torsdag den 18. juni 2015

သင်ဟာဘယ်လိုလူလဲ ( နှစ် ၇၀ ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့- အမှတ်တရ )

သင်ဟာဘယ်လိုလူလဲ ( နှစ် ၇၀ ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့- အမှတ်တရ )



အသိဥာဏ်ရှိပြီး

ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်လာတဲ့

လနှစ်ချောင်းပင်နဲ့ လူဆိုတာ

လူသားတွေကောင်းကျိုးအတွက်

ကိုယ်တတ်နိုင်တဲ့ဘက်ကနေ

လောကကိုအလှဆင်ဖို့

လောကရဲ့အကျိုး ထမ်းသည်ပိုးရတယ်။

လူဖြစ်ပေမယ့် အသိဥာဏ်မဲ့ပြီး

ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်နေပေမယ့်

အဲဒီ......လနှစ်ချောင်းပင်နဲ့ လူတွေဟာ

မကောင်းမှုဒုစရိုက်တွေနဲ့ ကျင်လည်မွေ့ပျော်

ပြီးတော့- လူပေါ်လူဇော်တွေလုပ်ကာ

လူအချင်းချင်း နှိပ့်စက်ခြင်း

လူအချင်းချင်း မတရားဖမ်းဆီးထောင်ချခြင်း

လူလူချင်း မနာလိုမုန်းတီးရန်ချောက်တွန်းခြင်း

လူကိုလူခြင်း သတ်ဖြတ်ခြင်း

လူသားအချင်းချင်း မတရားခိုင်းစေချင်း

လူသားအချင်းချင်း စစ်မက်ဖြစ်ပွါးအောင်ဖန်တီးပေးခြင်း

လူလူချင်း အမုန်းပွါးအောင်ရန်တိုက်ပေးခြင်း

လူလူချင်း ပဋိပက္ခဖြစ်အောင်သွေးထိုးလှုပ်ဆော်ခြင်းတွေပြုလုပ်ပြီး

လောကကောင်းကျိုးမှန်သမျှ  ဖျက်လိုဖျက်ဆီးလုပ်ကာ

မိမိတို့ရဲ့အတ္တအကျိုးကိုသာထမ်းသယ်ပိုးကြတယ်။

အဲဒီလူတွေထဲမှာ သင်ဟာဘယ်လိုလူလဲ..။

( ကိုဗလိုင် )

( နှစ် ၇၀ ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့- အမှတ်တရ )





မွေးနေ့ရှင်- ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ပြည့်စုံစေပြီး၊

ဆထက်တံပိုးတိုင်းကျိုးတာဝန်ထမ်းရွက်ဆောင်နိုင်စေကာ- အသက်ရာကျော်ရှည်ပါစေ..။

Ingen kommentarer:

Send en kommentar