torsdag den 4. juni 2015

ဒေါ်လေးရေ....

ဒေါ်လေးရေ....



မတရားမှုတွေမိုက်ရိုင်းကာထွားကြိုင်း

တရားမျှတမှုတွေဆိတ်သုန်းလို့ပျောက်ကွယ်နေတဲ့ခေတ်ကြီးထဲ

အချောင်သမားတွေကြီးစိုးမင်းမူနေလေတော့

အဲဒီတိုင်းပြည်ထဲကပြည်သူအများရဲ့ ဘ၀ဖြစ်စဉ်တွေဟာ

နေထိပန်းလိုငြိုးနွမ်းပြီးငိုကြွေးနေတယ်- ဒေါ်လေးရေ။

ဒီလိုပါပဲ....လူလူချင်းနှိပ့်စက်ညှင်းပမ်းအကျဉ်းချမှ

အိပ့်ပျော်စားဝင်ချင်တဲ့ ငမိုက်သားတွေဟာ

မကောင်းမှုကိုအဖော်ပြု  ကောင်းသူဖယ်

မကောင်းသူကိုငယ်ကျွန်လိုအသုံးချ

လောဘမောဟဇောတွေတက်ကာ

မရှိပါဘူးဆိုတဲ့ မရှိဆင်းရဲသားတွေဆီက

ရသမျှကိုသိမ်းကြုံးယူနေပြန်တယ်- ဒေါ်လေးရေ။

နူရာဝဲစွဲ လဲရာသူခိုးထောင်းဘ၀နဲ့

ခိုကိုးရာမဲ့နေကြတဲ့ပြည်သူအများဟာ

အနာဂတ်တွေပျောက်ဆုံး

နေ့ရက်တွေသာကုန်ဆုံးသွားတယ် တနေ့တနေ့

ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိဖြစ်နေကြပြီ- ဒေါ်လေးရေ။

ကြားဘူးပါတယ်- ဒေါ်လေးရေ

လူ့ဘ၀ဆိုတာရခဲတယ်လို့.....

ခိုကိုးရာမဲ့ပြီး

စားရမဲ့ သောက်ရမဲ့ဘ၀မှာ လူဖြစ်ရှူံးနေလေတော့

တခါတခါစဉ်းစားမိတယ် ရခဲပါတယ်ဆိုတဲ့လူ့ဘ၀ကြီးကို

အမှန်အတိုင်းပြောရင် မလိုချင်တော့ဘူး- ဒေါ်လေးရေ။

( ကိုဗလိုင် )

Ingen kommentarer:

Send en kommentar