပေါ့လေ


ဒီဘဝမှာ အမေနဲ့သား


အတူပြန်မနေရတော့ဘူးဆိုရင်


နောင်ဘဝကနေ အမေသားကိုစောင့်နေမယ်လေ


ဘာလို့လဲဆိုတော့ အတူတူပြန်နေချင်သေးလို့ပါသားရယ်။


အခုလဲ သားကိုမောကြည့်ပြီး အမေ့ရင်ထဲမှာ ငိုနေတယ်- သား။


မခွဲခွါချင်ပဲ ခွဲခွါနေရတဲ့ ဘဝမှာအမပျော်ပါဘူး


ဒါပေမယ့် တာဝန်သိတဲ့ လူပီသချင်တဲ့စိတ်ကြောင့်


အမေ့ဘဝမှာ သားတို့ကိုထားရစ်ခဲ့ပေမယ့်


အမေ့စိတ်ကတော့ သားတို့ဆီမှာကျန်ရစ်နေတယ်ဆိုတာယုံပါ..။


ဒါပေမယ့်......အမေယုံကြည်နေတုန်းပဲ- သား


ဒီဘဝမှာ အမေနဲ့ သားမြေးလေးတွေပါ


အတူတူပြန်နေရဦးမယ်ဆိုတာကို


အမေယုံကြည်နေတုန်းပါပဲ.....သား။


( ကိုဗလိုင် )

ဤ ဓါတ်ပုံအားကြည့်ပြီး ရေးဖွဲ့သီကုံးထားခြင်းဖြစ်ပါသည်။

( မျှဝေခံစားနိုင်ပါစေ..)