mandag den 11. maj 2015

မိခင်တစ်ယောက်ရဲ့ ခံစားချက်ကိုထိုးထွင်းသိမြင်နိုင်ကြပါစေ ( အမေများနေ့ - အမှတ်တရ )

မိခင်တစ်ယောက်ရဲ့ ခံစားချက်ကိုထိုးထွင်းသိမြင်နိုင်ကြပါစေ ( အမေများနေ့ - အမှတ်တရ )




သားရယ်.....မချစ်ပဲဘယ်နေပါ့မလဲ


သားတို့နဲ့ အမေခွဲပြီးကတည်းက


အမေ့ရင်ထဲမှာ ဘယ်လိုကြေကွဲခံစားခဲ့ရသလဲဆိုတာ


အမေသာအသိဆုံးပါ။


အဲဒီတုန်းကဆိုရင်ပေါ့လေ


လူမြင်မခံရဲတဲ့မျက်ရည်တွေဟာ


ညစဉ်ညတိုင်းလိုလိုပါပဲ


တိတ်တခိုးလေးနဲ့ ပါးပြင်ထက်ကလိမ့်ကျ


အိုကွယ်- အဲဒီညတွေအမြန်ဆုံးကျော်လွန်ပါစေလို့


အမေ့ရင်ထဲ ဆုတောင်းခဲ့ဘူးတယ်- သား


အခုလည်း ဆုတောင်နေမြဲပါ.....သား။


အကယ်၍ပေါ့လေ


ဒီဘဝမှာ အမေနဲ့သား


အတူပြန်မနေရတော့ဘူးဆိုရင်


နောင်ဘဝကနေ အမေသားကိုစောင့်နေမယ်လေ


ဘာလို့လဲဆိုတော့ အတူတူပြန်နေချင်သေးလို့ပါသားရယ်။


အခုလဲ သားကိုမောကြည့်ပြီး အမေ့ရင်ထဲမှာ ငိုနေတယ်- သား။


မခွဲခွါချင်ပဲ ခွဲခွါနေရတဲ့ ဘဝမှာအမပျော်ပါဘူး


ဒါပေမယ့် တာဝန်သိတဲ့ လူပီသချင်တဲ့စိတ်ကြောင့်


အမေ့ဘဝမှာ သားတို့ကိုထားရစ်ခဲ့ပေမယ့်


အမေ့စိတ်ကတော့ သားတို့ဆီမှာကျန်ရစ်နေတယ်ဆိုတာယုံပါ..။


ဒါပေမယ့်......အမေယုံကြည်နေတုန်းပဲ- သား


ဒီဘဝမှာ အမေနဲ့ သားမြေးလေးတွေပါ


အတူတူပြန်နေရဦးမယ်ဆိုတာကို


အမေယုံကြည်နေတုန်းပါပဲ.....သား။


( ကိုဗလိုင် )

ဤ ဓါတ်ပုံအားကြည့်ပြီး ရေးဖွဲ့သီကုံးထားခြင်းဖြစ်ပါသည်။

( မျှဝေခံစားနိုင်ပါစေ..)

Ingen kommentarer:

Send en kommentar