နင်ပျော်မလား စိတ်ဆိုမလား ငါသိချင်တယ်အေးပုံရေ
=============================
လွမ်းကဗျာတွေစာတွေသီကုံးမဖြစ်တာကြာခဲ့ပေမယ့်
စိတ်အစဉ်က အမေနဲ့ရွာကိုလွမ်းနေမြဲပါလေ။
ပြီးတော့......အေးပုံရယ် သာအေးရယ် ဖိုးခွေးရယ်
ငါတို့တတွေ လိုက်တမ်းပြေးတမ်းဆော့ကစားခဲ့တာတွေ
ရွာကူးတံတားလေးပေါ်မှာ ရေဆော့ကစားခဲ့တာတွေကို
ယနေ့ထက်တိုင်မေ့ရက်နိုင်အားပဲ ပြန်မြင်ယောင်နေမိစဲပါကွယ်။
တို့ငယ်ငယ်တုန်းက ကျောင်းသွားအတူတူ
ကစားလည်းတူခဲ့တာမို့ အစားကြီးတဲ့နင့်ကိုလေ
ပိုလို့တောင်သတိရနေမိတယ်- အေးပုံရေ။
ဘာပဲပြောပြော ပညာအမွေပေး
ကကြီးခခွေးတွေသင်ပေးခဲ့တဲ့
မြတ်ဆရာတွေကိုလည်း သတိရနေစဲပါအေးပုံရေ။
ငါလေ- ဒီတခေါက်ရွာပြန်ရင် နင့်ကိုချစ်ရေးဆိုမယ်လို့
ငါ့ရဲ့စိတ်ကူး နင်များသိရင်ရီနေမလား။
ငါလေအမှန်တိုင်းပြောရရင်
ဟိုး......ငယ်ငယ်လေးကတည်းက
နင့်ကိုကြိတ်ပိုး ချစ်အားတွေပိုခဲ့ရသူပါ။
အခုဆိုအရွယ်တွေရောက်ပြီး အလှကြီးလှနေတဲ့နင့်ကိုလေ
ငါ့စိတ်ကူးထဲမှာပုံရိပ့်ဖော် ညအိပ့်ရာဝင်တိုင်း
နင့်ကိုလေ ခိုးခိုးပြီး နင်မသိအောင်နမ်းလို့လည်းတတ်နေပြီ- အေးပုံရေ။
ရွာမှာကွမ်းတောင်ကိုင်တဲ့ နင့်ကိုလေ
ဒီတခါရွာပြန်ရင်
နင်ရေခပ်ဆင်းတဲ့နေရာလေးမှာ ချစ်ရေးတွေဆို
ငါလည်းနင့်ကိုချစ်ပါတယ်လို့စကား နင်ပြောခဲ့ရင်
အမေ့ကိုခေါ်ပြီး လူကြီးတွေစုံရာနဲ့ လာတောင်းတဲ့ခါ
နင်ပျော်မလား စိတ်ဆိုမလား ငါသိချင်တယ်အေးပုံရေ။
( ကိုဗလိုင် ) ၁-၀၉-၂၀၁၅

Ingen kommentarer:
Send en kommentar