onsdag den 15. juli 2015

ဒါတွေကို......ဆေးရုံထက်ကကိုအောင်သောင်းကြားသိနိုင်ပါစေ

ဒါတွေကို......ဆေးရုံထက်ကကိုအောင်သောင်းကြားသိနိုင်ပါစေ



လူ့လောကကိုအလည်ရောက်လာကြတဲ့တခဏ


လူဆိုတာ......အပုပ်ကောင်ကို သရုပ်ဆောင်နေကြသလို


ဘ၀ဆိုတာဟာလည်း


ဖြစ်ခြင်းပျက်ခြင်းသဘောကိုပဲဆောင်တယ်- ကိုအောင်သောင်း။


ဒါကြောင့်- ရတောင့်ရခဲလူ့ဘ၀မှာ


လူဆိုတဲ့ကျင့်စဉ်ကို ကျင့်တတ်ဖို့လိုပါတယ်။


မိမိတို့ရဲ့ဆင်ခြင်တုံတရားမရှိခြင်းကြောင့်


လူလူချင်းနှိပ့်စက်ညှင်းပမ်းပြီး လူလူချင်းခေါင်းပုံဖြတ်ကာ


လူကိုလူခြင်းမတရားနိုင်ထက်စီးနင်း ပြု နေသ၍ကတော့


အဲဒီကတန်ပြန်လာမယ့်မကောင်းမှုဒုစရိုက်ဒဏ်တွေကို ပြု သူတွေသာခံရမယ်နော်။


ခင်ဗျားတို့ကိုယ်စား ကျနော်ခံပေးပါ့မယ်


ကျမခံပေးမယ်ဆိုပြီး အစားထိုး ခံပေး၍မရ။


ငွေရှိလို့ငွေပေးပြီး အခြားသူတစ်ယောက်ကိုလည်း....အစားထိုးခံခိုင်းလို့မရ။


ခင်ဗျားတို့တတွေ ကိုယ်မသေခင်မကြွေခင်အချိန်လေးတွင်းမှာ


အရမ်းကြောက်စရာကောင်းတဲ့ ၃၁ ဘုံဆိုတဲ့


သံသရာစက်ဝန်းအကြောင်း ခပ်ကောင်းကောင်းသိထားကြရင်....


ဘ၀နေမ၀င်ချိန်မှာ ခင်ဗျားတို့ပြု ခဲ့သမျှ အမှားတွေကို


ခံသူဘက်ကခွင့်လွှတ်မလွှတ်လွှတ် တောင်းပန်ရမှာပဲ..။


ပြီးတော့......ခင်ဗျားတို့ရဲ့ မတရားပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေကိုလည်း


နိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ လိုအပ်နေတဲ့


လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ စီးပွါးရေးလုပ်ငန်းတွေမှာ


မိမိတတ်နိုင်သလောက် လူသားတွေအတွက် ကောင်းကျိုးပြု သွားပေးကြပါ..။


ဒါဟာ- မီးဇာကုန်ဆီခန်းတော့မယ့် ခင်ဗျားတို့ဘ၀အတွက်


အကောင်းဆုံးနည်းလမ်းပဲ- ကိုအောင်သောင်း။


ခင်ဗျားတို့ရှာခဲ့သမျှတွေဟာ တမလွန်ဘ၀ကိုသယ်သွားလို့မရမယ့်အတူတူ


ပေးသင့်ပေးထိုက်သူတွေကိုလိုအပ်သလောက်ပေးပြီး


ကျန်တာတွေကို ခင်ဗျားတို့ဘ၀ကောင်းနိုးကောင်းရာအတွက်


ကောင်းမှုဒါနလေးတွေပြုလုပ်သွားကြလို့


မေတ္တာစေတနာဖြင့်........အသိပေးနိုးဆော်လိုက်ပါတယ်။


( ကိုဗလိုင် )

ဒီစာကိုဖတ်ပြီး ချိတ်ထမီဝတ်ခင်ဗျားတို့အသိုင်းဝိုင်း တွေးသိမြင်တတ်ပါစေ။

ပြီးတော့......ခင်ဗျားနဲ့ ခင်ဗျားရဲ့အသိုင်းဝိုင်းအားလုံး ပြု ခဲ့သမျှအမှားတွေအတွက်နောင်တရနိုင်ကြပါစေ။





Ingen kommentarer:

Send en kommentar